
ဆန်းကျန့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေးသို့ Fortune Global 500 စာရင်းဝင် ကုမ္ပဏီ ၁၁၅ ခုမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) က နိုဝင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှအပ အခြားစီးပွားရေးနယ်ပယ်များမှ ပါဝင်တက်ရောက်လာမည့် ကုမ္ပဏီများအနက် အမေရိကန်ကုမ္ပဏီများက အများဆုံးဖြစ်ပြီး စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနီးပါး ရှိကြောင်း CCPIT ဒုတိယဥက္ကဋ္ဌ လီချင့်စွမ်း က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါထိပ်သီးအစည်းအဝေးသို့ နိုင်ငံတကာအဖွဲ့အစည်းအများအပြားမှ အကြီးအကဲများ၊ အမေရိကန်၊ ရုရှား၊ ဂျပန်နှင့် အခြားစီးပွားရေးများမှ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဟု လီ က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
Representatives from 115 Fortune Global 500 companies to attend APEC CEO Summit 2026
SHENZHEN, Nov. 15 (Xinhua) -- Representatives from 115 Fortune Global 500 companies will attend the Asia-Pacific Economic Cooperation (APEC) CEO Summit 2026, the China Council for the Promotion of International Trade (CCPIT) said Sunday.
U.S. companies make up the largest group among participating companies from economies other than China, accounting for nearly 20 percent of the total, said Li Qingshuang, vice chairperson of the CCPIT, at a press conference.
Heads of several international organizations, as well as leaders of business associations from the United States, Russia, Japan and other economies, will also attend the summit, Li said. ■
Photo captions: This photo taken on Nov. 15, 2026 shows a scene at a press conference held at the media center for the Asia-Pacific Economic Cooperation (APEC) Economic Leaders' Week in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)


