
အခုလတ်တလော ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့ကုလသမဂ္ဂတရားစီရင်ရေး ခုံရုံးဖြစ်တဲ့ ICJ မှာ မြန်မာ နိုင်ငံကို တရားစွဲထားတဲ့အမှုအပေါ် လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ တရားစီရင်မယ်ဆိုတဲ့ သတင်းကအတော်ကို ရေပန်းစားနေပါတယ်၊
အမြင်အမျိုးမျိုး အတင်းအဖုံဖုံ သတင်းစုံပေါ့ဗျာ။ ဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး နည်းနည်းဆွေးနွေးကြရအောင်ဗျာ။ ICJ အဖွဲ့ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ အခြေစိုက်ထားပြီး များသောအားဖြင့် နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုများကို တရားစီရင်ဆုံးဖြတ်ချက်ချပေးတဲ့ အဖွဲ့ဖြစ်ကြောင်း သိရပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှု ဂျီနိုဆိုက် တရားစီရင်ရေးကိုတော့ အခု မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုအပေါ် ပထမဆုံး စစ်ဆေးဆုံးဖြတ်မှာဖြစ်ကြောင်းလည်း သိရပါ တယ်၊
ဒီကိစ္စမှာ ထုံးစံအတိုင်း နီပိန်းတစ်သိုက်ကတော့ ဘေးထိုင်ဘုပြော နေကြပါတယ်။ ဒါက သူတို့လုပ်နေကြအလုပ်ပါ ထားပါတော့။ ဒီကိစ္စဟာ ၂၀၁၇ ခုနှစ် ကတည်းက ရခိုင်-ဘင်္ဂါလီအရေးအခင်းကို စွပ်စွဲတိုင် ကြားထားတဲ့အမှုပါ။ NLD အစိုးရလက်ထက်မှာလည်း တစ်ခါ ကြားနာမှုခံယူဖို့ လူကိုယ်တိုင်သွားခဲ့ပြီးပါပြီ။ ရလဒ်ကတော့ ဘာမှ ထူးခြားမလာပါဘူး၊ အခုဆို အပြီးသတ်ဆုံးဖြတ်တော့မယ့်ပေါ့ဗျာ။ အမှန်အတိုင်းပြောရရင် တော့ နိုင်ငံ့အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့သတင်း ပါပဲ၊ ဒါကလည်း အစမကောင်းလို့ အနှောင်းမသေချာ}တဲ့ ဖြစ်ရပ်ပါ၊ ၂၀၁၉ NLD အစိုးရလက်ထက်ကတည်းက ဒီကိစ္စနဲ့ပတ်သက်ပြီး မအူမလည် မပြတ်မသား လုပ်ခဲ့ကြလို့ ဒီနေ့အချိန်အထိ ကြီးထွားလာတယ်လို့ ဆိုချင်ပါ တယ်။ ဘယ်လို မအူမလည် လုပ်ခဲ့လဲဆိုတော့ ဒီကိစ္စကို ICJ က စကြေညာချိန်ကတည်းက NLD အစိုးရဟာ တိကျပြတ်သားတဲ့ တုံ့ပြန်ဖြေးရှင်းချက်မျိုး ဘာတစ်ခုမှ ပြည်သူကို ချမပြခဲ့ပါဘူး။ တကယ်ဆို ဒီပြဿနာဟာ မဟုတ်မမှန်တဲ့ ပြဿနာမှန်း သိသိကြီးနဲ့ နိုင်ငံမီဒီယာကနေတစ်ဆင့် ကမ္ဘာ့မီဒီယာအထိရောက်အောင် တိကျတဲ့ အထောက်အထားတွေ၊ ရခိုင်ပြည်ပြဿနာရဲ့ဇာစ်မြစ် တွေကို တွင်တွင်ကျယ်ကျယ် တိတိကျကျ ချပြတုံ့ပြန်ခဲ့ရင် ဒီကနေ့ ဒီအခြေအနေအထိ ကျယ်ပြန့်လာစရာအကြောင်း မရှိပါဘူး၊ နိုင်ငံတကာဖိအားကို ကြောက်သလိုလို၊ လူသားချင်း စာနာထောက်ထားသလိုလိုနဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက် လုပ်ခဲ့ကြတာပါ။ ဒါက နိုင်ငံရေးကို စောင့်ကြည့်အကဲခတ်ခဲ့ကြတဲ့ ဘယ်သူမဆို သိတဲ့ အကြောင်းအရာတစ်ခုပါ ငြင်းလို့မရပါဘူး။ သေချာတာတစ်ခုက ြီူ အစိုးရဟာ အဲဒီအချိန်က ရခိုင် ပြည်အရေးအခင်းကိုလည်း ဘာမှ ဂဃနဏ သိရှိပုံလည်း မပေါ်ပါဘူး။ မသိချင်ယောင်ဆောင်တာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်၊
