နေပြည်တော် နိုဝင်ဘာ ၁၆
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၀ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ဦးရဲရင့်စိုးညွန့် ၏ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဘုန်းတော်ကြီး သင်ပညာရေး (ဘက)ကျောင်းများ ရေရှည်တည်တံ့ စေရန်နှင့် သင်ကြားရေး စွမ်းရည်မြင့်မားလာစေရန်အတွက် လစဉ် ဆရာ/ဆရာမ ထောက်ပံ့ငွေများကို လက်ရှိပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ များ၏ လစာနှုန်းနှင့်ကိုက်ညီအောင် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ စေတနာ့ဝန်ထမ်းအဖြစ်သာ လုပ်ဆောင်ခဲ့ပြီး ဆရာ ဆရာမများကို ထောက်ပံ့မှုမပြုခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဆရာ ဆရာမများအား ထောက်ပံ့မှု ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေအဖြစ် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၅၀၆၇ သန်း ခွင့်ပြုခဲ့ပြီး ဧပြီမှ နိုဝင်ဘာလအထိ ဆရာ ဆရာမများအတွက် စုစုပေါင်းငွေကျပ် ၃၂၉၂ ဒသမ ၄၅၈ သန်း ထောက်ပံ့ခဲ့ပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင်ရှိသည့် ဆရာ ဆရာမများကို သာသနာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုအပြင် သက်ဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအလိုက် ကျောင်းအုပ်ဆရာတော်များ၊ သီလရှင်ဆရာကြီးများ၏ အစီအစဉ်ဖြင့် ထပ်ဆောင်း ချီးမြှင့် ထောက်ပံ့မှုများရှိပါကြောင်း။
သို့ပါ၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ ဆရာမများ၏ လစဉ်ထောက်ပံ့ကြေးအား ၂၀၂၁ ခုနှစ်တွင် တတိယအကြိမ် တိုးမြှင့်ပေးထားခြင်း၊ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းအုပ် ဆရာ တော်များ၊ သီလရှင်ဆရာကြီးများမှ ထပ်ဆောင်း ထောက်ပံ့ပေးမှုများ ရှိနေခြင်းတို့ကြောင့် လစဉ် ထောက်ပံ့ကြေးတိုးမြှင့်မှုအား ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၂) ဦးကျော်တင့်၏ မန္တလေး တိုင်းဒေသကြီး လယ်ဝေးမြို့နယ် ရေနီသစ်တော ကြိုးဝိုင်းအတွင်းတွင် နောင်ဘိုကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာ အုပ်စု၊ သပြေပင်ကျေးရွာအုပ်စု လေးခုနှင့် ကျေးရွာ ပေါင်း ၁၂ ရွာမှ တောင်သူ ၃၅၀ ကျော်တို့ စိုက်ပျိုး လုပ်ကိုင်နေသော လယ်ယာမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုနှင့် ကျေးရွာ ၁၂ ရွာမှ တောင်သူ ၃၅၀ ကျော်တို့ စိုက်ပျိုးလုပ်ကိုင်နေသော စိုက်ပျိုးမြေများတည်ရှိသည့် မြေနေရာများသည် ရေနီသစ်တောကြိုးဝိုင်းမြေအတွင်း ကျရောက်နေပြီး အဆိုပါ မြေနေရာများ အပါအဝင် မြေဧရိယာ ၅၄၉၅ ဒသမ ၈၃ ဧကထဲတွင် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသည့် မြေဧရိယာ ၁၆၂၈ ဒသမ ၉၇ ဧက ရှိပြီး တင်ပြမြေများနှင့်ပတ်သက်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၀) ဦးကျော်ကျော်လတ်၏ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့အတွက် သဘာဝကျောက်မှုန့်အခြေခံ ကာဗွန်နက် ဂတစ် ဂျီအို-မြေဩဇာ အကြီးစား ထုတ်လုပ်နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာမြောက် စီမံကိန်းအဖြစ် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက သဘာဝကျောက်မှုန့် အခြေခံကာဗွန်နက်ဂတစ် ဂျီအို မြေဩဇာအဖြစ် ဗဆော့(Basalt)ကဲ့သို့ မီးတောင်ကျောက်များကို အခြေခံ၍ ထုတ်လုပ်သုံးစွဲရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်း၊ ပုဂ္ဂလိကကုမ္ပဏီများမှ စီးပွားဖြစ် ထုတ်လုပ်မည်ဆိုပါက ဝန်ကြီးဌာန အနေဖြင့် မြေဩဇာထုတ်လုပ်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်း၊ ကာဗွန်နက်ဂတစ် ဂျီအို မြေဩဇာ ထိရောက်အကျိုးရှိစွာ သုံးစွဲရေး နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
