
စော (NP News)-နိုဝင်ဘာ ၁၇
ကားဈေးကွက်အတွင်း စက်ရုံထုတ် ကားများကို ပြင်ပပေါက်ဈေးအတိုင်း အခွန်ဆောင်ခိုင်းမှုများ ရှိနေကြောင်း ကားလောကသားများထံ NP News မှ စုံစမ်းထားသည့်အချက်အလက်များအရ သိရသည်။
ကားဈေးကွက်အတွင်း SKD ကားများသည် စက်ရုံထုတ်ဈေးနှုန်းနှင့် ပြင်ပဈေးကွက်ဈေးနှုန်းများ အကြား ကွာဟမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
“အစိုးရက ရောင်းခိုင်းတာက တရားဝင်ဈေးနဲ့ဆိုတော့ ပြည်တွင်းအခွန်များဦးစီးဌာနက တခြား သူတွေကို ရောင်းချမှာစိုးတဲ့အတွက် ဒီလ (၁) ရက်ကစပြီဆိုတာနဲ့ Order List ကို သူတို့ကို ပေးဆိုလို့ သူ တို့ကိုပေးလိုက်တယ်။ အဲဒီပေးလိုက်တဲ့အတိုင်း အခွန်သွားဆောင်တော့လည်း တရားဝင်ဈေးနဲ့ မဖြတ် ဘူး။ ပြင်ပပေါက်ဈေးနဲ့ဖြတ်တယ်။ ကျွန်တော်တို့ကလည်း အစိုးရကို ပြန် Claim ပြီးတော့ စက်ရုံနဲ့ ပြန် Claim တော့ စက်ရုံတွေကလည်းသနားပါတယ်။ ကျွန်တော်တို့ စက်ရုံတွေကလည်း အစိုးရပြောတဲ့အ တိုင်း၊ ဌာနပြောတဲ့အတိုင်း လုပ်ရတော့မှာပေါ့တဲ့။ ရောင်းခိုင်းတော့ တရားဝင်ဈေးနဲ့ရောင်းခိုင်းတယ်။ အခွန်ကျတော့ ပြင်ပပေါက်ဈေးနဲ့ဆောင်ခိုင်းတယ်။ အဲဒီတော့ဘယ်လိုလုပ်ရမလဲ” ဟု SKD ကားလုပ် ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါကားများကို စက်ရုံသတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချသော်လည်း အခွန်ဆောင်ရာတွင် ပြင်ပ ပေါက်ဈေးဖြင့်သာ အခွန်ဆောင်ရပြီး ယင်းကျသင့်သည့်အခွန်ကို ဝယ်ယူသူဘက်က ပေးဆောင်ရ ကြောင်း သိရသည်။
“ကျွန်တော်တို့က တစ်ထောင်နဲ့ရောင်းတယ်ဆိုရင် သူတို့က အပြင်မှာ ပတခ (ပြည်တွင်း အခွန် များဦးစီးဌာန)က နှစ်ထောင်နဲ့ကောက်တယ်ဆိုရင် အဲဒီဝင်ငွေခွန်က ဝယ်သူကဆောင်ရတာပေါ့။ သူက တရားဝင် တစ်ထောင်နဲ့ရတာဆိုပေမယ့် သူ့ကို ဝင်ငွေခွန် နာမည်ကြီးကြပ်တာက နှစ်ထောင်နဲ့ ကြီးကြပ် ခံရသလိုဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဝယ်သူတွေက Complain မလုပ်ဘူး။ ဘာလို့ မလုပ်လဲဆိုတော့ သူက တန်နေတာကိုး။ ဒီကားရတာတန်တော့ အခွန်လေး ပို ဆောင်ရမယ်ဆိုလည်းဆောင်တာပါပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
SKD စနစ်ဖြင့်ထုတ်လုပ်သည့် EV ၊ ICE မော်တော်ယာဉ်များ စက်ရုံထုတ်ဈေးထက် ဈေးကွက် ပေါက်ဈေး အဆမတန်မြင့်တက်နေမှုတွင် SKD ကုမ္ပဏီများတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင် ပတ်သက်ခြင်း ရှိ/မရှိကို မော်တော်ယာဉ် အရောင်းစင်တာ မြေပြင်စစ်ဆေးရေးအဖွဲ့များဖြင့် ပုံမှန် စစ် ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်က အသိပေးထားသည်။
“အခွန်ဆောင်တာက ပုံမှန်အားဖြင့်ဆိုရင် အခွန်ဌာနကနေ ရာဖြတ် ဖြတ်ထားတဲ့အခွန်ဈေးနှုန်း တွေရှိတယ်လေ။ အဲဒါနဲ့ဆောင်ပြီးတာအပြင် မြေပြင်ဈေးနဲ့ကွာဟတယ်ဆိုပြီးတော့ ပြန်ခေါ်ပြီးတော့ ပြန် ဆောင်ခိုင်းတာတွေရှိနေတာပေါ့”ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် အရည်ကျိုအပ်ကားကို ကိုယ်တိုင်သွင်းရာတွင် ကိုယ့်အမည်ဖြင့် အခွန်ဆောင်ပြီးမှသာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ပုံစံ (ဃ) နှင့် ပုံစံ (စ) ထုတ်ယူနိုင်ကြောင်း သိရသည်။
“အရည်ကျိုတဲ့ မာစီဒီးကားတွေဆိုရင် တစ်စီးကို သိန်း (၇၀ဝ)လောက်နဲ့ဝယ်ထားတယ်။ ဒါပေမဲ့ အဲဒီကားတွေကို ရာဖြတ်တန်ဖိုးဖြတ်လိုက် တဲ့အခါကျတော့ (၄၅၀ဝ)လောက်ဈေးဖြတ်တယ်။ အရည် ကျိုကား လုံးဝစုတ်ပြတ်သတ်နေပြီ။ ဒါပေမဲ့ အခွန်ဌာနရဲ့ ရာဖြတ်တန်ဖိုးအရ သိန်း (၄၅၀ဝ) ဖြတ်ပြီး တော့ အခွန်ချည်းပဲကို သိန်း(၁၈၀)ဆောင်ခိုင်းတယ်။ အဲဒါကို Complain တက်တာကျ ပြန်မလုပ်ပေး ဘူး။ အပြင်ပေါက်ဈေးလို့ပြောရင် အပြင် ပေါက်ဈေးက ဒီလောက်ပဲရှိပါတယ်လို့ပြောပြန်တော့လည်း မရ ဘူး။ ဒါက အထက်က ဈေးနှုန်းဖြတ်ထား တဲ့ဈေးဖြစ်တယ်ဆိုပြီးတော့ အဲဒီဈေးကနေလွဲရင် လျှော့မပေး ဘူး။ မြေပြင်မှာ အလွဲလေးတွေတော့ရှိတာပေါ့”ဟု ကားလုပ်ငန်းရှင်တစ်ဦးကပြောသည်။