
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညနေ ၆ နာရီခန့်တွင် မီးပုံးပျံငယ်များ တပြိုင်နက် လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ပေါက်၍ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပထမည နိုဝင်ဘာ ၁၆ ရက်တွင် စိန်နားပန် ခုနစ်လုံး၊ ညမီးကြီး ရှစ်လုံး၊ စုစုပေါင်း ၁၅ လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို လာမည့် နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ၂၅ ရက်တွင် ပိတ်ပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။