NP News

ဂျန်ဆန်ဟွမ်ကို ပြန်လည်ခေါ်ယူဖို့ Nvidia ကုမ္ပဏီက စဉ်းစားနေတာမျိုးမရှိသေးဟုဆို

Pika (NP News) - နိုဝင်ဘာ ၁၇

Nvidia ကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်အဖွဲ့က ဂျန်ဆန်ဟွမ်ကို စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်ဖို့စဉ်းစားနေတာမျိုးမရှိဘူးလို့ သတင်းရင်းမြစ်သုံးခုကပြောကြားခဲ့ပါတယ်။
ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ၊ တရုတ်ထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့ သံသယတွေကြောင့် ဂျန်ဆန်ဟွမ်က ရာထူးကနေ နှုတ်ထွက်ခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာ၎င်းကို စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်ဖို့ တောင်းဆိုလှုပ်ရှားမှုတွေက ပိုမိုကျယ်ပြန့်လာနေတယ်လို့လည်းသိရပါတယ်။

ဂျန်ဆန်ဟွမ်ပြန်လာရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုသူဦးရေ(၁၈၀,၂၀၀)ဦးအထိ ရှိလာပြီဖြစ်ပြီး အီလွန်မတ်ကလည်း အဲဒီလှုပ်ရှားမှုကို ထောက်ခံကြောင်းပြသခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဂျန်ဆန်ဟွမ်ကို စီအီးအိုအဖြစ် ပြန်လည်ခန့်အပ်မယ်ဆိုရင် ၎င်းအနေနဲ့ကန့်ကွက်စရာမရှိဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

Nvidia ဝန်ထမ်းတွေလို့ပြောဆိုထားကြတဲ့လူထောင်ပေါင်းများစွာကလည်း ဒီတောင်းဆိုမှုတွေမှာ ပါဝင်လာကြပြီဖြစ်ပေမယ့်လည်း ကုမ္ပဏီစီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်သူတွေနဲ့ရင်းနှီးမြှုပ်နှံသူအချို့ကတော့ စုံစမ်းစစ်ဆေးမှုတွေမပြီးခင် ဂျန်ဆန်ဟွမ်ကို ပြန်လည်ခေါ်ယူတာက ကုမ္ပဏီကို အန္တရာယ်အသစ်တွေနဲ့ ရင်ဆိုင်စေရနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
Atreides Managementရဲ့Gavin Baker နဲ့ Altimeter Capital Managementရဲ့စီအီးအိုဖြစ်တဲ့ Brad Gerstner အပါအဝင် ထင်ရှားတဲ့ရှယ်ယာရှင်အချို့ကလည်း အဖြစ်မှန်တွေကို အပြည့်အဝမသိရှိရသေးခင်အချိန်အထိ ဂျန်ဆန်ဟွမ်ရဲ့နေရာမှာ အစားထိုးမယ့်လူကို အလျင်စလိုရွေးချယ်တာမျိုးမလုပ်ဖို့ Nvidia ကုမ္ပဏီကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်တစ်ဦးက "Nvidia ကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်အဖွဲ့က ဂျန်ဆန်ဟွမ်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတာမျိုးမရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

မူရင်းသတင်း — NP News