Xinhua Myanmar

၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖိလစ်ပိုင်၌ ဖွင့်လှစ်ကျင်းပ

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ အာဆီယံထိပ်သီးအစည်းအဝေး မီဒီယာစင်တာတွင် ထိပ်သီးအစည်းအဝေး အမှတ်သင်္ကေတကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံအသီးသီးမှ အကြီးအကဲများက စွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စသည့်အကြောင်းအရာများကို အဓိကထား ဆွေးနွေးဖလှယ်သွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် အသစ်ပြင်ဆင်ထားသော အာဆီယံအမှတ်တံဆိပ်အား ထုတ်ပြန်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံက ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တရားဝင်ဖြစ်လာမှုကို ကြိုဆိုရန်အတွက် အဆိုပါအမှတ်တံဆိပ်တွင် စပါးနှံ ၁၁ ခု ပါဝင်လာသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ မားကို့စ်သည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn ထံသို့ နိုဝင်ဘာ ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် “အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက်” စာရွက်စာတမ်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရားဝင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။

၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ မနီလာမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ မားကို့စ်က ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား၌ အာဆီယံနိုင်ငံများအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်စီမံသင့်ကြောင်း ပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် ဘရာဇီးနိုင်ငံ သမ္မတ လူလာ တို့က ဥက္ကဋ္ဌနိုင်ငံ ဧည့်သည်တော်အနေဖြင့် တက်ရောက်ခဲ့သည်။

အာဆီယံကို ၁၉၆၇ နှစ်တွင် ထူထောင်ခဲ့ပြီး လက်ရှိအဖွဲ့ဝင်နိုင်ငံများတွင် အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် အရှေ့တီမော စသည့် ၁၁ နိုင်ငံ ပါဝင်သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အရှေ့တီမောနိုင်ငံက အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ တရားဝင်ဖြစ်လာခဲ့သည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ၌ ကျင်းပသော ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ မားကို့စ်အား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

第49届东盟峰会在菲律宾开幕

新华社马尼拉11月15日电(记者张怡晟 赵晨捷)第49届东盟峰会15日在菲律宾首都马尼拉开幕。东盟各国领导人将重点围绕能源安全、粮食安全及经济合作等议题开展交流。  

开幕式上发布更新版东盟徽标,图案包含11穗稻子,以欢迎东帝汶正式成为东盟第11个成员国。  

东盟轮值主席国菲律宾总统马科斯向东盟秘书长高金洪移交14日签署的《东盟数字经济框架协议》文本。东盟秘书处介绍说,该协议预计于2027年初正式生效。  

第49届东盟峰会及系列会议于11月15日至17日在马尼拉举行。马科斯在开幕致辞中表示,东盟各国应当加强区域合作,共同应对发展挑战。加拿大总理卡尼和巴西总统卢拉以主席国嘉宾身份出席开幕式。  

东盟成立于1967年,现成员国包括印度尼西亚、泰国、新加坡、菲律宾、文莱、马来西亚、越南、老挝、柬埔寨、缅甸、东帝汶11国。在2025年10月举办的第47届东盟峰会上,东帝汶正式成为东盟成员国。(完)

图说1:这是11月15日在菲律宾首都马尼拉的东盟峰会媒体中心拍摄的峰会标识。新华社记者 陈泽国 摄

图说2:11月15日,在菲律宾首都马尼拉,东盟轮值主席国菲律宾总统马科斯在第49届东盟峰会开幕式上致辞。新华社记者 陈泽国 摄

မူရင်းသတင်း — Xinhua Myanmar