Xinhua Myanmar

ပေကျင်းမှသည် ဆန်းကျန့်သို့၊ ပိုမိုအပြန်အလှန်ချိတ်ဆက်မှုရှိ၍ ပိုမိုတက်ကြွအားကောင်းသော အာရှ-ပစိဖိတ်ဒေသ ပေါ်ထွန်းရေးအတွက် တရုတ်နိုင်ငံ၏ တွန်းအားပေးဆောင်ရွက်မှု

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ ကန်ရှ မြောက်ပိုင်း မြေအောက်ဘူတာရုံရှိ APEC အစည်းအဝေးအထိမ်းအမှတ် နောက်ခံအပြင်အဆင်တစ်ခုအနီးမှ ဖြတ်သန်းသွားလာနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့တွင် ကျင်းပသွားမည်ဖြစ်ရာ ၂၀၁၄ ခုနှစ် ပေကျင်း အစည်းအဝေးနောက်ပိုင်း တရုတ်နိုင်ငံက APEC အစည်းအဝေးကို ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။

ပေကျင်းအစည်းအဝေး၌ ပေါင်းစည်းထားသော၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော၊ အပြန်အလှန် ချိတ်ဆက်မှုရှိသော အာရှ-ပစိဖိတ်ဒေသ ပေါ်ထွန်းရေး မျှော်မှန်းချက်ကို အတည်ပြုခဲ့ကြပြီး အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်ရေး ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြသည်။ လွန်ခဲ့သည့် ၁၂ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် အဆိုပါမျှော်မှန်းချက်ကို မြှင့်တင်ဖော်ဆောင်ရန် အခြား APEC အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးမှသည် ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအထိ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ခဲ့သည်။

"ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည့် ယခုနှစ် အစည်းအဝေးသည် တံခါးဖွင့်လှစ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဟူသော တရုတ်နိုင်ငံက သတ်မှတ်ထားသည့် ဦးစားပေးလုပ်ငန်းစဉ် ၃ ရပ်နှင့် စပ်လျဉ်း၍ အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားသစ်များ မြှင့်တင်ဖော်ထုတ်ပေးရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261115/523d90c21b264ee3a99c8f00481e773b/c.html

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှ ထွက်ခွာလာသည့် တရုတ်-လာအို ရထားလမ်းမှ ရထားတစ်စင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ဆိုက်ရောက်လာပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

From Beijing to Shenzhen: China's push for a more connected, dynamic Asia-Pacific

BEIJING, Nov. 15 (Xinhua) -- The 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting will be held in Shenzhen, south China, from Nov. 18 to 19, marking the first time in 12 years that China is hosting the APEC meeting, following Beijing in 2014.

The Beijing meeting endorsed a vision of an integrated, innovative, and interconnected Asia-Pacific, calling for closer links in infrastructure, trade, and people-to-people exchanges. Over the past 12 years, China has worked with other APEC economies to advance that vision, expanding cooperation from transport and trade facilitation to digital and green development.

This year's gathering, to be held under the theme "Building an Asia-Pacific Community to Prosper Together," will focus on three priority areas identified by China -- openness, innovation, and cooperation -- and is expected to help regional economies deepen economic ties and foster new drivers of growth.

https://english.news.cn/20261115/523d90c21b264ee3a99c8f00481e773b/c.html

Photo caption 1: People walk past an APEC-themed installation at Gangxia North Metro Station in Shenzhen, south China's Guangdong Province, Oct. 25, 2026. (Xinhua/Mao Siqian)

Photo caption 2: An aerial drone photo taken on April 13, 2026 shows a train of the China-Laos Railway, departing from Kunming of southwest China's Yunnan Province, arriving in Vientiane, Laos. (Photo by Xia Ningqin/Xinhua)

မူရင်းသတင်း — Xinhua Myanmar