Xinhua Myanmar

ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအချက်အချာနေရာတစ်ခုအဖြစ် မလေးရှားနိုင်ငံ ပိုမိုထင်ရှားလာဟု Citi ဘဏ် ပြောကြား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ပက်ထရိုနပ်စ်အမြွှာမျှော်စင်၏ ညမြင်ကွင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးတိုးတက်လာခြင်း၊ နည်းပညာစွမ်း‌ဆောင်ရည်များ ပိုမိုကျယ်ပြန့်လာခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းမှုများကြောင့် တန်ဖိုးမြင့်စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အဓိကနေရာတစ်ခုအဖြစ် ပိုမိုရှုမြင်ခံလာရကြောင်း Citi ဘဏ်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံရှိ Citi ဘဏ်၏ ဈေးကွက်ဆိုင်ရာအကြီးအကဲ Ng Hooi Wan က ကုမ္ပဏီများသည် ထောက်ပံ့ရေးကွင်းဆက်များ ကွဲပြားစုံလင်စွာ ဖြန့်ကြက်လာပြီး အာဆီယံဒေသတစ်ဝန်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လာရာတွင် မလေးရှားနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ၏သဘောထားသည် မကြာသေးမီနှစ်များအတွင်း ပိုမိုကောင်းမွန်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

"မလေးရှားကို ကုန်ထုတ်လုပ်မှုနေရာတစ်ခုအဖြစ်သာမက ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် အချက်အချာနေရာတစ်ခုအဖြစ်ပါ ပိုမိုရှုမြင်လာကြပါတယ်၊ ကုမ္ပဏီတွေအနေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ စုံလင်စွာဖြန့်ကြက်ပြီး အာဆီယံတစ်ဝန်း အရင်းအနှီးခွဲဝေချထားလာတာနဲ့အမျှ မလေးရှားဟာ ပိုမိုထင်ရှားတဲ့ရင်းနှီးမြှုပ်နှံမှုနေရာတစ်ခု ဖြစ်လာနေပါတယ်" ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းမှာပင် Citi ၏ အာဆီယံဒေသစီးပွားရေးဆိုင်ရာအကြီးအကဲ Kit Wei Zheng က လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက် ဉာဏ်ရည်တုနည်းပညာနှင့် ဆက်စပ်သောဝယ်လိုအားသည် မလေးရှားနှင့်ဒေသတွင်းအလားတူနိုင်ငံများအတွက် အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ လုပ်ခလစာတိုးတက်မှု အရှိန်မြင့်လာခြင်း၊ အလုပ်လက်မဲ့နှုန်းကျဆင်းခြင်းနှင့် အလုပ်သမားလိုအပ်ချက် အားကောင်းလာခြင်းတို့နှင့်အတူ စီးပွားရေးအကျိုးသက်ရောက်မှုများပျံ့နှံ့ခြင်းများ ပိုမိုကျယ်ပြန့်လာပြီဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

ဩဂုတ်လအထိ စားသုံးသူသုံးစွဲမှုမှာ အနည်းငယ်အားလျော့ခဲ့သော်လည်း ပြန်လည်တည်ငြိမ်လာနိုင်ကြောင်းနှင့် တစ်ချိန်တည်းတွင် Citi ဘဏ်က မလေးရှားရင်းဂစ်ငွေကြေး ပိုမိုခိုင်မာလာမည့်ဘက်တွင် ဆက်လက် ရပ်တည်ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Malaysia gaining prominence as regional investment hub, says Citi

KUALA LUMPUR, Nov. 16 (Xinhua) -- Malaysia is increasingly being viewed as a key destination for investment in high-value sectors, supported by a growing digital economy, expanding technology capabilities and continued efforts to strengthen competitiveness, Citi said on Monday.

Citi Malaysia head of markets Ng Hooi Wan said global investor sentiment towards Malaysia had strengthened in recent years as companies diversified supply chains and expanded investments across ASEAN.

"Malaysia is increasingly viewed not just as a manufacturing destination, but as a strategic hub for digital infrastructure, advanced manufacturing and regional growth. As companies diversify supply chains and deploy capital across ASEAN, Malaysia is becoming a more prominent investment destination," she said.

Meanwhile, Citi head of ASEAN economics Kit Wei Zheng said artificial intelligence-related demand for electrical and electronics products and semiconductors remained a key growth driver for Malaysia and regional peers.

He noted that economic spillovers were beginning to broaden, with manufacturing wage growth picking up, unemployment declining and labor demand strengthening.

Although consumer spending softened through August, it could stabilize, while Citi remained biased towards a stronger ringgit.

Photo caption: This photo taken on Jan. 29, 2024 shows a night view near Petronas Twin Towers in Kuala Lumpur, Malaysia. (Xinhua/Cheng Yiheng)

မူရင်းသတင်း — Xinhua Myanmar