Xinhua Myanmar

တရုတ်-အမေရိကန် ဆက်ဆံရေး “ပေါင်းကူးတံတား တည်ဆောက်သူ” အက်ဂါစနိုး အထိမ်းအမှတ် နိုင်ငံတကာဆွေး‌နွေးပွဲကို နယူးယောက်မြို့၌ ကျင်းပ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော အက်ဂါစနိုးစိတ်ဓာတ် လှုပ်ရှားမှုအခမ်းအနားအား တက်ရောက်နေသူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နာမည်ကျော် သတင်းထောက် အက်ဂါစနိုး တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ပြီး တရုတ်တပ်နီတော်အား တွေ့ဆုံမေးမြန်းမှု နှစ် ၉၀ ပြည့် အခါသမယ၌ ဆင်ဟွာသတင်းဌာန၊ ပေကျင်းတက္ကသိုလ်၊ အမေရိကန် အက်ဂါစနိုး အထိမ်းအမှတ် ဖောင်ဒေးရှင်း တို့သည် “ပေါင်းကူးတံတား တည်ဆောက်သူ - အက်ဂါစနိုး လွန်ခဲ့သည့် နှစ် ၉၀ က စတင်လိုက်သည့်ခရီးစဉ်” နိုင်ငံတကာဆွေးနွေးပွဲအား နိုဝင်ဘာ ၁၄ ရက်တွင် နယူးယောက်မြို့၌ ပူးတွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အက်ဂါစနိုးစိတ်ဓာတ် အမွေအနှစ်၏ ယနေ့ခေတ်တန်ဖိုးနှင့် ကမ္ဘာ့တန်ဖိုးများကို အာရုံစိုက်ထားပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံမှ ပညာရပ်လောက၊ သတင်းမီဒီယာလောကမှ ကျွမ်းကျင်ပညာရှင်များနင့် အက်ဂါစနိုး၏ မျိုးဆက်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးသောပုဂ္ဂိုလ်များ ၁၀၀ နီးပါး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

နယူးယောက်မြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ယာယီကောင်စစ်ဝန်ချုပ် မာရှောင်းရှောင်းက အမှာစကားပြောကြားရာတွင် သမိုင်းအား ပြန်လည်အောက်မေ့ပါက နိုင်ငံတကာမိတ်ဆွေ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်သည် တောတောင်ရေမြေများကို ကျော်ဖြတ်၍ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပြီး ကောင်းမွန်သော အကြောင်းအရာများ ရေးခြယ်ခဲ့ကာ တရုတ်ပြည်သူများနှင့် နက်ရှိုင်းသော သံယောဇဉ်ကြိုး နှောင်ဖွဲ့ခဲ့ကြောင်း၊ ၎င်းတို့၏လုပ်ဆောင်ချက်များသည် ယနေ့တိုင် လေးနက်သော အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပိုမိုများပြားသော အမေရိကန်လူငယ်များက အက်ဂါစနိုး ကဲ့သို့ပင် အမှန်တရားရှာဖွေသော စရိုက်လက္ခဏာကို ထိန်းသိမ်းကာ အထင်အမြင်လွဲမှားမှုများနှင့် ဘက်လိုက်မှုများကို ဖြိုဖျက်ပြီး တရုတ်နိုင်ငံသို့ ကိုယ်တိုင်လာရောက်ကာ ကြည့်ရှုရန်  ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အက်ဂါစနိုး အထိမ်းအမှတ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sidne Ward က ၁၉၂၈ ခုနှစ်တွင် အက်ဂါစနိုးက နယူးယောက်မြို့မှ သင်္ဘောဖြင့်စတင်ထွက်ခွာ၍ ခရီးအဆင့်ဆင့်သွားပြီးနောက် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ်တွင် အက်ဂါစနိုး ကွယ်လွန်ပြီးနောက် ၎င်း၏ဆန္ဒအတိုင်း အရိုးပြာတစ်ဝက်ကို ပေကျင်းတက္ကသိုလ် ဝေ့မင်ရေကန်နံဘေး၌ ‌မြှုပ်နှံခဲ့ပြီး တစ်ဝက်ကိုမူ နယူးယောက်မြို့ ဟတ်ဆန်မြစ်ကမ်းနံဘေး၌ မြှုပ်နှံခဲ့ကြောင်း၊ “ဒီနေ့ကျွန်မတို့ နယူးယောက်မြို့မှ ဆုံစည်းကြပါတယ်။ ဒီနေရာဟာ အက်ဂါစနိုးရဲ့ ငယ်စဉ်ဇာတိမြေကနေ သူအကြီးမားဆုံး အောင်မြင်မှုရရှိခဲ့တဲ့နေရာဆီ သွားရောက်တဲ့ လမ်းဆုံလမ်းခွပဲ ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။

