နေပြည်တော် နိုဝင်ဘာ ၁၆
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တီးတိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နယ်မြေဒေသ လုံခြုံရေးရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်း ပြောကြားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြို့မိမြို့ဖတစ်ဦးက ဒေသလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး တီးတိန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ အလုံးစုံ ပျက်စီးသွားသည့် အဆောက်အအုံများကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ကျောင်းသားအိပ်ဆောင်၊ စာကြည့်တိုက်နှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆောက်အအုံများ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုနှင့် ဆယ်တင်ပစ္စည်းများ စနစ်တကျ သိမ်းဆည်းထားရှိမှု အခြေအနေကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်