Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန် - ပဲခူး လမ်းနယ်နိမိတ် သတ်မှတ်တိုင်းတာရေးနှင့် လမ်းဘေး ဝဲ/ယာ မြေအသုံးချမှု အခြေအနေ စိစစ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ







ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန် - ပဲခူး လမ်းနယ်နိမိတ် သတ်မှတ်တိုင်းတာရေးနှင့် လမ်းဘေး ဝဲ/ယာ မြေအသုံးချမှု အခြေအနေ စိစစ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင် က အမှတ် (၃) လမ်း (ရန်ကုန် - ပဲခူးလမ်းနှင့် ခရေပင်လမ်းဆုံကြား)နှင့် ရန်ကုန် - ပဲခူးလမ်း (ရန်ကုန်တိုင်းနယ်နိမိတ်အစမှ ထောက်ကြန့်လမ်းဆုံအထိ) လမ်းတည်နေရာ စသည်တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။


#Myanmar #News



မူရင်းသတင်း — Myanmar National Post