
ဆန်းကျန့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၌ သုညမှ စတင် တည်ဆောက်ခဲ့သော ဘက်ထရီ အနုတ်ငုတ်တိုင် စက်ရုံတစ်ခုမှသည် ကွာလာလမ်ပူမြို့မှ ခွဲစိတ်ကုသခန်းအတွင်းရှိ ခွဲစိတ်စက်ရုပ်တစ်ခု၊ ထိုင်းနိုင်ငံ၏ ရာစုနှစ်တစ်ခုသက်တမ်းရှိ တက္ကသိုလ်တစ်ခု၏ ခေါင်မိုးပေါ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများအထိ တရုတ်နိုင်ငံ တောင်ပိုင်း နည်းပညာ အချက်အချာမြို့ဖြစ်သော ဆန်းကျန့်မှ ကုမ္ပဏီလုပ်ငန်းများသည် အာရှ-ပစိဖိတ် ဒေသတစ်ဝန်းတွင် ဖြန့်ကြက်တည်ရှိခဲ့ကြသည်။
လာမည့် သီတင်းပတ်တွင် ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့သည် “ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပမည် ဖြစ်ရာ ဆန်းကျန့်မြို့က ကိုယ်စားပြုသော ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းသည် စင်မြင့်ပေါ်အဓိကနေရာမှ ပါဝင်လာမည်ဖြစ်သည်။
ကိန်းဂဏန်းများမှာ အလွန်ထင်ရှားအရေးပါလှသည်။ အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေးဌာန၏ စာရင်းအင်းအရ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အခြား APEC အဖွဲ့ဝင်များနှင့် ကုန်စည်ကုန်သွယ်မှုပမာဏသည် တရုတ်ယွမ် ၂၆.၂၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၉ ထရီလီယံခန့်) အထိ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါး ဖြစ်သည်။ အဆင့်မြင့်နည်းပညာ ကုန်ပစ္စည်းများသည် ပိုမိုခိုင်မာသော ချိတ်ဆက်မှု ဖြစ်လာသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အခြား APEC အဖွဲ့ဝင်များထံသို့ အဆင့်မြင့်နည်းပညာ ထုတ်ကုန်များ တင်ပို့မှုသည် ၈.၁ ရာခိုင်နှုန်း တိုးမြင့်ကာ တရုတ်ယွမ် ၄.၆၃ ထရီလီယံအထိ ရောက်ရှိခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261115/10e8af6eb88149a6a56b94502630d0f1/c.html






........................................
(Chinese Version)
Xinhua Headlines: How Chinese innovation drives shared growth from Shenzhen to Asia-Pacific
SHENZHEN, Nov. 14 (Xinhua) -- From a battery anode materials plant built from scratch in Indonesia to a surgical robot in a Kuala Lumpur operating room and solar panels atop a century-old Thai university, companies from China's southern tech hub of Shenzhen have established a presence across the Asia-Pacific region.
Next week, as Shenzhen in Guangdong Province hosts the 33rd APEC Economic Leaders' Meeting under the theme "Building an Asia-Pacific Community to Prosper Together," the innovative, collaborative approach that Shenzhen embodies will take center stage.
The numbers are significant. China's goods trade with other APEC members reached 26.29 trillion yuan (about 3.9 trillion U.S. dollars) in 2025, or nearly 60 percent of its total foreign trade, according to the General Administration of Customs. High-tech goods are an increasingly strong link: China's exports of such products to other APEC members rose 8.1 percent to 4.63 trillion yuan in 2025.
https://english.news.cn/20261115/10e8af6eb88149a6a56b94502630d0f1/c.html
Photo Caption 1: This photo taken on Nov. 3, 2026 shows an APEC-themed installation at a park in Shenzhen, south China's Guangdong Province. (Xinhua/Mao Siqian)
Photo Caption 2: A drone photo shows an exterior view of PT Indonesia BTR New Energy Material (PT BTR) at Kendal Industrial Park in Central Java province, Indonesia, Aug. 7, 2024. (Xinhua/Xu Qin)