သဘာဝကျောက်မှုန့်အခြေခံ ကာဗွန်နက်ဂတစ် ဂျီအိုမြေသြဇာ အကြီးစားထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်မည့်စီမံကိန်းသည် အမျိုးသားအဆင့် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်ပြီး နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ဆိုပါက (၅)နှစ် စီမံကိန်းတွင် ထည့်သွင်းလျာထားနိုင်ရေးအတွက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် လျာထားဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သဘာဝကျောက်မှုန့်အခြေခံ ကာဗွန်နက်ဂတစ် ဂျီအို မြေဩဇာအကြီးစားထုတ်လုပ် ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးနှင့် အစိမ်းရောင်စီးပွားရေး (Green Economy) ဖော်ဆောင် မှုတို့ကို အထောက်အကူပြုစေနိုင်မည်ဖြစ်သည့် အတွက် နိုင်ငံတော်၏မူဝါဒ၊ မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်ပါကြောင်း။
သဘာဝကျောက်မှုန့် အခြေခံကာဗွန်နက်ဂတစ် ဂျီအို မြေဩဇာကို အကြီးစား (Large-Scale) ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းနှင့် ဘူမိဗေဒဆိုင်ရာ လိုအပ်ချက်များ၊ နည်းပညာနှင့် ထုတ်လုပ်မှု အခြေခံအဆောက်အအုံ၊ ကာဗွန်စုပ်ယူမှု စိစစ်အတည်ပြုခြင်းစနစ်၊ စံချိန် စံညွှန်းအသိအမှတ်ပြုလက်မှတ်၊ စိုက်ပျိုးရေးဆိုင်ရာ စမ်းသပ်မှု၊ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုစသည့် အချက်(၆)ချက်အပေါ်အခြေခံပြီး စနစ်တကျ ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်၍ ကနဦးစမ်းသပ် စီမံကိန်းများ (Pilot Projects) ဖြင့် တဖြည်းဖြည်း တိုးချဲ့ဆောင်ရွက်သွားခြင်းက ပိုမိုသင့်လျော်မှုရှိပါကြောင်း၊ သဘာဝကျောက်မှုန့်အခြေခံ ကာဗွန် နက်ဂတစ် ဂျီအိုမြေဩဇာကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ဓာတ်မြေဩဇာတင်သွင်းမှုကို လျှော့ချနိုင်မည့်အပြင် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းမည်ဖြစ်ပါကြောင်း၊ မြေဆီလွှာပြန်လည် ကောင်းမွန်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် မဟာဗျူဟာမြောက် နည်းလမ်းတစ်ခု ဖြစ်သော်လည်း ကနဦးရင်းနှီးမြှုပ်နှံမှု စရိတ်ကြီးမားခြင်းနှင့် တောင်သူများ၏ လက်ခံသုံးစွဲမှု အချိန်ယူရခြင်းစသည့် အကန့်အသတ်များရှိနေသည့်အတွက် စိစစ်ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၆) ဦးမျိုးသန့်၏ မြေယာ ဥပဒေကို ကိုင်တွယ်ကျင့်သုံးဆောင်ရွက်သူ ပြည်သူ့ ဝန်ဆောင် မြေယာကော်မတီအသီးသီး၏ ဆောင်ရွက်ချက်များအား မည်သို့ ကြီးကြပ်ထိန်းကျောင်းလျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ကိုယ်စားလှယ် မေးမြန်းထားသည့် မြေနေရာသည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ခြင်ဘို့ကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၇၂) ကွင်းအတွင်းဖြစ်ပြီး