
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့သည် လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည့် အာရှ-ပစိဖိတ် ခေါင်းဆောင်များအား ကြိုဆိုရန် ပြင်ဆင်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် အဆိုပါအစည်းအဝေးကို အိမ်ရှင်အဖြစ် တတိယအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်ရာ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ဆယ်စုနှစ်များစွာ ပါဝင်ခဲ့သည့် တရုတ်နိုင်ငံ၏ နောက်ထပ်မှတ်တိုင်သစ်တစ်ခုလည်းဖြစ်သည်။
လွန်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရှန်ဟိုင်းမြို့နှင့် နိုင်ငံမြောက်ပိုင်းရှိ ပေကျင်းမြို့တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ဆန်းကျန့်မြို့တွင် လက်ခံကျင်းပသွားမည်ဖြစ်ရာ နိုင်ငံတကာကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် လေ့လာသင်ယူနေသည့် အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော အားဖြည့်ပံ့ပိုးပေးသူအဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍသစ်များကို ပိုမိုတက်ကြွစွာ ရှေ့ဆောင်သူအဖြစ်လည်းကောင်း တရုတ်နိုင်ငံ၏ တိုးတက်ပြောင်းလဲလာသည့် အခန်းကဏ္ဍကို ထင်ဟပ်ပြသလျက်ရှိသည်။
၂၀၀၁ ခုနှစ်က ရှန်ဟိုင်းမြို့တွင် APEC ခေါင်းဆောင်များ စုဝေးရောက်ရှိခဲ့ချိန်ကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် ထိုစဉ်က အာရှဒေသသည် ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းကာလများတွင် ကြုံတွေ့ခဲ့ရသည့် ဘဏ္ဍာရေးအကျပ်အတည်းမှ ပြန်လည်နာလန်ထူ အရှိန်ယူနေဆဲကာလဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ဝင်ရောက်ရန် ရက်ပိုင်းအလိုကာလဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261114/a44160bcb65644b4b27dc387bd5a3e0a/c.html
..................................
(English Version)
Explainer: APEC host China's evolving role in regional economic cooperation
BEIJING, Nov. 14 (Xinhua) -- As the city of Shenzhen, located in south China's Guangdong Province, prepares to welcome Asia-Pacific leaders for the APEC Economic Leaders' Meeting next week, China is set to host this gathering for the third time, marking another milestone in its decades-long engagement with regional economic cooperation.
Over the past 25 years, east China's Shanghai, Beijing in north China and now Shenzhen have served as host cities, tracing the country's evolving role from a participant learning to align with international trade rules to an important contributor to regional cooperation and an increasingly active pioneer of new areas of growth.
Looking back to 2001, when APEC leaders gathered in Shanghai, Asia was still recovering from the financial crisis of the late 1990s, and China was days away from joining the World Trade Organization (WTO).
https://english.news.cn/20261114/a44160bcb65644b4b27dc387bd5a3e0a/c.html
Photo caption: People walk past an APEC-themed installation at Gangxia North Metro Station in Shenzhen, south China's Guangdong Province, Oct. 25, 2026. (Xinhua/Mao Siqian)