
ဝါရှင်တန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်၏ "USS Theodore Roosevelt" လေယာဉ်တင်သင်္ဘောသည် နိုဝင်ဘာ ၁၅ ရက်တွင် အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ၏ တာဝန်နယ်မြေအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်ဟု အမေရိကန်မီဒီယာများက ထိုနေ့တွင် အမေရိကန်အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ အမေရိကန်စစ်တပ်သည် လက်ရှိတွင် CENTCOM တာဝန်နယ်မြေအတွင်း၌ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု သုံးစုကို ဖြန့်ကြက်ထားသည်ဟု သတင်းဖော်ပြထားသည်။ အမေရိကန်စစ်တပ်၏ မိတ်ဆက်ပြောကြားချက်အရ CENTCOM ၏ တာဝန်နယ်မြေသည် ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီ၊ အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာ အနောက်မြောက်ဘက်ရှိ အာရေဗျပင်လယ်တို့ကို ပါဝင်ကြောင်း သိရသည်။
"USS Theodore Roosevelt" လေယာဉ်တင်သင်္ဘောနှင့် ၎င်းပေါ်ပါ အရာရှိစစ်သည် ၅,၀၀၀ သည် စက်တင်ဘာလကုန်တွင် ကယ်လီဖိုးနီးယားပြည်နယ် San Diego ရှိ မိခင်ဆိပ်ကမ်းမှ ထွက်ခွာကာ အနည်းဆုံး ၇ လကြာ ဖြန့်ကြက်နေရာချထားမှု တာဝန်ထမ်းဆောင်ရန် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်မီဒီယာများက ထိုမတိုင်မီ သတင်းဖော်ပြခဲ့သည်။
လေယာဉ်တင်သင်္ဘောသုံးစီး ဖြန့်ကြက်နေရာချထားမှုသည် အမေရိကန်ဘက်က အီရန်အပေါ် အကြီးစား စစ်ရေးလှုပ်ရှားမှုကို ပြန်လည်စတင်ရန် စဉ်းစားနေချိန်နှင့် တိုက်ဆိုင်နေသည်။ လက်ရှိတွင် အမေရိကန်စစ်တပ်၏ "USS George H.W. Bush" နှင့် "USS George Washington" လေယာဉ်တင်သင်္ဘောနှစ်စင်းကို ထိုဒေသ၌ ဖြန့်ကြက်ထားပြီးဖြစ်ကာ "USS Theodore Roosevelt" ဖြင့် ၎င်းတို့အနက်မှ တစ်စင်းကို အစားထိုးမည်လား ရှင်းလင်းစွာ မသိရှိရသေးပေ။
အစ္စရေးနိုင်ငံထုတ် Jerusalem Post သတင်းစာက လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု သုံးစု စုဝေးခြင်းသည် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသ၌ အတော်အတန် ကြီးမားသော ရေတပ်အင်အားစုကို ဖွဲ့စည်းထားခြင်းကို ဆိုလိုသည်ဟု သုံးသပ်ထားသည်။ ယခုနှစ် ဧပြီလတွင်လည်း အလားတူ ဖြန့်ကြက်မှုမျိုး ရှိခဲ့ပြီး ထိုစဉ်က အမေရိကန်လေယာဉ်တင်သင်္ဘော သုံးစင်းသည် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုဒေသတွင် တစ်ပြိုင်တည်း လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
美军在中东地区形成三航母部署
新华社华盛顿11月15日电 美国媒体15日援引一名美国官员的话报道称,美军“罗斯福”号航空母舰已于当天抵达美军中央司令部责任区。
美国阿克西奥斯新闻网站报道称,美军目前在中央司令部责任区内部署有三个航母打击群。据美国军方介绍,其中央司令部责任区覆盖波斯湾、红海、阿曼湾以及位于印度洋西北部的阿拉伯海。
美国媒体此前报道说,“罗斯福”号航母及5000名舰上官兵9月底离开加利福尼亚州圣迭戈母港,赴中东执行至少7个月的部署任务。
此次三航母的部署正值美方考虑是否重启对伊朗大规模军事行动之际。目前,美军“布什”号和“华盛顿”号两艘航母已部署在该地区,尚不清楚“罗斯福”号是否将替换其中一艘航母。
以色列《耶路撒冷邮报》认为,三艘航母打击群集结,意味着美国在中东地区形成相当可观的海上兵力部署。今年4月也有过类似部署,当时三艘美军航母自2003年伊拉克战争以来首次在该地区同时行动。(完)
图说:3月28日,美国海军“福特”号核动力航母驶入克罗地亚斯普利特港口水域。新华社发(Pixsell图片社/兹沃尼米尔摄)