လွန်ခဲ့သော ၂၅ နှစ်ခန့်က ဧရာဝတီမြစ်ရေတိုက်စားခဲ့မှုကြောင့် ကမ်းပြိုသွားခဲ့သော မြေနေရာများ ဖြစ်ပါကြောင်း၊၂၀၁၅-၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်တိုးလာ၍ ပြန်လည်ပေါ်ထွန်းခဲ့သော မြေနေရာဖြစ်ပါကြောင်း၊ အဆိုပါ မြေနုကျွန်းမြေဧရိယာသည် ဧက ၂၄၀ ခန့် ရှိပြီး လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေ ကျဆင်းသွားသော်လည်း တိုင်းတာစိစစ်နိုင်ခြင်း မရှိသေးသော ကြောင့် ခွဲဝေချထားခြင်း မရှိသေးသော မြေနေရာများ ဖြစ်ပါကြောင်း။
တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် အညီ မြေနုကျွန်းမြေကို ခွဲဝေချထားနိုင်ရန်အတွက် ခြင်ဘို့ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တန်းစီဇယား ရေးဆွဲတင်ပြထားပြီး ဟင်္သာတမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့နှင့် ဟင်္သာတခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်၏ အတည်ပြုချက်ရယူရန် ဆောင်ရွက်လျက်ရှိပြီး မြေနုကျွန်းမြေ လုပ်ကိုင်ခွင့်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ တရားဝင်ချထားပေးခြင်း မရှိသေးပါကြောင်း။
အဆိုပါ ကွင်းအမှတ်(၁၃၇၂)ကွင်းအတွင်းရှိ ပေါ်ထွန်းလာသော မြေနုကျွန်း မြေဧက ၂၄၀ နှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာမဲ့ တောင်သူများအား လုပ်ပိုင်ခွင့်ချထားနိုင်ရေးအတွက် တန်းစီဇယားရေးဆွဲခြင်းနှင့် မြေယာလုပ်ကိုင်ခွင့် ချထားခြင်းကိစ္စရပ်များအား လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
သို့ပါ၍ ဟင်္သာတမြို့နယ် ခြင်ဘို့ကျေးရွာအုပ်စု သဲရိုးရွာအနီး ပေါ်ထွန်းသည့် မြေနုကျွန်းမြေနှင့် ပတ်သက်၍ အဆိုပါမြေနုကျွန်းမြေ ပြန်လည် ပေါ်ထွန်းလာပါက တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ခွဲဝေချထားနိုင်ရေး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်တို့ အနေဖြင့် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် မြေနုကျွန်းမြေ လုပ်ကိုင်ခွင့်ချထား ရာတွင် တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျူးလွန်မှုရှိပါက လည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁) ဒေါ်ဇင်ပပဦး၏ အခြား နည်းသုံးစွဲခွင့်မရရှိသေးသည့် လယ်ယာမြေပေါ်တွင် ငါး/ပုစွန် မွေးမြူရေးကန်ပြုလုပ်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်၍ တည်းခိုခန်း၊ KTV၊ အပန်းဖြေဥယျာဉ်နှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် မည်ကဲ့သို့ကြီးကြပ်ကွပ်ကဲ၍ အရေးယူ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ၂၀၂၃ ခုနှစ် မတ် ၁၈ ရက်မတိုင်မီ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ငါး/ပုစွန် မွေးမြူရေးကန်ပြုလုပ်ခြင်း၊ အဆောက်အအုံဆောက်လုပ်၍ တည်းခိုခန်း၊ KTV၊ အပန်းဖြေဥယျာဉ်နှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းများ အပါအဝင် အခြားနည်းကျူးလွန် အသုံးပြုမှုများကို ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် “လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (SOP)” ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး ၎င်းစံပြုလုပ်ထုံးလုပ်နည်းများနှင့် အညီ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုမှုများကို ဖြေရှင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မူလလယ်ယာမြေပေါ်တွင် စပါးနှင့် ရာသီသီးနှံများ စိုက်ပျိုး၍မရသဖြင့် ခွင့်ပြုချက်မရှိဘဲ ကျူးလွန် အသုံးပြုထားသည့် ငါးမွေးမြူရေးကန်များသည် ငါးများ မွေးမြူလျက်ရှိ၍ ဒေသ၏စားရေရိက္ခာ ထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်သဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုသင့်ကြောင်း ဆုံးဖြတ်ပါက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ပြီး စံပြုလုပ်ထုံးလုပ်နည်း (SOP)တွင်ပါရှိသော သတ်မှတ်ဒဏ်ကြေးအတိုင်း ပေးဆောင်စေ၍ ငါးမွေးမြူရေးကန်မြေအဖြစ် အခြားနည်း ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အခြားကျူးလွန်အသုံးပြုမှုများဖြစ်သော တည်းခိုခန်း၊ အပန်းဖြေဥယျာဉ်၊ စားသောက်ဆိုင်၊ KTV အပါအဝင် နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူမပြုသော အခြားစီးပွားရေး လုပ်ငန်းများဖြစ်ပါက လယ်ယာမြေအဖြစ် ပြန်လည် စိုက်ပျိုးရန် မဖြစ်နိုင်သဖြင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ခွင့်ပြုသင့်ကြောင်း ဆုံးဖြတ်ခဲ့လျှင် စံပြု လုပ်ထုံးလုပ်နည်း(SOP)တွင် ပါရှိသော သတ်မှတ် ဒဏ်ကြေး၏ အမြင့်ဆုံးရာခိုင်နှုန်းဖြင့် သတ်မှတ် ပေးဆောင်စေပြီးမှ အခြားနည်း ခွင့်ပြုပေးလျက်ရှိပါ ကြောင်း။
သို့ပါ၍ အခြားနည်းသုံးစွဲခွင့် မရရှိသေးသည့် လယ်ယာမြေပေါ်တွင် ငါး/ပုစွန် မွေးမြူရေးကန် ပြုလုပ်ခြင်း၊ အဆောက်အအုံဆောက်လုပ်၍ တည်းခိုခန်း၊ KTV၊ အပန်းဖြေဥယျာဉ်နှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့ပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ မပြဋ္ဌာန်းမီ ၂၀၁၂ ခုနှစ် ဩဂုတ် ၃၁ ရက်မတိုင်မီကာလနှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စံပြုလုပ်ထုံးလုပ်နည်းရေးဆွဲရန် အမိန့်ထုတ်ပြန်သည့် ၂၀၂၃ခုနှစ် ဩဂုတ် ၁၈ ရက် အထိ ကာလများအတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်အသုံးပြုမှုများနှင့် စပ်လျဉ်း၍ ယခင်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စံပြုလုပ်ထုံးလုပ်နည်းများ (SOP)နှင့်အညီ စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စံပြုလုပ်ထုံး လုပ်နည်းရေးဆွဲရန် ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက် နောက်ပိုင်းကာလအတွင်း လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန် အသုံးပြုမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် တည်ဆဲလယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည့်အပြင် စံပြုလုပ်ထုံး လုပ်နည်း (SOP) များနှင့်အညီ ကြီးကြပ်ကွပ်ကဲ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁) ဦးစိုးကြည်၏ တနင်္သာရီ တိုင်းဒေသကြီး အင်္ဂမော်ကျေးရွာအုပ်စု ကလင်ဘန်း ကျေးရွာ ဘိုတောင်ရပ်ရှိ ရွာပတ်လမ်း အကျယ်ပေ ၃၀၊ အလျားပေ ၂၃၀၀၊ မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာ ဘုတ်ချောင်းရပ်ရှိ အကျယ်ပေ ၂၀၊ အလျား ပေ ၁၂၀၀ ရှိ ပုလဲလမ်းနှင့် အကျယ်ပေ ၂၀ ၊ အလျား ပေ ၁၅၀၀ ရှိ ပုလဲ(၃)လမ်းတို့အား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မြိတ်မြို့နယ် ကလင်ဘန်းကျေးရွာသည် မြိတ်မြို့မှ ၁၇ မိုင်အကွာတွင်တည်ရှိပြီး ရွာပတ်လမ်း အရှည်ပေ ၁၇၀၀ ရှိပါကြောင်း၊ အရှည်ပေ ၁၂၅၀ သည် အကျယ် ၅ ပေမှ ၁၈ ပေခန့်ထိ မြေသားလမ်းပြီး အရှည် ပေ ၄၅၀ သည် လယ်မြေဖြစ်၍ လူသွားလမ်းမျှသာ ဖြစ်ပါကြောင်း။
