
တန်ဆောင်တိုင်ပွဲတော်ကျင်းပစဉ် ကထိန်ပဒေသာပင်သယ်ယူခြင်းနှင့် မဲဇလီဖူးခူးခြင်းကြောင့် နှစ်စဉ် ဓာတ်လိုက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်သဖြင့် သတိပြုရမည့်အချက်များ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်သည်။
ပဒေသာပင်များ သယ်ယူစဉ် လျှပ်စစ်အန္တရာယ်သတိပြုရမည့်အချက်များအနေဖြင့် လမ်းတလျှောက် လျော့ကျနေသော လျှပ်စစ်လိုင်းကြိုးများကို သတိပြုပါ။ ပဒေသာပင် သယ်ယူသည့်အခါ လျှပ်စစ်ကြိုးများ မထိမိရန် လမ်းကြောင်း ကြိုတင်စစ်ဆေးပါ။ မလွတ်ကင်းဟုယူဆပါက အခြားလမ်းဖြင့် ရှောင်သွားပါ။ အခြားလမ်းမရှိပါက လျှပ်စစ်ဌာန အကူ အညီရယူပါ။ ပဒေသာပင် တိုင်ထိပ်သည် လျှပ်စစ်ကြိုးနှင့် အနည်းဆုံး သတ်မှတ်ကင်းလွတ် အကွာအဝေး ထားရှိပါ။ စုပေါင်းသယ်ဆောင်သည့်အခါ ပဒေသာပင်ကို လူအုပ်စုဖြင့် ညှိနှိုင်းသယ်ဆောင်ပါ၊ ပဒေသာပင် ကားပေါ်တင်လှည့်လျှင် ပဒေသာပင်အမြင့်နှင့် လိုင်းကြိုးအကြား သတ်မှတ်ကင်းလွတ် အကွာ အဝေး ရှိ/မရှိကို အထူးဂရုစိုက်ပါ။ ပဒေသာပင်ကို ရုတ်တရက် လှုပ်ရမ်းခြင်း/ မြှောက်ခြင်း မပြု ပါနှင့်။ မိုးရွာနေချိန်၊ လေပြင်းတိုက်ချိန်တွင် သယ်ယူခြင်းကို ရှောင်ကြဉ်ပါ။ ပဒေသာပင်နှင့် လျှပ်စစ်ကြိုးထိမိပါက ပဒေသာပင်ကို ဆက်မကိုင်ပါနှင့်။ လျှပ်စစ် ဓာတ်အားဖြတ်ရန် ချက်ချင်း လျှပ်စစ်အရေးပေါ်ဌာနကို အကြောင်းကြားပါ စသည်တို့ဖြစ်ကြောင်း သိရသည်။
မဲဇလီဖူးခူးသူများအတွက် လျှပ်စစ်အန္တရာယ်သတိပြုဖွယ်ရာ အချက်များအနေဖြင့် သစ်ပင်မြင့်များတွင် ခူးဆွတ်ခြင်း မဲဇလီပင်ကဲ့သို့ မြင့်သောသစ်ပင်များတွင် အဖူး အရွက် ခူးဆွတ်သည့်အခါ လျှပ်စစ်ကြိုးအောက်/အနီး တွင် မလုပ်ဆောင်ပါနှင့်။ ဝါးတံချု၊ သံချောင်း သတ္တုပစ္စည်းများကို လျှပ်စစ်လိုင်းကြိုး အနီးတွင် အသုံးမပြုပါနှင့်။ စိုစွတ်သော အခြေအနေ မိုးရွာပြီးနောက် သစ်ပင်များ စိုစွတ်နေချိန်တွင် ခူးဆွတ်ခြင်း ကို ရှောင်ကြဉ်ပါ။ လျှပ်စစ်ကြိုးနှင့် အကွာအဝေးသစ်ပင်ပေါ်တက်ရောက်ခူးဆွတ်ရာတွင် လျှပ်စစ်ကြိုး နှင့် အနည်းဆုံး ၃ မီတာ အကွာအဝေး ရှိရပါမည်။ လျှပ်စစ်ကြိုးပြတ်ကျနေသည်ကို တွေ့ပါက ကိုင်တွယ်ခြင်းမပြုဘဲချက်ချင်း လျှပ်စစ် ဌာနကို အကြောင်းကြားပါ စသည်တို့ဖြစ်ကြောင်း သိရသည်။
အရေးပေါ် လျှပ်စစ်ဓာတ်လိုက်မှုဖြစ်ပါက လျှပ်စစ်မီးဖြတ်ရန် ဦးစွာကြိုးစားပါ (main switch ကို ပိတ်ပါ)။ လျှပ်စစ်ဌာနကို အကြောင်းကြားပါ။ လျှပ်စစ်မီးမဖြတ်ရသေးမီ ဓာတ်လိုက်ခံရသူကို လက်ဖြင့်မကိုင်ပါနှင့်။ ခြောက်သွေ့သော သစ်သား / ပလတ်စတစ်ဖြင့် ဖယ်ရှားပါ။ ချက်ချင်း အရေးပေါ်ဖုန်း လျှပ်စစ်ဌာနနှင့် Call Center (1717) ကို ခေါ်ပါ။ ဓာတ်လိုက်ခံရသူ သတိလစ်နေပါက CPR ပြုလုပ်၍ အသက်ကယ်ရန် ပြင်ဆင်ပါ စသည့်အချက်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။