MT News
၁၇. ၁၁. ၂၀၂၆
မနက်ဖြန် နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ သမ္မတရွေးချယ်တင်မြှောက်မှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထောက်ခံမဲ ၄၂၉ မဲဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။ ထို့နောက် ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုစဥ် ပထမဆုံးမိန့်ခွန်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်ကလည်း ပြည်ထောင်စုလွှတ်တော်တွင် အစိုးရအဖွဲ့၏ ရက် ၁၀၀ ပြည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ဒုတိယအကြိမ်ပြောကြားခဲ့သဖြင့် မနက်ဖြန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြားမှုသည် နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုလွှတ်တော်၌ တတိယအကြိမ် မိန့်ခွန်းပြောကြားမှုဖြစ်လာမည်ဖြစ်သည်။