မိုးကေနိုင်
အဖွဲ့အစည်းတစ်ခုဖြစ်လာလျှင် ထိုအဖွဲ့အစည်းတွင်ပါဝင်သော လူတစ်ဦးချင်းစီ၏ အရည်အချင်းနှင့် အလေ့အကျင့်ကောင်းများနှင့်အတူ ထိုစွမ်းရည်နှင့် ပုဂ္ဂိုလ်များပါဝင်သည့် အဖွဲ့အစည်းကြီး၏ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားမှုသည် အလွန်အရေးကြီးပါသည်။ အရည်အချင်း၊ အလေ့အကျင့်ကောင်းများနှင့် စနစ်တကျဖွဲ့စည်းမှုကသာ ထိုအဖွဲ့အစည်းကို ရေရှည်တည်တံ့သော ခိုင်မာအားကောင်းသော Sustainable Institution အဖြစ်ကို ရရှိစေမည်ဖြစ်ပါသည်။
စွမ်းဆောင်ရည်မြင့်မားခြင်း ဟူသည်
ထိုထိုသော Institution တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်အောင် ယနေ့မြန်မာ့လွှတ်တော်များ အထူးကြိုးစားနေကြသည်ကို တွေ့ရသည်။ ယနေ့ လွှတ်တော်များကား စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီဟူသော မှန်ကန်သောစနစ်တစ်ခုအောက်မှာ အရည် အချင်းပြည့်ဝသော လူသားအရင်းအမြစ်ကိုအခြေခံ၍ လွှတ်တော် ကဏ္ဍမြင့်မားတိုးတက်အောင် ကြိုးစားတည်ဆောက်နေသည်။ ချမှတ်ထားသည့် မျှော်မှန်းချက်များတွင် စွမ်းဆောင်ရည်မြင့်မားရေးဆိုသည့် အချက်တစ်ခုလည်း ပါဝင်သည်။ စနစ်တစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြင့်မားရေးသည် အသက်သွေးတမျှ အရေးကြီးသည့်အတွက် လွှတ်တော်တစ်ခုအတွက် စွမ်းဆောင်ရည် High Performing Capacity ရရှိရန်မှာ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်တာဝန်များအောင်မြင်ရေးအတွက် ကိုယ်စားလှယ်များကို အထောက်အပံ့ပြုရသော လွှတ်တော်ဝန်ထမ်းများ၏ အရည်အသွေးများအပေါ်တွင် များစွာမူတည်ပါသည်။
ထို့အတွက် စွမ်းဆောင်ရည်မြင့်မားသောလွှတ်တော်ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ကြည့်သည်။ သင်ယူလေ့လာမှုအားကောင်းပြီးသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှု၊ ဗဟုသုတအရာ ပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် ပြည်သူ အတွက်ဆိုသည့် အသိအမြင်ခံယူချက်ကောင်းများ Output ရှိထားပြီးဖြစ်မည်။ ထိုအရည်အသွေးများဖြင့် ဥပဒေပြုရေး၊ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် အပြန်အလှန်ထိန်းညှိရေး၊ ပြည်သူကို ကိုယ်စားပြုရေးတာဝန်များကို အကောင်းဆုံးနှင့် လက်တွေ့ကျကျ ထိထိရောက်ရောက် Efficiently အသုံးချနိုင်စွမ်း Outcome ရှိရမည်။ အသုံးချနိုင်ရုံဖြင့်မပြီး ပြည်သူလူထုကြီးမှာလည်း လက်တွေ့ အကျိုးကျေးဇူးခံစားရပြီး နိုင်ငံလည်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရမည့် သက်ရောက်မှုကောင်းများ Impact ရှိရမည်ဖြစ်သည်။ အများအတွက် နိုင်ငံအတွက် သက်ရောက်မှု ကောင်းများရရှိသည်အထိ လုပ်နိုင်စွမ်းရှိသည်ဟူသော ခံယူချက်သည်ပင် စွမ်းဆောင်ရည်မြင့်မားခြင်းဖြစ်ပါတော့သည်။
PRIDE အစီအစဉ်ဖြင့် သွားရောက်ခဲ့ကြသည့် အိန္ဒိယပါလီမန်ခရီးစဉ်
ထို့ကြောင့်လည်း လွှတ်တော်ကိုယ်စားလှယ်များရော လွှတ်တော် ဝန်ထမ်းများပါ အရည်အသွေးများတိုးတက်နေအောင် စဉ်ဆက်မပြတ် ကြိုးစားသင်ယူနေကြသည်၊ လေ့လာအားထုတ်နေကြခြင်းဖြစ်သည်။ မပြတ်ပြုလုပ်သည့် လွှတ်တော်တွင်း သင်တန်းများ၊ ဆွေးနွေးပွဲများတွင် တက်ရောက်လေ့လာကြသလို နိုင်ငံတကာအထိ ခြေဆန့်၍ ပြည်ပလွှတ်တော်များသို့လည်း သွားရောက်လေ့လာနေကြသည်။ ယခု တတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ အိန္ဒိယ၊ တရုတ်၊ ဘယ်လာရုစ်၊ ရုရှားလွှတ်တော်တို့သို့ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ သွားရောက်လေ့လာဖြစ်ခဲ့သည်။
ဤနေရာတွင် ပြည်ပခရီးလေ့လာမှုများအနက် လွှတ်တော်အတွက်၊ ပြည်သူအတွက်၊ နိုင်ငံအတွက် အကျိုးရှိသည်အထိ ထိထိရောက်ရောက် လေ့လာသင်ယူနိုင်ခဲ့ကြသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ အထောက်အကူပြု ဝန်ထမ်းများပါဝင်သော အိန္ဒိယလွှတ်တော်လေ့လာရေးခရီးစဉ် တစ်ခုကို နမူနာပြုတင်ပြလိုပါသည်။
ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌတို့ ဦးဆောင်သော ခရီးစဉ်တစ်ခုဖြစ်ပါသည်။ အိန္ဒိယနိုင်ငံပါလီမန် ၏ "PRIDE" အစီအစဉ်ဖြင့် ပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့် သင်တန်း "Capacity Development Programme" သို့ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ တက်ရောက် လေ့လာခဲ့ကြခြင်းဖြစ်သည်။ PRIDE (Parliamentary Research and Training Institute for Democracies) သည် လွှတ်တော်ဆိုင်ရာ သင်တန်း၊ သုတေသနနှင့် အသိပညာဖလှယ်ရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် အိန္ဒိယလွှတ်တော်ဆိုင်ရာ သုတေသနနှင့် Training Centre တစ်ခုအဖြစ် ဆိုရမည်ဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယအောက်လွှတ်တော် Lok Sabha ဥက္ကဋ္ဌ၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့် နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။ ဆွေးနွေးပွဲအစီအစဉ်များတွင် အိန္ဒိယနိုင်ငံပါလီမန်များ၏ အခန်း ကဏ္ဍနှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်၊ ပါလီမန်ကော်မတီစနစ်များနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီများအကြောင်း၊ မဲဆန္ဒနယ်မြေအလိုက် ကိုယ်စားလှယ်များ၏ စီမံခန့်ခွဲမှုစနစ်များ၊ ပြည်နယ်ဥပဒေပြု၊ ပြည်နယ် အဖွဲ့အစည်းများနှင့် ဗဟိုအဆင့်ကြား ဆက်သွယ်ရေးလမ်းကြောင်းများ တည်ဆောက်ထားပုံ၊ ပါလီမန်ကိုယ်စားလှယ်များ၏ မိမိမဲဆန္ဒနယ်အတွင်း ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ (Members of Parliament Local Area Development Schemes - MPLADS) နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဆိုင်ရာများ၊ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပြင်ဆင်ပုံများ၊ ဘတ်ဂျက်လုပ်ငန်းစဉ်နှင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံမှုအခြေအနေများ၊ အိန္ဒိယ နိုင်ငံခြားရေးမူဝါဒနှင့် ပါလီမန်အကြီးအမှူးများ၏ ခေါင်းဆောင်မှုအကြောင်းအရာများကို လေ့လာခြင်း၊ မျှဝေဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ကြပါသည်။
ခရီးစဉ်အတွင်း နယူးဒေလီရှိ UNESCO ကမ္ဘာ့သမိုင်းဝင်အမွေ အနှစ်နေရာများ၊ ပရာဒန်မန်ထရီဆန်ဂရာဟာရာပြတိုက်များသို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။ ထိုသို့ တက်ရောက်လေ့လာ ခြင်းဖြင့် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင် ရည်များ ပိုမိုမြင့်မားတိုးတက်လာခဲ့ပြီး သင်တန်းမှ လေ့လာရယူခဲ့သော အတွေ့အကြုံကောင်းများကိုသုံးသပ်ကာ မြန်မာလွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ခွင့် ရရှိခဲ့သည့်အပြင် မြန်မာ-အိန္ဒိယ လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း ကောင်းစွာအထောက်အကူပြုခဲ့ကြောင်း တွေ့ရပါသည်။
လေ့လာရေးခရီးစဉ်အတွင်း အိန္ဒိယလွှတ်တော်လုပ်ငန်းစဉ်များအားလုံးသည် Evidence based အထောက်အထားအချက်အလက် အခြေပြုလုပ်ငန်းစဉ်များဖြစ်သည်ကို သတိပြုမိသည်။ ဆိုလိုသည်မှာ ဥပဒေပြုရေး၊ မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများ စသည် အားလုံးသည် သုတေသနအချက်အလက်များပေါ်တွင် အခြေခံသည်ကို တွေ့ရသည်။ သို့မှသာ မူဝါဒများကို အသေးစိတ်လေ့လာစိစစ် ခြင်း Policy Analysis ပြုလုပ်ရာတွင် တိကျ၍ခိုင်မာမှုရှိသည်ဟု ဆိုသည်။ ပွင့်လင်းမြင်သာမှုနှင့် အားကောင်းသောတာဝန်ခံမှုကို တိုးတက်လာသော Digital နည်းပညာက ထပ်ဆောင်းအထောက် အကူပြုပေးသည်။
ထို့ပြင် သီးခြားလေ့လာမေးမြန်းပြီးမှ စုံစမ်းသိရှိရသည်များလည်း ရှိပါသေးသည်။ အိန္ဒိယပြည်နယ်များတွင် ဝန်ကြီးချုပ်နှင့် သမ္မတက ခန့်အပ်သော အုပ်ချုပ်ရေးမှူးအကြား အာဏာခွဲဝေပုံနှင့်ပတ်သက်၍ ယင်း model သည် မဏ္ဍိုင်သုံးရပ်အကြား power sharing နှင့်power checking ဖြစ်နေပြီး Check and balanced နမူနာကောင်းတစ်ခုဖြစ်ကြောင်း ရှင်းပြသည်ကို နားထောင်ခဲ့ရသည်။
