
အောင်မြေသာစံ၊ နိုဝင်ဘာ ၁၆
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်အတွင်းရှိ ဆရာတော်သံဃာတော်(၂၀၆)ပါးတို့အား ရည်မှန်းပြီး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ဦးဆောင်မှုဖြင့် မန္တလေးမြို့နေမြန်မာပြည်ဖွားတရုတ်အမျိုးသား၊ အမျိုးသမီးများ၏ (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၈၀၊ ၃၁× ၃၂လမ်းကြားရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ ခင်မကန်တိုက်၊ ကထိန်တော်ကျောင်း၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတာ် ဦးပညာသီရိဘိဝံသက သီလပေးတရားနှင့် ရေစက်ချတရား နာယူကြည်ညိုကြသည်။
ထို့နောက် အရှေ့ခင်မကန်ကျောင်းတိုက်အတွင်းရှိ ဆရာတော်သံဃာတော်(၂၀၆)ပါးတို့အား ရည်မှန်းပြီး တိုက်အုပ်ဆရာတော် ဦးသုဇနထံ ကထိန်လျာဉာတ်သင်္ကန်းကို ယူနန်၊ ဖူကျင့်၊ ကွမ်းတုံ၊ လူမျိုးစု၊ တရုတ်အမျိုးသမီးရေးရာအသင်းနှင့် ကြင်းတောယန်ဗုဒ္ဓဘာသာပရဟိတအသင်းတို့မှ မန္တလေးမြို့နေ မြန်မာပြည်ဖွားတရုတ်အမျိုးသား/အမျိုးသမီးများက ဆက်ကပ်လှူဒါန်းကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတန်ဖိုး ၇၄၄ သိန်း ခြောက်သောင်းတန်ဖိုးရှိ သင်္ကန်းအစရှိသာ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လောင်းလှူကြကြောင်း သိရသည်။
မြင့်မော်ထွန်း
#Myanmar #News