နေပြည်တော် နိုဝင်ဘာ ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျေးရွာချင်းဆက်လမ်းများ ကျောက်ချောလမ်း ဆောင်ရွက်ပေးနိုင်ရေး၊ အမျိုးသမီးများ၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာများ စိုက်ပျိုးရေနှင့်သောက်သုံးရေရရှိရေး၊ အားကစားကွင်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ ပြင်းထန် အယ်လ်နီညိုရာသီဥတုဘေး ကြိုတင်ကာကွယ်ရေး၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် ဝန်ထမ်း၊ ဆေးပစ္စည်းဖြည့်တင်းပေးနိုင်ရေး၊ ဓာတ်အားခွဲရုံအသစ် တည်ဆောက်ပေးရေး၊ လယ်ယာ၊ စက်ရုံ၊ အလုပ်ရုံနှင့် ငါးဖမ်းလုပ်ငန်းများအတွက် စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ပေးနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၁၅ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာ - နောင်ဘိုအိုး - ကံကြီး ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာ - နောင်ဘိုအိုး - ကံကြီးကျေးရွာ ရွာချင်းဆက်လမ်းသည် အရှည် ၂ မိုင် ၆ ဒသမ ၆၂ ဖာလုံ အမာခံလမ်းအား ရာသီမရွေး ဆက်သွယ်သွားလာနိုင်ရန် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာနှစ်တွင် ၂ မိုင်အား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် ကျန်အပိုင်းများ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ရန် ရန်ပုံငွေတွင် လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တောင်ကြီးမဲဆန္ဒနယ်မှ နန်းကျင်း(ခ)နန်းစိန်၏ အမျိုးသမီးထု၏ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ ဥပဒေ၊ စီမံကိန်းများ ချမှတ်ထားရှိမှုနှင့် IDP စခန်းများရှိ အမျိုးသမီးများ၏ လုံခြုံရေးအတွက် အရေးပေါ်စီမံကိန်းများ မည်သို့ချမှတ်ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နေသွယ်ကြည်က အမျိုးသမီးရေးရာဝန်ကြီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အမျိုးသမီးများနှင့် ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် အမျိုးသမီးငယ်ရွယ်များအတွက် သင်တန်းကျောင်း ရှစ်ကျောင်းတွင် လက်ခံစောင့်ရှောက်ထားပြီး အတန်းပညာ ဆက်လက်သင်ယူစေခြင်း၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊ ပြင်ပအလုပ်အကိုင်ရှာဖွေပေးခြင်း၊ လူမှုအဖွဲ့အစည်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းတို့ကို ဆောင်ရွက် ပေးနေပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွင် ပါဝင်သည့် “သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ရာ၌ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများအား ဦးစားပေးကူညီစောင့်ရှောက်ရမည်၊ ဘေးသင့်သူများအား ထောက်ပံ့ကူညီရာတွင် လူ့ဂုဏ်သိက္ခာထိခိုက်စေမည့် ပြုမူဆောင်ရွက်မှုမျိုး မဖြစ်စေရန်ရှောင်ကြဉ်ရမည်”ဟူသော အချက်နှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိရာ IDP Camps ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၏ ကျိုင်းတုံမြို့နယ် လွယ်မွေဒေသရှိ ကျေးရွာပေါင်း ၁၉ ရွာတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေးအတွက် နောင်လျန်လျှိုပိတ်တမံ တည်ဆောက်ပေးရန် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကျိုင်းတုံ နောင်လျန် လျှိုပိတ်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် အကြိုပြင်ဆင်ခြင်းနှင့် လုပ်ငန်းတွင် အသုံးပြုမည့် စက်ယန္တရားများကြံ့ခိုင်ရေး အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီးဖြစ်ပါ၍ ရန်ပုံငွေရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တမံတည်ဆောက်နိုင်ရန်အတွက် ၂၀၂၇ -၂၀၂၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံထားပြီးဖြစ်၍ ရန်ပုံငွေ ရရှိပါက လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ ကလေးခရိုင် ပြည်သူ့အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ပြည်သူ့အားကစားကွင်းအတွင်းရှိ အထူးတန်းပွဲကြည့်စင် ပြုပြင်ခြင်းလုပ်ငန်းနှင့် မိုးလုံလေလုံ အားကစားခန်းမ ပြုပြင်ခြင်းလုပ်ငန်းများအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြတောင်းခံပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သင့်လျော်သော ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် လျာထားတင်ပြတောင်းခံပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၏ ကော့မှူးမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ပွဲကြည့်စင်၊ စားရိပ်သာနှင့် အိမ်သာတို့အား တိုးချဲ့ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့အားကစားကွင်းအား တိုးချဲ့ပွဲကြည့်စင် နှစ်ခု ဆောက်လုပ်ခြင်းနှင့် ခြောက်ခန်းတွဲ သန့်စင်ခန်း တစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
တိုးချဲ့စားရိပ်သာဆောက်လုပ်ရန်မှာ အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်မှုများအား ခရိုင်အဆင့်အားကစားကွင်းများတွင်သာ ပြုလုပ်လျက်ရှိပြီး ကော့မှူးမြို့နယ် အားကစားကွင်းသည် မြို့နယ်အဆင့်အားကစားကွင်းဖြစ်သည့်အတွက် စားရိပ်သာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား လတ်တလောအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ ပြင်းထန်အယ်လ်နီညို ဖြစ်ပေါ်နေသည့် ကာလအတွင်း ရာသီဥတုဆိုးရွားစွာ ပြောင်းလဲဖြစ်ပေါ်နေမှုများမှ ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် လူထုအခြေပြုပါဝင်ဆောင်ရွက်နိုင်ရေး အသိပေး ကြော်ငြာထုတ်ပြန်မည့် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွန်းက ပစိဖိတ်သမုဒ္ဒရာအတွင်း အယ်လ်နီညို ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အမြဲမပြတ် စောင့်ကြည့်လေ့လာ၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အစွန်းရောက်အပူလှိုင်းများ ဖြစ်ပေါ်နိုင်ခြေရှိကြောင်း ကြိုတင်သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိပါကြောင်း။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအရေးပေါ် အခြေအနေများတွင် လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်များ၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ ကွင်းဆင်းအဖွဲ့များ ၁၅၆၂ ဖွဲ့ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။
သက်ဆိုင်ရာ နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း၍ အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်မည့် နေရာများကို ကြိုတင်ရွေးချယ်လျာထားခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ ပေးအပ်ခြင်းနှင့် လျာထားသည့် နေရာများသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပွားတတ်သော ရောဂါများဖြင့် လာရောက်ပြသသော လူနာများအား စနစ်တကျ လက်ခံကုသပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ လုံလောက်၍ ဘေးကင်းသော ရေအရင်းအမြစ်နှင့် အရေးပေါ်လျှပ်စစ်မီးရရှိနိုင်ရေး၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း supply chain ပြတ်တောက်မှုမရှိစေရန်နှင့် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန့်ရှင်းသော