
ဆန်းကျန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးအကြံပေးကောင်စီ (ABAC) စတုတ္ထအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ကျင်းပခဲ့သည်။ ၂၀၂၆ ခုနှစ် APEC စက်မှုစီးပွားလောက အခမ်းအနားအစီအစဉ်များတွင် ရလဒ်စာရွက်စာတမ်း ၁၄ ခု ရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၆ ခုနှစ် ABAC ဥက္ကဋ္ဌ၊ Sinochem Holdings Corporation Ltd ဥက္ကဋ္ဌ လီဖန်ရုန်က “တံခါးဖွင့်လှစ်မှု၊ အပြန်အလှန်ချိတ်ဆက်မှု၊ ညှိနှိုင်းဆောင်ရွက်မှု” အကြောင်းအရာနှင့် စပ်လျဉ်း၍ ယခုနှစ် ABAC သည် ဂျကာတာ၊ မက္ကဆီကိုစီးတီး၊ ဘန်ကောက်နှင့် ဆန်းကျန့်တို့တွင် အစည်းအဝေး ၄ ကြိမ် ကျင်းပခဲ့ရာ အကြီးအကဲများသို့ ပို့စာ၊ မူဝါဒအကြံပြုချက် အစီရင်ခံစာ စသည့် ရလဒ်စာရွက်စာတမ်း စုစုပေါင်း ၁၄ ခု ရရှိခဲ့ကြောင်း၊ ၎င်းအနက် ABAC ၏ "အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ထောက်ခံသည့် ကြေညာချက်" နှင့် "အပြန်အလှန်ချိတ်ဆက်မှုအား ထောက်ခံသည့် ကြေညာချက်" တို့သည် ဘက်အသီးသီး၏ အာရုံစိုက်မှု များစွာရရှိခဲ့ပြီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးအတွက် အလွန်တန်ဖိုးရှိသော စက်မှုစီးပွားရေးလောကရလဒ်များ ပံ့ပိုးပေးခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
ယခုနှစ်သည် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် မျှော်မှန်းချက် အဆိုပြုခြင်း နှစ် ၂၀ ပြည့်ဖြစ်ကြောင်း၊ "ကျွန်တော်တို့အနေနဲ့ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွင် လက်တွေ့ကျသော ကနဦးရလဒ်များကို ရရှိရန်၊ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ စာရွက်မဲ့ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများ ညှိနှိုင်းမှုကို ဦးစားပေး တွန်းအားပေးရန် တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ဒစ်ဂျစ်တယ် အကောက်ခွန်ကင်းလွတ်ခွင့် (E-commerce Moratorium) ရာသက်ပန်အသွင်ဖြစ်စေရေးကို ထောက်ခံပြီး အစားအသောက်ကဏ္ဍရှိ စည်းကြပ်ခွန်မဟုတ်သော အတားအဆီးများ ပြုပြင်ပြောင်းလဲရေးကိုလည်း တွန်းအားပေးသွားမှာဖြစ်ပါတယ်" ဟု လီဖန်ရုန်က ပြောကြားခဲ့သည်။
လီဖန်ရုန် က အာရှ-ပစိဖိတ် စက်မှုစီးပွားလောကသည် အစဉ်အမြဲ တံခါးဖွင့်လှစ်မှုကို ဆုပ်ကိုင်ထားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုအား အစဉ်တစိုက် စွဲမြဲစွာ အကောင်အထည်ဖော်သူများ ဖြစ်ကြောင်း၊ ပို၍စံနှုန်းမြင့်မားသော စနစ်အသွင် တံခါးဖွင့်လှစ်မှုကို တွန်းအားပေးခြင်းသည် ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်၏ ကြံကြံ့ခံနိုင်ရည်ရှိမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်သလို အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာများအား ထုတ်လွှတ်ပေးရန် ပိုမိုအကျိုးပြုကြောင်း ပြောကြားခဲ့သည်။
အပြန်အလှန်ချိတ်ဆက်မှုသည် ဒေသတွင်း စီးပွားရေးတစ်သားတည်းပေါင်းစည်းမှု၏ အရေးကြီး အခြေခံဖြစ်သည်။ တရုတ်နိုင်ငံ၏ အဆိုပြုချက်အရ ABAC အပြန်အလှန်ချိတ်ဆက်မှု လုပ်ငန်းအဖွဲ့ကို ယခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ABAC အပြန်အလှန်ချိတ်ဆက်မှု လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ CITIC Group ဒုတိယ အထွေထွေမန်နေဂျာ ကျန်းချီက ယခုနှစ် အပြန်အလှန် ချိတ်ဆက်မှု လုပ်ငန်းအဖွဲ့၏ ရလဒ်များကို အဓိကအားဖြင့် ကဏ္ဍသုံးရပ်တွင် ထင်ဟပ်နေကြောင်း မိတ်ဆက်ပြောကြားခဲ့ပြီး ၎င်းတို့မှာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှုအတွက် ရှိရင်းစွဲ အခြေခံအဆောက်အအုံများကို ရင်းနှီးမြှုပ်နှံပြီး