
ဆန်းကျန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အခြား အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အဖွဲ့ဝင် စီးပွားရေးအစုအဖွဲ့များအနေဖြင့် ယခုနှစ်အတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေးနယ်ပယ်၌ လက်တွေ့ကျသော ရလဒ်အရေအတွက် ၅၀ နီးပါး ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
ယခုနှစ်အစပိုင်းမှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှု မြှင့်တင်ရေး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို အထောက်အကူပြုရေး၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရေးနှင့် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လာခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီချိန်ကန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ရလဒ်များအနက် ၂၅ ခုမှာ ကုန်သွယ်ရေး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ဉာဏ်ရည်တု (AI) နှင့် နယ်စပ်ဖြတ်ကျော် e-commerce စသည့် ကဏ္ဍများမှ ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ချန်ချောင်း ၏ ပြောကြားချက်အရ သိရသည်။
၎င်းတို့တွင် ကုန်သွယ်ရေးပလက်ဖောင်းများ တည်ဆောက်ခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများနှင့် AI နည်းပညာ အသုံးပြုသည့် ကုန်သွယ်မှု စသည့် နယ်ပယ်များ ပါဝင်ကြောင်း ချန် က ပြောကြားခဲ့သည်။
"ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ AI နည်းပညာတို့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဘက်အသီးသီးက ဒီနယ်ပယ်တွေရှိ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြပါတယ်" ဟုလည်း ချန် က ဆိုသည်။
၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပမည်ဖြစ်သည်။ “ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည့် ယခုနှစ် အစည်းအဝေးတွင် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် ဦးစားပေးကဏ္ဍ သုံးခုဖြစ်သော တံခါးဖွင့်လှစ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
China, other APEC economies reach nearly 50 practical economic, trade outcomes this year
SHENZHEN, Nov. 16 (Xinhua) -- China and other Asia-Pacific Economic Cooperation (APEC) economies have reached nearly 50 practical outcomes in the economic and trade field this year, the Ministry of Commerce said on Monday.
Since the beginning of this year, the ministry has worked with relevant departments to promote cooperation on advancing regional economic integration, supporting the work of the World Trade Organization, deepening digital and intelligent cooperation, and developing the green economy, Li Chenggang, China international trade representative and vice minister of commerce, told a press conference.
Among the economic and trade outcomes, 25 come from areas including trade digitalization, artificial intelligence (AI) and cross-border e-commerce, according to Chen Chao, an official with the Ministry of Commerce.
They cover areas including platform building, practical cooperation, and AI-powered trade, Chen said.
"With the rapid development of the digital economy and AI, all parties are paying close attention to economic and trade cooperation in these fields," Chen said.
The 33rd APEC Economic Leaders' Meeting will be held in Shenzhen, Guangdong Province, on Nov. 18 and 19. This year's gathering, under the theme "Building an Asia-Pacific Community to Prosper Together," will focus on three priority areas identified by China -- openness, innovation, and cooperation. ■
Photo caption 1: Li Chenggang (C), China international trade representative and vice minister of commerce, speaks during a press conference at the media center for the 2026 Asia-Pacific Economic Cooperation (APEC) Economic Leaders' Week in Shenzhen, south China's Guangdong Province, Nov. 16, 2026. (Xinhua/Bai Xueqi)
Photo caption 2: This photo taken on Nov. 16, 2026 shows a press conference at the media center for the 2026 Asia-Pacific Economic Cooperation (APEC) Economic Leaders' Week in Shenzhen, south China's Guangdong Province. (Xinhua/Bai Xueqi)