သောက်ရေနှင့် လုံလောက်သောသုံးရေ ဖူလုံစွာရရှိနိုင်ရေးအတွက် ဒေသအလိုက် မြေပေါ်ရေ၊ မြေအောက်ရေ အရင်းအမြစ်ရရှိမှုများအပေါ် မူတည်၍ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံ၏ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးရန်၊ ဓာတ်လှေကားနှင့် Oxygen Plant တို့အား အမြန်ပြုပြင်လဲလှယ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သော အထူးကုဆရာဝန် (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်)၊ အထူးကုဆရာဝန် (စိတ်ကျန်းမာ)၊ အထူးကုဆရာဝန် (အရေပြား)၊ အထူးကုဆရာဝန် (ကင်ဆာရောဂါ)၊ အထူးကုဆရာဝန် (မှုခင်း)တို့အား ခန့်ထားပေးနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။
စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် လူနာနှင့် သူနာပြုဦးရေအချိုးအရ လက်ရှိအခြေအနေတွင် လူနာများအား လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပါကြောင်း၊ သစ်လွင်သူနာပြုများခန့်ထား ချိန်တွင် လုပ်ငန်းလိုအပ်ချက်နှင့် ခွဲတမ်းရရှိနိုင်မှုအပေါ် မူတည်၍ ထပ်မံခန့်ထားပေးမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့ ခုတင်(၃၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးရှိ Oxygen Plant (NZO-30)နှင့် ဓာတ်လှေကား (Toco)တို့အား ပြင်ဆင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သာမန်အသုံးစရိတ်ဖြင့် ပြုပြင်ပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီ၏ ထန်းတပင်မြို့နယ် မရွှေဥကျေးရွာအနီးတွင် မြေနှင့် ကျေးလက် ကျန်းမာရေးဌာန(ခွဲ) အဆောက်အအုံလှူဒါန်းမည် ဖြစ်ပါသဖြင့် ခွင့်ပြုမိန့် ဆောင်ရွက်ပေးရန်နှင့် ဆောက်လုပ်ပြီးပါက ဝန်ထမ်းနှင့်ပစ္စည်းအင်အား ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများ ဆောက်လုပ်လှူဒါန်းရာတွင် ကျေးလက်ကျန်းမာရေး ဌာန/ဌာနခွဲ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောက်လုပ်လှူဒါန်းခွင့်ပြုပါကြောင်း၊ မရွှေဥကျေးရွာသည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပန်းတိုင်ကျေးလက်ကျန်းမာရေးဌာန ရေစိုကျေးလက် ကျန်းမာရေးဌာနခွဲအပိုင်တွင် တည်ရှိပြီး ရန်ကုန်/ ပုသိမ်ကားလမ်းမကြီးဘေးတွင် တည်ရှိပါကြောင်း၊ မရွှေဥကျေးရွာနှင့် အနီးကျေးရွာတွင် ချော်နဲကုန်းကျေးရွာဖြစ်ပြီး မရွှေဥကျေးရွာတွင် လူဦးရေစုစုပေါင်း ၁၄၀၇ ဦးနှင့် ချော်နဲကုန်းကျေးရွာ၏ လူဦးရေမှာ ၁၉၆ ဦးရှိပါကြောင်း၊ ရေစိုကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် မရွှေဥကျေးရွာသည် ၁ ဒသမ ၅ မိုင်ခန့်ကွာဝေးပြီး နွေ၊ မိုး၊ ဆောင်း သွားလာနိုင်သော ကွန်ကရစ်လမ်းရှိပြီး ကား၊ ဆိုင်ကယ်တို့ဖြင့် သွားလျှင် ၁၀ မိနစ်ခန့်သာ ကြာမြင့်ပါကြောင်း၊ ရေစိုကျေးလက်ကျန်းမာရေး ဌာနခွဲအောက်တွင် ကျေးရွာ ရှစ်ရွာရှိပြီး လူဦးရေ ၅၀၉၆ ဦးအား သားဖွားဆရာမ တစ်ဦးနှင့် ကျန်းမာရေး မှူး(၄) တစ်ဦး စုစုပေါင်း နှစ်ဦးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း။
မရွှေဥကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပါက အများဆုံး လာရောက်ပြသမည့် ကျေးရွာများမှာ မရွှေဥကျေးရွာနှင့် ချော်နဲကုန်းကျေးရွာ နှစ်ရွာသာရှိပြီး လူဦးရေအားဖြင့် ၁၆၀၃ ဦးသာရှိပါကြောင်း၊ မြေပြင်အခြေအနေပေါ် သုံးသပ်ချက်အရ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ရန်အတွက် လိုအပ်ချက်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မြောက်ဥက္ကလာပမြို့နယ်တွင် ဓာတ်အားခွဲရုံ အသစ်တစ်လုံးအား မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရန်ပုံငွေတို့ဖြင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းအသစ်များ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများ၊ ဓာတ်အားဖြန့်ဖြူးရေးထရန်စဖော်မာများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်ခြင်းနှင့် အစားထိုးတည်ဆောက်ခြင်း၊ မီတာများ ဝယ်ယူခြင်း၊ Advanced Metering Infrastru-cture စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို နှစ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေးဆွဲထားသည့် အစီအမံများနှင့်အညီ ခွဲဝေခွင့်ပြုရရှိမည့် ရန်ပုံငွေအပေါ် မူတည်၍ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လက်ရှိအခြေအနေတွင် မြောက်ဥက္ကလာပမြို့နယ်၌ ဖြန့်ဖြူးရေးခွဲရုံ ရှစ်ရုံ တည်ဆောက်ခွင့်ရရှိထားပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ရွှေတောင်မဲဆန္ဒနယ်မှ ဦးတင်ရွှေ၏ ရွှေတောင်မြို့နယ် ပြည်တောင်တန်းရေနံမြေ- ကွေ့မအုပ်စု ဆိပ်ကမ်းလမ်းအား အဆင့်မြှင့်တင်ပေးမည်ဆိုပါက ဒေသခံပြည်သူများက ကူညီပေးလိုပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြည်တောင်တန်း ရေနံမြေစခန်းအမှတ်(၂) နှင့် ကွေ့မသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်းအရှည် ၇ မိုင်ကို အကျယ် ၁၅ ပေ၊ ၁ ပေထုရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်မည်ဆိုပါက ဒေသပေါက်ဈေးနှုန်းများဖြင့် တွက်ချက်မှုအရ ခန့်မှန်းငွေကျပ် ၆ ဒသမ ၅ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး အဆိုပါရေနံမြေသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက တာဝန်ယူဆောင်ရွက်နေသည့် ရေနံမြေဖြစ်ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု အကျိုးရရှိစေရန် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု အကျိုးရရှိစေရေး ဆောင်ရွက်နေရသော လုပ်ငန်းအနေဖြင့် ဌာန၏လုပ်ငန်းများအတွက် အခါအားလျော်စွာသာ အသုံးပြုနေရသည့်လမ်းအား အဆင့်မြှင့်တင်နိုင်ရေး ရန်ပုံငွေလျာထားတောင်းခံရန် ခက်ခဲပါသဖြင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် လက်ရှိမြေသားလမ်း ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်သောနေရာများအား ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နယ်မြေခံပြည်သူများနှင့် ပူးပေါင်းပြီး အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသန်းရွှေ၏ မွန်ပြည်နယ်ရှိ လယ်ယာကဏ္ဍများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ငါးဖမ်း စက်လှေများအတွက် စက်သုံးဆီကို တစ်မြို့နယ်လျှင် တစ်ဆိုင် သီးသန့်ရောင်းချပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း က မွန်ပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသည် စက်သုံးဆီရောင်းချမှုအား QR Code/Bar Code စနစ်ဖြင့်လည်းကောင်း၊ QR Code/Bar Code စနစ်ဖြင့် ဝယ်ယူနိုင်ခြင်းမရှိသည့် ထွန်စက်၊ ထော်လာဂျီ စသည်တို့အတွက် စာရင်းမှတ်စနစ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီလိုအပ်သော လုပ်ငန်းကဏ္ဍ အမျိုးအစားအလိုက် အချက်အလက် အထောက်အထားများဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလာပါက သက်ဆိုင်ရာ ဌာနများမှ စနစ်တကျစိစစ်စေပြီး လုပ်ငန်းအမျိုးအစားအလိုက် အမှန်တကယ် လိုအပ်သော စက်သုံးဆီပမာဏကို လုံလောက်စွာ ခွင့်ပြုရောင်းချပေးလျက် ရှိပါကြောင်း။
