နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်သူများ နေ့စဉ်စားသောက်မှုပုံစံ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ တစ်ဦးချင်း နေ့စဉ်အသားဖူလုံမှုရှိစေရေး၊ အရည်အသွေးကောင်းမွန်ပြီး အာဟာရပြည့်ဝသည့် မွေးမြူရေး ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းသည် မွေးမြူရေးသုတေသနစခန်း(မန္တလေး)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် စခန်းတာဝန်ခံက မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောငါးကန်များ ပြင်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာပါက ငါးများ ကျွေးရန်အစာနှင့် ရေကြိုတင်စုဆောင်းထားရှိမှု၊ တိုင်းရင်ငါး၊ မွေးမြူရေးငါး၊ မျိုးငါးအဖြစ် ချန်မည့် ငါးသန်စုစုပေါင်းကောင်ရေ ၁၂၁၀ မွေးမြူထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် အချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မွေးမြူရေးတောင်သူများနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မွေးမြူရေးတောင်သူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး တစ်ဦးချင်းအလိုက် အသားလိုအပ်ချက် ပြည့်ဝဖူလုံစေရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် မွေးမြူရေးတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ရုံးအဆောက်အအုံ၊ စစ်ကိုင်း ငါးလုပ်ငန်းသင်တန်းကျောင်းရုံး၊ သင်တန်းခန်းမဆောင်၊ အစည်းအဝေးခန်းမ၊ ဂိုဒေါင်နှင့် စားဖိုဆောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနခရိုင်ရုံး ပြန်လည်တည်ဆောက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်