
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၇
ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ (New Democracy Party (Kachin)) ကို ကချင်ပြည်နယ် ဒီမိုကရေစီပါတီသစ် ပါတီ (Kachin State New Democracy Party) အဖြစ် အမည်ပြောင်းလဲအသုံးပြုခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) တွင် ကြေညာချက်အမှတ် (၇၂/၂၀၂၆) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉)အရ မှတ်ပုံတင်အမှတ်(၃)ဖြင့် မှတ်ပုံတင်ထား သည့်ပါတီဖြစ်ပြီး ပါတီအမည်ပြောင်းလဲအသုံးပြုလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ ကြောင်း သိရသည်။
ယင်းတင်ပြချက်ကို ကော်မရှင်က ဥပဒေနှင့်အညီ စိစစ်ပြီးနောက် အမည်ပြောင်းလဲခွင့်ပြုခဲ့ခြင်းဖြစ်ကာ ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) မှစတင်၍ ကချင်ပြည်နယ်ဒီမိုကရေစီပါတီသစ်ပါတီ (Kachin State New Democracy Party) အမည်ဖြင့် ပြောင်းလဲသတ်မှတ်ကြောင်း သိရသည်။