လယ်ယာကဏ္ဍဖြစ်သည့် မိုးစပါးရိတ်သိမ်း ခြွေလှေ့ခြင်းလုပ်ငန်းများအတွက် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများနှင့်အနီးဆုံးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၁၉ ဆိုင်ကို မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်း လုပ်ငန်းများအတွက် ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် စက်သုံးဆီ ဂါလန် ၃ သိန်း ၆ သောင်းကျော်ကို ရောင်းချနိုင်ရေး ခွဲဝေချထားပြီးဖြစ်ပါကြောင်း။
လယ်ယာကဏ္ဍအပြင် စက်ရုံ၊ အလုပ်ရုံများ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေများအတွက်လည်း မြို့နယ် ၂၁ မြို့နယ်မှ စက်သုံးဆီအရောင်းဆိုင် ၄၂ ဆိုင် ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် စက်သုံးဆီ ၃၀၃၉၅၇ ဂါလန် ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် လယ်ယာကဏ္ဍ အသုံးပြုရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် စက်သုံးဆီများ လျှောက်ထားလာပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ရေနံဓာတုဗေဒစက်ရုံ (သံပရာကန်)၏ ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် လက်ကျန်အခြေအနေအပေါ် မူတည်ပြီး ရောင်းချပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းကံ၏ မိုင်းရှူးမြို့ရှိ နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေးအတွက် RC လေးထပ်ဆောင် တစ်လုံးကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်က ရှမ်းပြည်နယ် မိုင်းရှူးမြို့တွင် ဝန်ထမ်းအိမ်ရာများကို စီမံဆောက်လုပ်ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြေနေရာရရှိရေးကို ကနဦးလျာထားဆောင်ရွက်ရမည်ဖြစ်ပြီး မြေနေရာသတ်မှတ်ပြီးလျှင် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်ကို စိစစ်၍ နှစ်အလိုက် ရန်ပုံငွေလျာထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လတ်တလောအခြေအနေအရ လျာထားဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မက်မန်းမဲဆန္ဒနယ်မှ ဦးရန်ကျော်၏ မက်မန်းမြို့တွင် အရာထမ်းအိမ်ရာ တစ်လုံးနှင့် အမှုထမ်းအိမ်ရာ နှစ်လုံးတို့အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်က ရှမ်းပြည်နယ် မက်မန်းမြို့တွင် ဝန်ထမ်းအိမ်ရာများကို စီမံဆောက်လုပ်ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြေနေရာရရှိရေးကို ကနဦး လျာထားဆောင်ရွက်ရမည်ဖြစ်ပြီး မြေနေရာ သတ်မှတ်ပြီးလျှင် နှစ်အလိုက် ခွင့်ပြုရန်ပုံငွေအပေါ် မူတည်၍ ပြည်နယ်အတွင်း မြို့အလိုက် အိမ်ရာအခက်အခဲရှိသော ဝန်ထမ်းအိမ်ရာများကို လျာထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းနှင့် လတ်တလောအခြေအနေအရ လျာထားဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်၏ အောင်လံခရိုင်အတွင်း ရန်ကုန်- ပြည်- မန္တလေး လမ်းပိုင်းများအား စာချုပ်ပါအတိုင်း မည်ကဲ့သို့ ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်နှင့် ပျက်စီးနေသည့်လမ်းပိုင်းများအား အမြန်ဆုံးပြုပြင်နိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်က မကွေးတိုင်းဒေသကြီး အောင်လံခရိုင်အတွင်း BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန် - ပြည်- မကွေး - မန္တလေးလမ်းပိုင်းအား လမ်းသားချောမွေ့ကောင်းမွန်စေပြီး ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား နှစ်စဉ်စီမံချက်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိပြီး စီမံချက်များအတိုင်း ပြီးစီးအောင် လမ်းဦးစီးဌာန၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်က