ပြုပြင်မွမ်းမံမှု စသည့် အဆိုပြုချက် ၁၅ ရပ်အား တွန်းအားပေးခြင်း၊ စနစ်ပိုင်းဆိုင်ရာ အပြန်အလှန်ချိတ်ဆက်မှု အတွက် အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အချက်အလက်များ အတူမျှဝေမှုယန္တရား စသည့် အဆိုပြုချက် ၃၀ ရပ်အား တွန်းအားပေးခြင်း၊ ပြည်သူများ စိတ်နှလုံးချင်း အပြန်အလှန် ချိတ်ဆက်မှု အတွက် APEC Business Travel Card ကို မြှင့်တင်မိတ်ဆက်ခြင်း စသည့် ၈ ရပ်အား တွန်းအားပေးခြင်းတို့ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှု ညှိနှိုင်းတိုးတက်မှုကို တွန်းအားပေးခြင်းသည် အာရှ-ပစိဖိတ် စက်မှုစီးပွားလောကမှ အာရုံစိုက်သော အခြား ဦးစားပေးအချက်တစ်ရပ်ဖြစ်သည်။ ABAC ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Jan De Silva က ယခုနှစ်တွင် ABAC သည် သမားရိုးကျ စက်မှုလုပ်ငန်း၌ ဉာဏ်ရည်တု (AI) အသုံးချမှုဆိုင်ရာ သုတေသနပြုလုပ်မှုများ ဆောင်ရွက်ခဲ့ပြီး APEC စီးပွားရေးအစုအဖွဲ့ ၉ ခုမှ လက်တွေ့အသုံးချမှုဆိုင်ရာ ဥပမာ ၁၃ ခုကို စုစည်းခွဲခြမ်းစိတ်ဖြာထားရာ ထုတ်လုပ်မှု၊ သတ္တုသယံဇာတ၊ စိုက်ပျိုးရေး စသည့် နယ်ပယ်များကို လွှမ်းခြုံထား၍ အာရှ-ပစိဖိတ် စီးပွားရေးအစုအဖွဲ့များ၏ သက်ဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ ပေးစွမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လာမည့်နှစ်ရက်အတွင်း ABAC ကိုယ်စားလှယ်များသည် APEC စီးပွားရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး (APEC CEO Summit) သို့ ဖိတ်ကြားချက်အရ တက်ရောက်သွားမည်ဖြစ်ပြီး ABAC မှ စုစည်းထားသော သဘောတူညီချက်နှင့် ရလဒ်များကို ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေး အကောင်အထည်ဖော်သည့် လက်တွေ့ဆောင်ရွက်ချက်များအဖြစ် တစ်ဆင့်တိုး ပြောင်းလဲလိုက်မည်ဖြစ်ကြောင်း သိရသည်။
"ABAC အနေဖြင့် အာရှ-ပစိဖိတ် စက်မှုစီးပွားရေးလောရဲ့ ဓမ္မဓိဋ္ဌာန်ကျ၍လျော်ကန်သော အသံကို ဆက်လက် ထုတ်ဖော်ပြောကြားပေးမယ့်အပြင် ဘက်အသီးသီးရဲ့ သဘောတူညီချက်တွေကို စုစည်းပြီး ပူးပေါင်းဆောင်ရွက်မှု စုပေါင်းအင်အားကို စုဝေးပေးသွားမှာ ဖြစ်ပါတယ်" ဟု လီဖန်ရုန် က ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
聚焦APEC|2026年APEC工商界活动形成14份成果文件
新华社深圳11月16日电(记者王聿昊、邢拓)2026年亚太经合组织工商咨询理事会(ABAC)第四次会议新闻发布会于16日下午在深圳举行。记者从发布会上获悉,2026年APEC工商界活动共形成14份成果文件。
2026年ABAC主席、中国中化集团董事长李凡荣介绍,围绕“开放、互通、协同”年度主题,今年ABAC先后在雅加达、墨西哥城、曼谷和深圳举行4次会议,形成致领导人信函、政策建议报告等共14份成果文件,其中ABAC《关于支持亚太自贸区的声明》和《关于支持互联互通的声明》受到各方高度关注,为领导人非正式会议贡献了高含金量的工商界成果。
今年是亚太自贸区愿景提出20周年。“我们呼吁推动亚太自贸区取得务实早期收获,优先推进供应链韧性、无纸化贸易、数字贸易规则协调,支持世贸组织电子传输免征关税永久化,推动食品领域非关税壁垒改革。”李凡荣说。
李凡荣表示,亚太工商界始终坚持开放,一直是全球化坚定的践行者,推动更高标准的制度型开放,有利于维护产业链供应链的韧性与稳定,也有利于释放亚太合作的空间。
互联互通是区域经济一体化的重要基础。经中方倡议,ABAC互联互通工作组今年恢复设立。ABAC互联互通工作组主席、中国中信集团副总经理曾琪介绍,今年互联互通工作组取得的成果体现在三个方面:物理联通方面,推动对现有基础设施投资改造等15项提案;制度联通方面,推动海关协作与跨境贸易数据共享机制等30项提案;人心联通方面,推动推广APEC商旅卡等8项提案。
推动科技创新与产业创新协同发展,是亚太工商界关注的另一重点。ABAC数字创新工作组主席薛珍纳表示,ABAC今年开展了人工智能在传统产业应用的相关研究,梳理了来自9个APEC经济体的13个实际应用案例,涉及制造、矿产、农业等领域,为亚太经济体的相关产业发展提供经验。
据了解,未来两天,ABAC代表还将获邀出席APEC工商领导人峰会,进一步将ABAC凝聚的共识和成果转化为推动区域经济发展的务实行动。
“ABAC将继续发出亚太工商界的理性声音,凝聚各方共识,汇聚合作合力。”李凡荣说。(完)
图说1:11月16日,2026年APEC领导人会议周新闻中心举行2026年亚太经合组织工商咨询理事会(ABAC)第四次会议新闻发布会,2026年ABAC主席、中国中化集团董事长李凡荣以及ABAC有关工作组主席,介绍ABAC全年工作成果及11月14日至16日会议情况,并回答记者提问。新华社记者 金立旺 摄
图说2:11月16日拍摄的2026年亚太经合组织工商咨询理事会第四次会议闭幕全会现场。新华社记者 吴鲁 摄