Xinhua Myanmar

ဂျပန်နိုင်ငံ၏ နျူကလီးယားဆိုင်ရာ ရည်မှန်းချက်များကို ရှုတ်ချကြောင်း KCNA ဆောင်းပါးထုတ်ပြန်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အအုံရှေ့တွင် ဆိုင်းဘုတ်များကိုင်ဆောင်၍ စုဝေးဆန္ဒပြနေသူများကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဂျပန်အစိုးရသည် ယခုနှစ်အတွင်း ပြင်ဆင်မည့် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများတွင် “အရေးပေါ်အခြေအနေ ဖြစ်ပေါ်ချိန်တွင် နျူကလီးယားလက်နက်များ သယ်ဆောင်ဝင်ရောက်ခွင့်ပြုမည့်” “ခြွင်းချက် အခြေအနေ" ကို ထည့်သွင်းရန် စီစဉ်နေခြင်းကို မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) က နိုဝင်ဘာ ၁၅ ရက်တွင် သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ထုတ်ပြန်၍ ရှုတ်ချခဲ့ပြီး ဂျပန်ဘက်၏ ဤကြံစည်ကြိုးပမ်းမှုသည် “၎င်း၏ နျူကလီးယား ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အစပျိုးမှု” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဆောင်းပါးတွင် “ဂျပန်သည် စစ်ပြီးကာလ နိုင်ငံတကာ စည်းစနစ်ကို ဖျက်ဆီးရန်နှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာကို ပြောင်းလဲရန် ရည်ရွယ်သည့် စစ်ဝါဒအသစ်၏ အန္တရာယ်ရှိ လုပ်ဆောင်မှုသည် နျူကလီးယား ရည်မှန်းချက်ကို အကောင်အထည်ဖော်ရေးဆီသို့ ဦးတည်တိုးတက်လာနေပြီ ဖြစ်သည်” ဟူ၍ ရေးသားဖော်ပြထားသည်။ ဂျပန်၏ ဤလုပ်ဆောင်မှုသည် “အမေရိကန်၏ နျူကလီးယားလက်နက်များကို အားကိုး၍ စစ်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်၊ ထို့မှတစ်ဆင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် ကြံစည်နေသည့် အန္တရာယ်ရှိသော ရည်ရွယ်ချက်ကို ဖော်ပြနေခြင်းပင်” ဖြစ်သည်။

လက်ရှိ ဂျပန်ပြည်တွင်း၌ လက်ရှိ အာဏာပိုင်အစိုးရ၏ စစ်ဝါဒအသစ် လမ်းကြောင်းကို ဝေဖန်သည့် အသံများ ဆက်လက် ထွက်ပေါ်နေပြီး ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဂျပန်၏ နျူကလီးယား မူဝါဒ ပြင်ဆင်ရေး ကြံစည်မှုကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်နေကြကြောင်း၊ ဂျပန်အဆိုပြုသော “ခြွင်းချက် အခြေအနေ” သည် “၎င်း၏ ကောက်ကျစ်သော ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် လှည့်ကွက်” ဖြစ်ပြီး ပြည်တွင်းပြည်ပ၏ ကန့်ကွက်သံ လှိုင်းလုံးများကို ငြိမ်သက်စေရန်၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖယ်ရှားရန်၊ အနှစ်သာရမရှိစေရန် ရည်ရွယ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဂျပန် Kyodo News ၏  နိုဝင်ဘာ ၁၀ ရက် သတင်းဖော်ပြချက်အရ ဂျပန်အစိုးရ အဆင့်မြင့် အရာရှိတစ်ဦးက ထိုနေ့တွင် “လုံခြုံရေးဆိုင်ရာ စာတမ်းသုံးရပ်” ပြင်ဆင်ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ၏ ခြွင်းချက် အခြေအနေအဖြစ် အရေးပေါ် အခြေအနေများတွင် နျူကလီးယားလက်နက်များကို ဂျပန်နိုင်ငံအတွင်းသို့  သယ်ဆောင်ဝင်ရောက်ခွင့်ပြုရမည်ဟူသော အယူအဆတစ်ခုကို ရှင်းလင်းစွာ ရေးသွင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………..

(Chinese Version)

朝中社发文谴责日本拥核野心

新华社平壤11月15日电(记者王超)朝中社15日发表评论文章,谴责日本政府打算在年内修改的安保文件中添加“紧急事态发生时允许运进核武器”的“例外情况”,表示日方这一企图是“实现其核野心的前奏”。  

文章写道:“日本企图破坏战后国际秩序、改变地区力量平衡的新军国主义危险举动正向实现核野心发展。”日本此举是“依仗美国核武器实现军事野心,进而拥有核武器的危险意图的表现”。  

文章说,当前日本国内批评现政权新军国主义动向的声音不断,本地区国家和国际社会也强烈谴责并反对日本修改核政策的企图。日本提出“例外情况”是“掩盖其阴险目的的骗术”,旨在平息国内外反对浪潮,逐步解禁并掏空“无核三原则”。  

据日本共同社10日报道,一名日本政府高官当天谈及修订“安保三文件”时表示,有必要明确写入一种观点:作为“无核三原则”的例外情况,应允许在紧急情况下将核武器运进日本。(完)

图说:2026年5月19日,在位于日本东京的国会议事堂前,民众手持标语参加抗议集会。新华社记者 贾浩成 摄

မူရင်းသတင်း — Xinhua Myanmar