အနီးကပ်ညွှန်ကြား၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှ၏ ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ပြည်ထောင်စုလမ်းမကြီး (၃)မိုင်အား အဆင့်မြှင့်တင်ပေးရန်နှင့် လမ်းပခုံးသားများ ပြုပြင်ချဲ့ထွင်ပေးပါရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်က ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ပြည်ထောင်စုလမ်းမကြီး (၃)မိုင်သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း၏ မိုင်တိုင်(၂၆၂/၆)မှ (၂၆၅/၆)အထိ ၃ မိုင်အရှည်ရှိသည့် လမ်းအပိုင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသော လမ်းဖြစ်၍ လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ၁၈ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၆ ဒသမ ၆ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၁ ဖာလုံနှင့် ကျောက်စီရေမြောင်းတည်ဆောက်ခြင်း ၅၅၈ ပေ ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၄ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်း ၇ ဖာလုံ ဆောင်ရွက်ရန် လျာထားပါကြောင်းနှင့် ကျန်ရှိသည့် လမ်းပိုင်းအား ၁၈ ပေ အကျယ် ကတ္တရာလမ်းအဆင့်မှ ၂၄ ပေ အကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းနှင့် အမာခံလမ်းပခုံးပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် (ဖြည့်စွက်)ရန်ပုံငွေမှ စတင်၍ နှစ်အလိုက် လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အချိန်ကပ်ပြီး ထပ်မံရောက်ရှိလာသည့် မေးမြန်းရန်ကျန် ကြယ်ပွင့်ပြ မေးခွန်း ၃၂ ခုနှင့် ဖြေဆိုရန်ပေးပို့ထားဆဲ ကြယ်ပွင့်ပြမေးခွန်း ၆၆ ခု ကျန်ရှိနေပါကြောင်း၊ အဆိုပါမေးခွန်းများကို တတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဦးစားပေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယခုကျင်းပလျက်ရှိသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၉ ရက် ကျင်းပခဲ့ပါကြောင်း၊ လွှတ်တော်၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည့် ဥပဒေပြုရေး လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် တတိယပုံမှန်အစည်းအဝေးကာလအတွင်း ဥပဒေကြမ်း လေးခု အတည်ပြုခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း။
ပြည်သူ့လွှတ်တော်၊ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအနေဖြင့် “မြေအောက်ရေ စီမံခန့်ခွဲမှုဥပဒေကြမ်း”ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း၊ နည်းဥပဒေများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး နည်းဥပဒေ သုံးခုကို လွှတ်တော် ကိုယ်စားလှယ်များ လေ့လာနိုင်ရန် ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း။
ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီ (၂၂) ရပ်၏ ဆောင်ရွက်ချက်များအနေဖြင့် စိစစ်ရန် ခွဲဝေပေးထားသည့် တည်ဆဲဥပဒေများကို စိစစ်သုံးသပ်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အစည်းအဝေးကာလအတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇၈)ကြိမ်၊ ပြင်ပဧည့်သည်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၉၆) ကြိမ်၊ သီးခြားအလုပ်ရုံဆွေးနွေးပွဲ (၁၉) ကြိမ်နှင့် Seminar (၁၃) ကြိမ်ကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွှတ်တော်အစည်းအဝေးကာလ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၈၇ ခု၊ ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၂၅၃ ခုကို ကိုယ်စားလှယ် ၂၂၃ ဦးက မေးမြန်းခဲ့ကြပြီး အဆို ကိုးခုကိုလည်း တင်သွင်းခဲ့ကြပါကြောင်း။
ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၂၈၇ ခုတွင် ကတိကဝတ်အဖြစ် ၁၅၂ ခု၊ ကတိမဖြစ် ၁၂၀ ရှိခဲ့ပါကြောင်း၊ ကြယ်ပွင့် မပြမေးခွန်းပေါင်း ၂၅၃ ခုတွင် ကတိကဝတ်အဖြစ် ၁၅၁ ခု၊ ကတိမဖြစ် ၇၄ ခု ရှိခဲ့ပါကြောင်း၊ ဆွေးနွေးပြီးခဲ့သည့် အဆို (၇) ခုတွင် အတည်ပြု (၁) ခုနှင့် မှတ်တမ်းတင် စောင့်ကြည့် (၆) ခုတို့ ဖြစ်ပါကြောင်း။
သက်တမ်းအားဖြင့် တိုတောင်းသေးသည့် မိမိတို့ လွှတ်တော်အကြောင်းကို ပိုမိုသိရှိနားလည်စေရန်နှင့် မျက်မြင်ဖြစ်စေရန် ရည်ရွယ်ပြီး ပထမအဆင့်အနေဖြင့် လွှတ်တော်လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ပြီး ပြည်သူနှင့် နီးစပ်စွာ ထိတွေ့ရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ လာရောက်လေ့လာသူများကို တာဝန်ရှိသူတို့က မြေပြင်တွင် လိုက်လံရှင်းလင်းပြသခြင်း၊ ဥက္ကဋ္ဌက သီးခြားတွေ့ဆုံပြီး လွှတ်တော်၏ အခန်းကဏ္ဍ၊ စုဖွဲ့မှု၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောဆိုခြင်း၊ သိလိုသည်များကို မေးမြန်းဖြေကြားခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါကြောင်း။
ယခုကာလအတွင်း ကျောင်းသား ကျောင်းသူများ၊ နိုင်ငံရေးပါတီဝင်များ၊ ဝန်ထမ်းများ၊ အလွှာစုံက လူပုဂ္ဂိုလ်များအပါအဝင် လာရောက်လေ့လာသူပေါင်း ၁၂၆၅ ဦးရှိခဲ့ပြီး ပထမအကြိမ် ပုံမှန်အစည်းအဝေး ကာလမှ ယနေ့အထိ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အနုပညာရှင်များအပါအဝင် လေ့လာသူ ၃၀၀၀ ကျော်ရှိခဲ့ပါကြောင်း။
ဒုတိယအဆင့်အနေဖြင့် လေ့လာရေးလာရောက်သူများ လွှတ်တော်ဆောင်ရွက်ချက်များကို စိတ်ဝင် တစားရှိစေရန်အတွက် ဆောင်ရွက်ရသည့် သရုပ်ပြ လွှတ်တော်ကို နှစ်ကြိမ်တိုင် လက်တွေ့ပြသ ဆောင်ရွက်နိုင်ခဲ့ပြီး လွှတ်တော်၏ လုပ်ငန်းစဉ်များကို မီဒီယာကတစ်ဆင့် ထိတွေ့သိရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် Website ၊ Youtube Channel၊ Civic Echo TikTok Account တစ်ခုကိုပါ ဖွင့်လှစ်ထားရှိ ဆောင်ရွက်ခဲ့သည့်အတွက် ဝင်ရောက်ကြည့်ရှုသူများ တစ်ရက်ထက် တစ်ရက် ပိုမိုများပြားလာပြီး ပြည်သူနှင့်ထိတွေ့မှု၊ လွှတ်တော်ကို နားလည်မြင်တွေ့လာနိုင်မှုများလည်း ပိုမိုများပြားလာသည်ဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းဌာနများနှင့် နေ့စဉ်နံနက်တိုင်းတွေ့ဆုံပြီး တစ်ရက်တာ လွှတ်တော်အစီအစဉ်နှင့် ယမန်နေ့က လွှတ်တော်အစည်းအဝေး၏ အမေး/အဖြေ အတိုချုပ်ရှင်းလင်း ခြင်းများကိုပါ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ပြည်သူကို အကူအညီပေးသည့်ကဏ္ဍအနေဖြင့် လွှတ်တော်၏ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက တိုင်ကြားစာပေါင်း ၅၆၀ အနက် ၄၉၉ စောင်ကို ဖြေရှင်းပေးခဲ့ပြီး ၆၁ စောင်ကို သက်ဆိုင်ရာ ဌာနများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊၊ အလားတူ သက်ဆိုင်ရာကော်မတီများကို အကူအညီတောင်းသည့် စာ ၁၃၈ စောင် ရောက်ရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ လွှဲပြောင်းပေးခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် Online မှတစ်ဆင့် တိုင်ကြားစာ ပေးပို့နိုင်သည့် Online Petition System ကိုလည်း စတင်ဆောင်ရွက်ရန် စီမံနေပြီဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များကို အသိပညာမျှဝေသည့် အစီအစဉ်များ ယခုပုံမှန်အစည်းအဝေးကာလတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက “နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်များ” ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်ပြီး ကိုယ်စားလှယ်များအားလုံးကို မေးခွန်းများ၊ အဆိုများ ပိုမိုအားကောင်းလာစေရန်နှင့် ကိုယ်စားလှယ်များ၏ ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ပါကြောင်း။