လယ်မြေအပိုင်း ပေ ၄၅၀ တွင် ပျမ်းမျှအမြင့် ၃ ပေခန့်ဖြင့် မြေသားတာပေါင်တင်ခြင်း၊ Box Culvert တစ်စင်းနှင့် Pipe Culvert တစ်စင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၌ အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပုလဲလမ်းနှင့် ပုလဲ (၃)လမ်းတို့အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ရန် ၂၀၂၈ - ၂၀၂၉ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ရန်ပုံငွေ အမျိုးသားစီမံကိန်းစာရင်းတွင် လျာထားပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၁) ဦးစိုးကြည်၏ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု တောင်ကြီးကျေးရွာရှိ ရွာတွင်းလမ်း အလျားပေ ၇၅၀၀၊ အကျယ်ပေ ၂၀ ရှိသော ကျောက်ခင်းလမ်းပိုင်းနှင့် မြေသားလမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက အင်္ဂမော်ကျေးရွာအုပ်စု တောင်ကြီးကျေးရွာသည် မြိတ်မြို့မှ မိုင် ၂၀ အကွာ တွင်တည်ရှိပြီး တောင်ကြီးကျေးရွာ ရွာတွင်းလမ်းသည် ကန်သာယာ- တောင်ကြီး ရွာချင်းဆက်လမ်းနှင့် ချိတ်ဆက်လျက်ရှိပါကြောင်း၊ လမ်းပိုင်း (၁) စာသင် ကျောင်းလမ်းသည် အရှည်ပေ ၄၉၀၀ အမာခံမြေသား လမ်းဖြစ်ပြီး မြေသားတာပေါင်တင်၍ လမ်းချဲ့ခြင်းနှင့် Pipe Culvert ကိုးစင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။
လမ်းပိုင်း(၂) ဘုန်းတော်ကြီးကျောင်းလမ်းသည် အရှည်ပေ ၁၈၀၀ အမာခံမြေသားလမ်းဖြစ်ပြီး Pipe Culvert သုံးစင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာနှစ်၌ အကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၈ - ၂၀၂၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၉) ဦးဉာဏ်ထွန်း၏ တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကံမော်ကျေးရွာတွင် ဒေသခံပြည်သူများ လိုအပ်လျက်ရှိသော အရှည် ၆ ဖာလုံရှိ ကုန်ထုတ်လမ်းကို မြေသားလမ်းမှ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် (၂၄ ပေ x ၅ ပေ x ၅ ပေ) ရှိ Box Culvert နှစ်စင်း တည်ဆောက်ခြင်း တို့ကို ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးဦးသိုက်စိုးက ကျွန်းစုမြို့နယ် ကံမော် ကျေးရွာ ကုန်ထုတ်လမ်းသည် အရှည်ပေ ၃၉၆၀ မြေသားလမ်းဖြစ်ပြီး Box Culvert နှစ်စင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လမ်းအကျယ် ၆ ပေမှ ၁၂ ပေခန့်ထိရှိပြီး လိုအပ်သော လမ်းအကျယ်ရရှိရန် ညှိနှိုင်းပြီးဖြစ်သည့်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၌ အကြိုအင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ထုတ် လမ်း ပေ ၃၉၆၀ နှင့် Box Culvert နှစ်စင်း ဆောင်ရွက်ရန် ၂၀၂၈ - ၂၀၂၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်လမ်းကို မြေသား ၂ ပေ ဒု၊ ချင်း / ဂဝံ ၉ လက်မ ခင်းခြင်း၊ ကျောက်ရောမြေအဆင့်သာ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက် ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၈) ဦးကျော်စိန်လှ၏ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ ကမ်းခြေပတ်လမ်းအား ရေရှည်ခံနိုင်မည့် အစီအမံများဖြင့် စဉ်ဆက်မပြတ် နှစ်စဉ် ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက စစ်တွေမြို့ ကမ်းခြေပတ်လမ်းပွိုင့်မှ စစ်တွေဟိုတယ် ရှေ့ ကွန်ကရစ်တံတားငယ်အထိ ၇ ဒသမ ၈ ဖာလုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ စစ်တွေဟိုတယ်ရှေ့ ကွန်ကရစ် တံတားအဆုံးမှ ပလ္လင်ပြင်ကျေးရွာအထိလမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်နယ်မှ စီမံခန့်ခွဲသော Class A အဆင့် လမ်းဖြစ်ပါကြောင်း၊ လမ်းအရှည် ၁၁ မိုင်ရှိပြီး ၆ ဖာလုံသည် ကျောက်လမ်း၊ ၁၀ မိုင် ၂ ဖာလုံသည် မြေသားလမ်း ဖြစ်ပါကြောင်း။
ကွန်ကရစ်တံတားငယ်အဆုံးမှစ၍ ကျောက်လမ်း ၂ ဒသမ ၈၇ ဖာလုံ၊ ကျောက်စီမြေထိန်းနံရံ (ကမ်းခြေ ဘက်ခြမ်း) ပေ ၃၀၀ နှင့် (ကုန်းတွင်းဘက်ခြမ်း) ပေ ၂၀၀ တို့ကို ဆောင်ရွက်ပေးရန် ၂၀၂၈ - ၂၀၂၉ ဘဏ္ဍာနှစ်၌ ပြည်နယ်ငွေလုံးငွေရင်း၏ ရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ အစည်းအဝေးကျင်းပ ရက် ၁၈ ရက် ကျင်းပခဲ့ပြီး လွှတ်တော်၏အဓိကတာဝန် ဖြစ်သည့် ဥပဒေပြုရေးကဏ္ဍတွင် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေကြမ်း စုစုပေါင်း [၄] ခုကို ဆွေးနွေးစိစစ် အတည်ပြုနိုင်ခဲ့ပါကြောင်း။
နည်းဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထ အကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာခြင်းကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ပါကြောင်း။
မေးခွန်းများ၊ အဆိုများနှင့်စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၄၀ တို့ကို မေးမြန်းခဲ့ပါကြောင်း၊ ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက လာရောက် ဖြေကြားခဲ့ပြီး ကြယ်ပွင့်မပြမေးခွန်းများကို စာဖြင့် ဖြေကြားပေးခဲ့ပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အဆိုများနှင့်ပတ်သက်ပြီး ဆောင်ရွက်ချက် အနေဖြင့် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သော အဆို (၁) ခု နှင့် တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သောအဆို (၂) ခု စုစုပေါင်း(၃)ခုကို တင်သွင်းဆွေးနွေး အတည်ပြုနိုင်ခဲ့ပါကြောင်း။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံတကာနှင့် ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးကို ရှေးရှု၍ အမျိုးသားလွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန် လွှတ်တော်များနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း (၆)သင်းကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။
ထို့ပြင် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက လှူဒါန်းခြင်းအား လွှတ်တော် သို့တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
အခြားဆောင်ရွက်ချက်အနေဖြင့် အမျိုးသားလွှတ်တော် နံရံကပ်စာစောင်ကိုလည်း အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်တာ ကာလအတွင်း အချိန်ကို အကျိုးရှိရှိအသုံးချပြီး အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များ ပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း၊ ရှေ့ဆက်လက်ပြီး ဥပဒေပြုရေးနှင့် လွှတ်တော်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ကြေညာသည်။
သတင်းအဖွဲ့