အိန္ဒိယပါလီမန်၌ မြန်မာနိုင်ငံလွှတ်တော်များတွင် ကျင့်သုံးနေသော မေးခွန်းမေးမြန်းခြင်း Question hour အပြင် အရေးကြီး/အရေးပေါ်မဲဆန္ဒနယ်အရေးများ၊ ပြည်သူ့အရေး၊ နိုင်ငံ့အရေးကိစ္စများ ပေါ်ပေါက်လာပါက အစိုးရ၏ ချက်ချင်းအာရုံစိုက်မှုရရှိစေရန် ကိုယ်စားလှယ်များက တင်ပြသည့် Zero hour ခေါ်သည့် ပါလီမန် ကျင့်စဉ်တစ်ခုအကြောင်းကိုလည်း သိရှိခဲ့ရသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်တွင် လက်ရှိဆောင်ရွက်နေသည့် သရုပ်ပြ Mock Parliament နှင့် ပွင့်လင်းလွှတ်တော် Open Parliament ဆိုင်ရာ အကြောင်းအရာများကိုလည်း သိရှိခွင့်ရခဲ့သည်။ Mock Parliament ဆိုသည်မှာ လွှတ်တော်သို့ ဖိတ်ခေါ်ထားသည့် ကျောင်းသားကလေးသူငယ်များအား လွှတ်တော်လုပ်ထုံးလုပ်နည်းများကို ကြိုတင်ရှင်းပြထားပြီး လွှတ်တော်ကျင်းပပုံကို ကျောင်းသားများကိုယ်တိုင် ပါဝင်သရုပ်ပြသခြင်းအစီအစဉ်ဖြစ်သည်။ Open Parliament ဆိုသည်မှာ လွှတ်တော်သို့ လာရောက်လေ့လာသည့် ကျောင်းသားများ၊ ဆရာဆရာမများနှင့် လေ့လာရေးဧည့်သည်များကို လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လွှတ်တော်၏အနှစ်သာရ များကိုရှင်းပြပြီး ဧည့်သည်များက သိလိုသည်များနှင့် သူတို့၏အမြင် များကို ရင်းရင်းနှီးနှီးတွေ့ဆုံဖြေကြားဆွေးနွေးခြင်း အစီအစဉ် ဖြစ်သည်။ အိန္ဒိယလွှတ်တော်များတွင်မူ ပါလီမန်ရေးရာဝန်ကြီးဌာန အစီအစဉ်ဖြင့် Youth Parliament အစီအစဉ်များကို တက္ကသိုလ် ကောလိပ်များတွင် သင်ရိုးညွှန်းတမ်းအဖြစ်ထည့်သွင်း၍ စနစ်တကျ အကောင်အထည်ဖော်နေကြောင်း သိရှိခဲ့ရသည်။
နောက်ထပ် ပြည်သူ့လွှတ်တော်တွင် ထူးခြားချက်တစ်ခုမှာ နိုင်ငံခြားခရီးစဉ်တစ်ခုပြီးတိုင်းတွင် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများက ခရီးစဉ်အတွေ့အကြုံ၊ သင်ခန်းစာဖော်ထုတ်ချက်နှင့်တကွ မြန်မာ့လွှတ်တော်များတွင် ပြန်လည်အသုံးချနိုင်မည့်အချက်များကို ပြန်လည်ရှင်းလင်းတင်ပြခြင်း အစီအစဉ်ဖြစ်သည်။ ရှင်းလင်းတင်ပြမှုတိုင်းကို လွှတ်တော်ဥက္ကဋ္ဌက အလေးအနက်နားထောင်သည်။ ဆိုလိုသည်မှာ ဆောင်ရွက်မှုတိုင်းတွင် ရလဒ်နှင့်တင်မပြီးဘဲ အကျိုးရှိထိရောက်မှုရှိပြီး သက်ရောက်မှုကောင်းရန်အထိ လိုအပ်ချက်ကို ဖြည့်ဆည်းရန် တွန်းအားပေးခြင်း အဓိပ္ပာယ်ပင်ဖြစ်ပါသည်။
အချုပ်အားဖြင့် လေ့လာရေးခရီးစဉ်တိုင်းက မြန်မာလွှတ်တော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချနိုင်မည့် အတွေ့အကြုံ၊ အသိပညာနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားစေမည့် အခွင့်အလမ်းများစွာကို ရရှိစေသည်သာဖြစ်သည်။ စွမ်းဆောင်ရည်မြင့်မားသော လွှတ်တော်တစ်ရပ်ဖြစ်လာရန်အတွက် အဆောက်အအုံနှင့် နည်းပညာတိုးတက်မှုသာမက အချက်အလက်နှင့် အထောက်အထားအခြေပြု ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်ဖြင့် မြန်မာနိုင်ငံနှင့်လည်း ကိုက်ညီမည့် Sustainable Institution ဖြစ်ရန် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား အားထုတ်နေရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။