ပေကျင်းတက္ကသိုလ် အက်ဂါစနိုး သုတေသနစင်တာ အကြီးအကဲ စွန်းဟွာက အက်ဂါစနိုးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် “ပေါင်းကူးတံတား တည်ဆောက်သူ” အဖြစ် တင်စားခေါ်ဝေါ်ခံရပြီး ၎င်းရေးသားသည့် “Red Star Over China” သည် ယနေ့တိုင် ကမ္ဘာကြီးက တရုတ်နိုင်ငံအား လေ့လာသည့် ဂန္ထဝင်စာပေ ဖြစ်နေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။ “ကမ္ဘာလုံးဆိုင်ရာ အက်ဂါစနိုး သုတေသနအစီအစဉ်” နှင့် သက်ဆိုင်ရာ အချက်အလက်ဘဏ် တည်ဆောက်မှုကို တည်ငြိမ်စွာ ဖော်ဆောင်လျက်ရှိပြီး ယင်းသည် အက်ဂါစနိုး သုတေသနပြုလုပ်မှုကို နက်ရှိုင်းစေကာ တရုတ်နိုင်ငံ၏ လေးနက်သော သက်ရောက်မှုကို ကမ္ဘာကြီးက ပိုမိုကောင်းမွန်စွာ နားလည်လာရန်လည်း မုချ အထောက်အကူပြုမည်ဖြစ်ကြောင်း  ၎င်းက မိတ်ဆက်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ဆင်ဟွာသတင်းဌာန၊ ပေကျင်းတက္ကသိုလ်၊ အနောက်မြောက်တက္ကသိုလ်၊ ယန်အန်း ကြယ်နီဥယျာဉ်နှင့် အမေရိကန် အက်ဂါစနိုး အထိမ်းအမှတ် ဖောင်ဒေးရှင်း၊ Helen Foster Snow ဖောင်ဒေးရှင်း၊ Missouri တက္ကသိုလ် Kansas ကျောင်းခွဲ၊ ဟားဗက်တက္ကသိုလ်၊ Brigham Young တက္ကသိုလ် စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက နောက်ဆုံး သုတေသနရလဒ်များကို မိတ်ဆက်ပြောကြားခဲ့ပြီး သုတေသနအစီအစဉ်၏ နောက်တစ်ဆင့် အကောင်အထည်ဖော်မှုအား ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲမတိုင်မီ တက်ရောက်လာသူများက ထိုကာလအတွင်း ကျင်းပသည့် “အက်ဂါစနိုးအား အလေးပြုခြင်း - နှစ် ၉၀ အကြာ ပဲ့တင်ထပ်မှု” ဓာတ်ပုံပြပွဲကို ကြည့်ရှုလေ့လာခဲ့ကြသည်။ “နှစ် ၉၀ အကြာ အက်ဂါစနိုးဆိုင်ရာ ထပ်မံရှာဖွေတွေ့ရှိမှု - အက်ဂါစနိုးစိတ်ဓာတ် အမွေအနှစ်၏ ယနေ့ခေတ်တန်ဖိုးနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်” ၊ “အက်ဂါစနိုး လမ်းခရီးအား ပြန်လည်လျှောက်လှမ်းခြင်း” မှတ်တမ်းရုပ်ရှင်၊ “ကမ္ဘာလုံးဆိုင်ရာ အက်ဂါစနိုး သုတေသနပြုလုပ်မှု အခန်းဆက်စာပေ” အတွဲ ၁ “အက်ဂါစနိုးစိတ်ဓာတ်၏ ယနေ့ခေတ်တန်ဖိုး” စသည့် ရလဒ်များကို ဆွေးနွေးပွဲ၌ တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော အက်ဂါစနိုးစိတ်ဓာတ် လှုပ်ရှားမှုအခမ်းအနား၌ ဓာတ်ပုံပြပွဲကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

纪念中美关系“架桥者”埃德加·斯诺国际研讨会在纽约举行

新华社纽约11月14日电(记者刘亚南 何小凡)在美国著名记者埃德加·斯诺赴中国陕北采访红军90周年之际,新华通讯社、北京大学、美国埃德加·斯诺纪念基金会14日在纽约联合举行“架桥者:埃德加·斯诺90年前的出发”国际研讨会。  

研讨会聚焦埃德加·斯诺精神遗产的当代价值和世界意义。来自中美两国学术界、新闻界的专家学者及斯诺后人、国际友好人士等近百人参加研讨会。  

中国驻纽约代总领事马萧萧在致辞中表示,回望历史,一代代国际友人跨越山海来到中国,书写精彩故事,与中国人民结下深厚情谊。他们作出的选择,至今仍具有深远意义。我们鼓励并支持更多美国青年像斯诺一样,保持求真品格,打破误区与偏见,亲身到中国走一走,看一看。  

美国埃德加·斯诺纪念基金会主席希德妮·伍德表示,1928年,斯诺从纽约乘船出发,辗转抵达中国。1972年斯诺逝世后,根据他的遗愿,骨灰一半安葬在北京大学未名湖畔,一半安葬在纽约哈得孙河畔。“我们今天在纽约相聚,这里是斯诺从儿时故乡走向他取得最重要成就之地的十字路口。”  

北京大学中国埃德加·斯诺研究中心主任孙华说,斯诺被誉为中美关系的“架桥者”,《红星照耀中国》至今仍是世界研究中国的经典著作。他介绍,“全球埃德加·斯诺研究计划”和相关数据库建设正在稳步推进,必将对深化斯诺研究和帮助世界更好地了解中国产生深远影响。  

来自新华通讯社、北京大学、西北大学、延安红星园以及美国埃德加·斯诺纪念基金会、海伦·福斯特·斯诺基金会、密苏里大学堪萨斯城分校、哈佛大学、杨百翰大学等机构代表介绍了最新研究成果,并对研究计划的进一步落实进行讨论。  

研讨会前,与会者参观了在此间举办的“致敬埃德加·斯诺:90年回响”图片展。《九十年斯诺再发现——埃德加·斯诺精神遗产的当代价值与世界意义》、《重走斯诺路》纪录片、“全球埃德加·斯诺研究丛书”第一卷《斯诺精神的当代价值》等成果在研讨会上正式发布。(完)

图说1:11月14日,人们在美国纽约参加共话斯诺精神活动。新华社记者 张凤国 摄

图说2:11月14日,人们在美国纽约举行的共话斯诺精神活动上观看图片展。新华社记者 张凤国 摄

မူရင်းသတင်း — Xinhua Myanmar