Myanmar Digital News

တတိယအကြိမ် လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ပြီးမြောက်ခြင်း ဂုဏ်ပြုညစာ စားပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၆

 

တတိယအကြိမ် လွှတ်တော်များ၏ တတိယပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ပြီးမြောက်ခြင်း ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ  လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ထမင်းစားခန်းမကြီး B ဆောင်၌ ကျင်းပသည်။

 

ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက Jeng Phang နော်တောင်၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယကသည် တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်ကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

 

ဂုဏ်ပြုညစာ စားပွဲအပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယကက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News