
ပုလဲ (NP News)-နိုဝင်ဘာ ၁၇
ကမ်းလွန်ရေနံလုပ်ကွက်သစ်များလုပ်ဆောင်ပါက ကျွမ်းကျင်လုပ်သားအင်အားရှိနှင့် ပြီးဖြစ်၍ အခက်အခဲမရှိနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ NP News မှ ဆက် သွယ်မေးမြန်းထားချက်အရ သိရသည်။
ကုန်းတွင်းနှင့် ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် (၇၁)ခု၌ ရင်းနှီးမြှုပ်နှံရန် လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြီးခဲ့သည့် နိုဝင်ဘာလ(၆)ရက်က ကျင်းပသော ဆွေးနွေးပွဲတွင် ဖိတ်ခေါ်ထားသည်။
မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ငွေကြေးအင်အားတောင့်တင်းမှုရှိသော် လည်း ရင်းနှီးမြှုပ်နှံမှုများကို စိုက်ပျိုးရေးလုပ်ငန်းအပါအဝင် မြေနှင့် အခြားကဏ္ဍများတွင်သာ ရင်းနှီး မြှုပ်နှံ၍ ဆောင်ရွက်နေကြသဖြင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အခြားသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ဝင်ရောက် ရင်းနှီး မြှုပ်နှံပါက နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနိုင်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
“တချို့ကမ်းလွန်တို့ ကုန်းတွင်းတို့မှာ သူတို့လာလုပ်လို့ရတယ်။ ဒါပေမဲ့ လိုအပ်တဲ့နည်းပညာ အကူအညီကိုတော့ ပြည်ပနိုင်ငံက အဖွဲ့အစည်းတစ်ခုနဲ့တော့ချိတ်ဆက်ပြီးတော့ သူတို့လုပ်ရမယ်လို့ ထင်တယ်။ တချို့ကျတော့ လတ်တလော စိုက်ပျိုးရေးလုပ်နေတဲ့လူက စွမ်းအင်ဘက်မှာလာလုပ်မယ် ဆိုရင် သူ့မှာငွေကြေးတော့ရှိတယ်။ ဒါပေမဲ့ ဒါကိုလုပ်ဖို့အတွက်ကတော့ နည်းပညာဆိုင်ရာကျွမ်းကျင်တဲ့ ပြည်ပအဖွဲ့အစည်းသော်လည်းကောင်း ပြည်တွင်းကအဖွဲ့အစည်းသော်လည်းကောင်း ချိတ်ဆက်ပြီး တော့ Investment လာလုပ်နိုင်မယ်လို့ထင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက NP News သို့ ပြော သည်။
ထို့အတူ ကမ်းလွန်ရေနံလုပ်ကွက်သစ်များတွင် ရင်းနှီးမြှုပ်နှံပါက ကျွမ်းကျင်လုပ်သားအင်အားရှိ နှင့်ပြီးဖြစ်၍ စီမံကိန်းအကောင်အထည်ဖော်ရာတွင် အခက်အခဲမရှိနိုင်ကြောင်း၊ လုပ်သားများကိုလည်း ထပ်မံလေ့ကျင့်သင်ကြားပေးကာ ကျွမ်းကျင်လုပ်သားများအဖြစ်မွေးထုတ်၍ရကြောင်း ၎င်းကပြော သည်။
“လုပ်မယ့်အဖွဲ့တွေကလည်း သူတို့ဆီက Skill Labor လည်း သူတို့ခေါ်လာမှာပဲ။ လက်ရှိ ဒီက လူသစ်တွေကိုလည်းပြန်ပြီးတော့မွေးမြူဖို့လိုတယ်။ လက်ရှိ Run နေတဲ့ ကမ်းလွန်လုပ်ကွက် (၄)ကွက် မှာလည်း ပြည်တွင်းက Skill Labor တွေကလည်း ရှိထားပြီးသား။ ရှိထားပြီးသားဆိုတော့ ထပ်လုပ်မယ့် ကမ်းလွန်တွေမှာတော့ လက်ရှိ ရှိနေတဲ့လူတွေ Plus ၊ ခုနလိုမျိုးပြည်ပက ကျွမ်းကျင်ပညာရှင်လည်းပါ မယ် နောက်အသစ်တွေနဲ့ အသစ်တွေကိုလည်း ပြန်လည်မွေးမြူပြီးတော့မှ လုပ်သွားရင်တော့ အခက်အခဲ မရှိနိုင်ပါဘူး”ဟု ပြောသည်။
ထို့သို့ကျွမ်းကျင်လုပ်သားအင်အားရှိနှင့် ပြီးဖြစ်သည့်အပြင် ကမ်းလွန်ရေနံလုပ်ကွက်များ၌ မြန်မာ ပညာရှင်များ ရာထူးကြီးပိုင်းအထိ နေရာယူလုပ်ကိုင်လာနိုင်ကြောင်းလည်း ၎င်းကပြောသည်။
“ပြည်တွင်းထဲမှာလည်း Offshore Project (4) ခု ဆိုရင် လုပ်လာတာတော်တော်ကြာပြီ။ ဆို တော့ အဲဒီမှာလုပ်ခဲ့တဲ့အဖွဲ့တွေလည်းရှိတယ်။ လက်ရှိလုပ်နေတဲ့အဖွဲ့တွေလည်းရှိတယ်။ တဖြည်းဖြည်း နဲ့ တချို့တွေဆိုရင်လည်းပဲ အခုလက်ရှိတချို့ လုပ်နေတဲ့ ကမ်းလွန်လုပ်ကွက်တွေဆိုရင်လည်းပဲ တချို့ မြန်မာပညာရှင်တွေက တကယ့်ရာထူးကြီးကြီး နေရာတွေကိုယူပြီးတော့လုပ်နေတဲ့အဖွဲ့တွေရှိပါတယ်” ဟု ပြောသည်။