နိုဝင်ဘာ ၁၆
ဂါဇာဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအလွန်ဆိုးရွားနေပြီဟု ဩစတြေးလျ၊ ကနေဒါ၊ အီတလီနှင့် ဗြိတိန်နိုင်ငံတို့က ဖော်ပြကာ အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီများကို ဂါဇာဒေသအတွင်းသို့ ချက်ချင်းဝင်ရောက်ခွင့်ပြုရန် အစ္စရေးနိုင်ငံကို ယနေ့တွင် တိုက်တွန်းခဲ့ကြသည်။
နိုင်ငံလေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ဆောင်းရာသီ စတင်ဝင်ရောက်လာချိန်တွင် ဂါဇာဒေသရှိ ပြည်သူများ နေထိုင်ခိုလှုံရန် အမိုးအကာများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဂါဇာဒေသတစ်ဝန်းလုံးသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အမြန်ဆုံး၊ ချက်ချင်းနှင့် အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် နှောင့်နှေးကြန့်ကြာမှုများကို ချက်ချင်းရပ်တန့်ပေးရန် အစ္စရေးအစိုးရကို ယနေ့တိုက်တွန်းကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဝန်ကြီးများ၏ ပြောကြားချက်အရ ရွက်ဖျင်တဲအလုံးရေ ၁၅၀၀၀၀ အပါအဝင် အရေးပါသော အထောက်အပံ့ပစ္စည်းများကို နယ်စပ်ဒေသတွင် ထိန်းသိမ်းထားပြီး ဂါဇာဒေသအတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ တားဆီးထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို