Eleven Media Group

၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက်ရန်ပုံငွေ ကျပ် ၂၂၉၀၄၉ ဒသမ ၀၄၁ သန်း ထည့်သွင်းရေးဆွဲထားသော ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်း

၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက်ရန်ပုံငွေ ကျပ် ၂၂၉,၀၄၉ ဒသမ ၀၄၁ သန်း ထည့်သွင်းရေးဆွဲထားသော ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်ကပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) တတိယနေ့အစီအစဉ်တွင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းသည် ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပေါ်တွင် မီတည်ပြီးရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကော်မတီတို့ကလည်း လွှတ်တော်သို့ အစီရင်ခံစာ ဖတ်ကြားတင်ပြခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group