နေပြည်တော် နိုဝင်ဘာ ၁၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်း ရပ်ကွက်ရှိ နားဇရင်း ယာယီနေရပ်စွန့်ခွာစခန်းနေ တိုင်းရင်းသားပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် လေးလက်မ စက်ရေတွင်း တူးဖော်ပြီးစီးမှု အခြေအနေကို ယနေ့မွန်းလွဲပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ တာဝန် ရှိသူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆိုင်ရာ တင်ပြချက်အပေါ် လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးကာ ရုံးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၂) နယ်စပ်ဒေသတိုင်းရင်း သား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများအား ဘက်စုံထူးချွန်သူများ၊ ဗလငါးတန်နှင့် ပြည့်စုံ ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်မှ အားကိုးအားထား ပြုရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေ ရေး၊ စာပေ ပညာရပ်များအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့် ဆင်ခြင်တုံတရား မြင့်မားလာစေ ရေးအတွက် အလေးထား လေ့ကျင့်သင်ကြားပြုစု ပျိုးထောင်သွားကြရန် မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်