နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၂၉) ရက်မြောက်နေ့ အစည်းအဝေးသို့ လာရောက် လေ့လာသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ လယ်ဝေး မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ သဘင်ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ ပြည်သူများအနေဖြင့် လွှတ်တော်ကို ယခုလို စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ၂၀၂၅ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးစသည့် မဏ္ဍိုင်ကြီး(၃)ရပ် ဖြင့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာသည့် အခြေအနေများ၊ မိမိတို့ဥပဒေပြုရေးမဏ္ဍိုင် အနေဖြင့် နိုင်ငံအကျယ်အဝန်း၊ တိုင်းရင်းသား လူမျိုးစုများနှင့် လူဦးရေအပေါ် မူတည်၍ လွှတ်တော်နှစ်ရပ်စနစ် (Bicameral) ကျင့်သုံးမှု အခြေအနေများ၊ လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် လွှတ်တော် က အသစ်ပြဋ္ဌာန်းပေးလိုက်သော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေနှင့် အခြားလက်ရှိ တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ မဏ္ဍိုင်ကြီး(၃)ရပ် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ဆောင်ရွက်နေသည့် အခြေအနေများ၊ လွှတ်တော်တွင် ပြည်သူများက ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူကိုကိုယ်စားပြုပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်း ဆောင်ရွက်ခြင်းနှင့် ပြည်သူ့အသံများကို လွှတ်တော်မှတစ်ဆင့် ဖော်ထုတ်ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ဥပဒေပြုရေး လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် လွှတ်တော် ကော်မတီများဖွဲ့စည်းမှု အခြေအနေများ၊ မိမိတို့လွှတ်တော်အနေဖြင့် ပြည်သူများ အားကိုးအားထားပြုရာ မဏ္ဍိုင်တစ်ရပ်ဖြစ်စေရန်အတွက် လွှတ်တော်ကို စွမ်းရည် မြင့်မားပြီး ပြည်သူကို ဗဟိုပြုသည့် ခေတ်မီ လွှတ်တော်ဖြစ်စေရေး အတွက် ပြည်သူ့လွှတ်တော် မဟာဗျူဟာ စီမံကိန်း (၂၀၂၇- ၂၀၃၁) (၅)နှစ် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး “ပြည်သူ့ အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်