လွှတ်တော်၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ၁၄ ဖွဲ့ကို နိုင်ငံ ၁၄ နိုင်ငံမှ လွှတ်တော်များနှင့် Parliamentary Friendship Group များ ဖွဲ့စည်းထားပြီဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံလွှတ်တော်အနေဖြင့် အလားတူအဖွဲ့မျိုး ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အကြောင်းပြန်ကြားလာပါကြောင်း။
နောင်အနာဂတ်ကာလတွင် မိမိတို့လွှတ်တော်ကို စွမ်းရည်မြင့်မားပြီး ပြည်သူဗဟိုပြု ခေတ်မီလွှတ်တော်တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ ယခု မျှော်မှန်းချက်အတွက် ပြည်သူ့လွှတ်တော် မဟာဗျူဟာစီမံကိန်း ၂၀၂၇ - ၂၀၃၁ ကို ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် မဟာဗျူဟာ (၆) ရပ် ချမှတ်ထားပြီး နည်းဗျူဟာ ၂၈ ခုနှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယနေ့အထိ ကြယ်ပွင့်ပြ၊ ကြယ်ပွင့် မပြ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း စသည်များကို လုံးဝမေးမြန်းဆောင်ရွက်ခြင်း မရှိသည့် ရွေးကောက်ခံကိုယ်စားလှယ် ၂၂ ဦး ကျန်ရှိနေသေးကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ မိမိတာဝန်နှင့် အခွင့်အရေးကို အမိအရ အသုံးချစေလိုကြောင်း ပြောကြားလိုပါကြောင်း။
ကမ္ဘာ့နိုင်ငံအနှံ့အပြားက လွှတ်တော်များတွင် များသောအားဖြင့် လွှတ်တော်တစ်ရပ်၏ အောင်မြင်မှုကို စံနှုန်း ၁၀ ခုဖြင့် တိုင်းတာသည်ဟု လေ့လာသိရှိရပါကြောင်း၊ ၎င်းတို့မှာ (၁) နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းနိုင်မှု၊ ပြင်ဆင်နိုင်မှု၊ အကောင်အထည်ဖော်နိုင်မှုနှင့် ပြန်လည်သုံးသပ်နိုင်မှု၊ (၂) နိုင်ငံတော်နှင့် ထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်မှု၊ (၃) ပြည်သူ့အသံ/ ပြည်သူ့ဆန္ဒကို ထိရောက်စွာ ကိုယ်စားပြုနိုင်မှု၊ (၄) ဘဏ္ဍာရေးဆိုင်ရာ စနစ်တကျစိစစ်စီမံခန့်ခွဲနိုင်မှု၊ (၅) လုပ်ငန်းကော်မတီများ၏ စွမ်းဆောင်ရည်မြင့်မားမှု၊ (၆) ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်မြင့်မားမှု၊ (၇) ခေတ်မီစနစ်နှင့် ပွင့်လင်းမြင်သာမှု၊ (၈) ကိုယ်စားလှယ်များ၏ စည်းကမ်းနှင့် ကျင့်ဝတ်ဆိုင်ရာလိုက်နာမှု၊ (၉) နိုင်ငံတကာဆက်ဆံရေး ကျယ်ပြန့်မှုနှင့် စံနှုန်းများ၊ (၁၀) ပြည်သူယုံကြည်မှုနှင့် အကျိုးသက်ရောက်မှု စသည်တို့ပင် ဖြစ်ပါကြောင်း။
ယင်းအချက်များကို တိုင်းတာရမည့် ပေတံများအဖြစ် သတ်မှတ်ထားကြပြီး မိမိတို့အားလုံး တက်ညီ လက်ညီဖြင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရဦးမည်ဆိုသည်မှာ ပကတိအမှန်တရားဖြစ်ပါကြောင်း။
လွှတ်တော်အား ခေတ္တရပ်နားချိန်တွင် မိမိမဲဆန္ဒနယ်မြေတိုင်းကို ကွင်းဆင်းသွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကြရန်၊ ပြည်သူ့အသံကို နားထောင်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြရန်၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာရေးခက်ခဲပါက မီဒီယာနည်းလမ်းဖြင့် မဖြစ်မနေ ဖြန့်ကြက်ထိတွေ့ကြရန် အကြံပြုလိုပါကြောင်း၊ ပြည်သူက ခန့်အပ်တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များပီပီ လွှတ်တော်အတွင်းမှာသာမက လွှတ်တော်ပြင်ပတွင် ကိုယ်စားလှယ်ကြီးများ၏ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။
သတင်းအဖွဲ့