ဒါကြောင့်လည်း ကိုဖီအာနန်လို ပြည်ပအားကိုး ပုဆိန်ရိုးလုပ်ပြီး မြေပြင်လေ့လာသုံးသပ်ရေးအဖွဲ့တွေ ငှားရမ်းပြီး တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးခဲ့ကြတာပါ။ ကိုယ်တိုင်က ဘာမျှအသုံးမကျဘူး ဆိုတာကို ဝန်ခံခဲ့ကြတဲ့သဘောပါပဲ။ အဲဒီတုန်းက တပ်မတော်ဘက်က မြေ ပြင်ပဋိပက္ခ အထောက်အထားတွေကို ြီူ အစိုးရနဲ့ တရားရေးကွင်းဆင်းလေ့လာသူများအဖွဲ့ကို ပေးအပ်ခဲ့တဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ထောက်ပံ့ပေးပေး ငပိန်းအစိုးရကတော့ လူ့အခွင့်အရေး တစ်လုံးနဲ့ ယောင်ဝါးဝါး လုပ်ခဲ့သမျှ အခုတော့ နိုင်ငံအပေါ် သက်ရောက်လာပြီ ဆိုပါတော့ဗျာ။ ကျွန်တော်တို့ ကတော့ လက်ရှိ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရကို လုံးဝယုံကြည်ပါတယ်၊ ICJ က ဘယ်လို ဆုံးဖြတ်နေပါစေ မတုန်လှုပ်ဘဲ အေးဆေးစွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် တုံ့ပြန်မှုမျိုးနဲ့ ရင်ဆိုင်နိုင်တယ်ဆိုတာကိုလည်း သိနေပါတယ်၊
ှုဃဲ ရဲ့ တရားဆုံးဖြတ်ရေးကိုလည်း မမျှတ၊ မမှန်ကန်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပြီးသား ဖြစ်ပါတယ်။ မယောင်ရာ ဆီလူးပြီး ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားကာ မတင်မကျလုပ်ခဲ့တဲ့ လူတွေကြောင့် တရားရေး ဆုံးဖြတ်ချက်ကတော့ ဘယ်လိုမှ မျှတနိုင်မှာမဟုတ်ပါဘူး၊ တစ်ဖက်က ခုံရုံးတင် စွပ်စွဲထားတဲ့ ဂမ်ဘီယာနိုင်ငံကလည်း အစ္စလာမ္မစ်နိုင်ငံဖြစ်သလို၊ ICJ ကလည်း အစ္စလာမ္မစ်နိုင်ငံတွေရဲ့ လက်ညှိုးထိပ်မှာရှိနေတဲ့ တရားစီရင် ရေးအဖွဲ့ ဖြစ်နေပါတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံအတွက် အတော်လေးကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖြစ်စဉ်ပါပဲ။
ဒီအချိန်မှာ အရေးတကြီးတစ်ခု ပြောချင်တာက ဘာအဖွဲ့၊ ညာအဖွဲ့၊ ဟိုဒေသ၊ ဒီဒေသဆိုတဲ့ လက်ညှိုးထိုးမှုတွေရပ်ပြီး၊ ICJ ရဲ့ သက်ရောက်လာမှုကို စည်းစည်းလုံးလုံးနဲ့အတူတူ ရင်ဆိုင်ကြဖို့ပါ။ မြန်မာနိုင်ငံလို့ ခေါင်းစဉ်တည်ထားတဲ့အတွက်ကြောင့် ဒီနိုင်ငံပေါ်မှာ မှီတင်းနေထိုင်နေကြတဲ့ လူအားလုံးမှာ တာဝန်ရှိသလို တာဝန်သိကြဖို့လည်း လိုပါတယ်၊ ဒါကိုအားလုံးက နားလည်ကြရပါမယ်။ နိုင်ငံကို သက်ရောက်လာတဲ့ စနက်တံဟာ နိုင်ငံသားအားလုံးအပေါ်လည်း သက်ရောက်နေတာ အသေအချာပါပဲ။ ဒီအချိန်မှာ ဘေးထိုင်ဘုပြော၊ ဘာနေနေ ဆန့်ကျင်ဘက်လုပ်လိုက်ရမှဆိုတဲ့ အသားထဲက လောက်တွေကိုလည်း ပြောပါရစေ သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရတဲ့ မှတ်ကျောက်ပါ။ ပဲကြီးဟင်း စားခဲ့ ကြတဲ့ သမိုင်းကို ဆက်ခံချင်ရင်တော့လည်း ဒင်းတို့လုပ် ရပ်က ဒင်းတို့သမိုင်းပဲလို့သာ ပြောပါရစေတော့။ ဘောင်မဝင်သူတွေကတော့ ဘောင်အပြင်မှာပဲ ထွက်နေတာ ကောင်းပါတယ်။
လက်ရှိ ကျွန်တော်တို့အစိုးရကို ယုံကြည် ကြတဲ့၊ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသားရေးအဖွဲ့အစည်းတွေ၊ လူမှုအကျိုးပြု၊ နိုင်ငံ့အကျိုးပြု ပရဟိတအဖွဲ့တွေစတဲ့ နိုင်ငံတစ်ဝန်းလုံးက လူမှုအဖွဲ့အစည်းအားလုံးက အစိုးရနဲ့အတူ လက်တွဲပြီး ICJ ရလဒ်ကို ရင်ဆိုင်ကျော်ဖြတ်ကြဖို့ လိုပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဟာ နိုင်ငံသားတိုင်းကို ထိပါးတာနဲ့အတူတူပါပဲ။ ဒါကြောင့် သမိုင်း ပေးတာဝန်တစ်ရပ်အနေနဲ့ တာဝန်သိစွာပင် သဘောထားထုတ်ပြန်မှုတွေ၊ သမိုင်းအထောက်အထားဇာစ်မြစ် ကိုချပြတာတွေစတဲ့ တုံ့ပြန်မှုတွေနဲ့ ကမ္ဘာ့မီဒီယာအထိ ရောက်အောင် တုံ့ပြန်ကြပါလို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။
တစ်ကျော့ပြန်စတား (လက်ပံတန်း) (TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )