NP News

နှစ်တို ငှားရမ်းမည့် တောင်ဒဂုံစက်မှုဇုန်ရှိ မြေ (၃.၄၁)ဧကကို စိတ်ဝင်စားသူလုပ်ငန်းရှင် များပြားနေ

ပုလဲ (NP News)-နိုဝင်ဘာ ၁၇
နှစ်တိုငှားရမ်းမည့် တောင်ဒဂုံစက်မှုဇုန်ရှိ မြေလွတ်ဧရိယာ (၃.၄၁)ဧကကို စိတ်ဝင်စားသူလုပ် ငန်းရှင်များပြားနေကြောင်း ယင်းနှင့်ပတ်သက်၍ နီး စပ်သူများထံ NP News မှ ဆက် သွယ်မေးမြန်းထား ချက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်း၊ အမှတ် (၄၇၆)တွင် တည်ရှိသည့် မြေလွတ်ဧရိယာ (၃.၄၁)ဧကကို စက်မှုထုတ်ကုန်၊ စားသောက်ကုန်၊ ယင်းနှင့် ဆက်စပ်သောဝန်ဆောင်မှုလုပ်ငန်းများနှင့် သိုလှောင်ရုံ လုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင် များသို့ နှစ်တို (၅)နှစ် ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကိုလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင် စားကြောင်း ဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီ ဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီ မှတ် ပုံတင် တင်ပြ၍ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၌ ဝယ်ယူနိုင်ကြောင်း သိ ရသည်။
“ကုမ္ပဏီ Letter Head နဲ့ တင်ဒါဖောင်ဝယ်ယူခွင့်ပြုပါရန်တင်ပြခြင်းဆိုပြီး သို့/ ဦးဆောင် ညွှန် ကြားရေးမှူး၊ အမှတ် (၂) အကြီးစားစက်မှုလုပ် ငန်းဆိုပြီးတော့ အကြောင်းအရာထဲမှာ ဒီမြေလွတ်ကို နှစ် တိုငှားရမ်းလိုတဲ့အတွက် တင်ဒါဖောင်ဝယ်ယူခွင့်ပြုပါရန်တင်ပြအပ်ပါသည်ဆိုပြီး ရုံးကတာဝန်ရှိတဲ့ MD ဖြစ်ဖြစ်၊ Director ဖြစ်ဖြစ် လက်မှတ်ထိုးပြီး တခြားလိုအပ်တဲ့စာရွက်တွေ ပူးတွဲတင်ရတယ်။ ဖောင်ကြေး (၅)သောင်းပေးရ။ တင်ဒါဆိုတော့ ဈေးပြိုင်ရောင်းမှာပေါ့။ ဖောင်ထဲ သေချာရေးပေးထားတယ်။ ဝယ်တဲ့ သူကတော့များတယ်” ဟု တင်ဒါဝယ် ယူခဲ့သူတစ်ဦးက NP News သို့ပြောသည်။
အဆိုပါ မြေနေရာအတွက် စိတ်ဝင်စားသူများပြားပြီး တင်ဒါလာရောက်ဝယ်ယူသူများပြား ကြောင်းလည်း သိရသည်။ “ကုမ္ပဏီကြီး တော်တော်များများလိုက်နေကြတာ။ တင်ဒါဖောင်ရောင်းတဲ့ နေရာမှာ လူတွေများတယ်” ဟုအခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ လက်ရှိတွင် ရွှေပြည်သာ စက်မှုဇုန်တွင် မြေလွတ်တစ်ဧကအတွက် ငှားရမ်းခ ကျပ်သိန်း (၂၀ဝ) ဝန်းကျင်ရှိနေကြောင်း၊ တောင်ဒဂုံ စက်မှုဇုန်ရှိ မြေလွတ်ငှားရမ်းခဈေးနှုန်းကိုလည်း ရာကြီးဂဏန်းဖြင့် ငှားရမ်းသင့်ကြောင်း အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်ပြောကြားထားသည်။
“ဒဂုံဆိပ်ကမ်း/တောင်မှာ (၂ ဒသမ ၅ )ဧကကို သိန်း (၂ ဒသမ ၅) သိန်း အရောင်းအဝယ်ဖြစ် တယ်။ အငှားဈေးလည်း မြင့်မှာပဲ။ ရွှေပြည်သာစက်မှုဇုန်က တစ်ဧက မြေလွတ်ကို သိန်း (၂၀ဝ) အငှားရှိ တယ်။ အခုငှားတဲ့နေရာကိုလည်း အငှား ရာကြီးနဲ့ ငှားသင့်တာပေါ့” ဟုပြောသည်။
ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသည် အဆိုပြုလွှာများကို စက်မှု နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၊ အ မှတ် (၂)အကြီးစားစက်မှုလုပ်ငန်း စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ နိုဝင်ဘာ(၃၀) ရက် အရောက်ပေးပို့တင်ပြရမည်ဖြစ်ကြောင်းသိရသည်။

မူရင်းသတင်း — NP News