၁၇.၁၁.၂၀၂၆
Translated by Htwe Ko Tun
မွန်ဂိုလီယားအစိုးရ၏ မီးရထားစီမံကိန်းတစ်ခုမှတစ်ဆင့် ကိုယ်ကျိုးရှာခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ သမ္မတ ခူရယ်ဆုခ် အူခ်နာက ရာထူးမှ ဆင်းပေးမည်ဟု ပြောကြားခဲ့သော်လည်း ၎င်းအနေဖြင့် မမှန်မကန် စွပ်စွဲခံထားရခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်က ဆိုခဲ့သည်။
အစိုးရမီးရထားစီမံကိန်းတစ်ခုမှတစ်ဆင့် ကိုယ်ကျိုးရှာခဲ့သည်ဟု အတိုက်အခံ ဒီမိုကရက်တစ်ပါတီက စွပ်စွဲခဲ့ပြီးနောက် မွန်ဂိုလီယားသမ္မတ ခူရယ်ဆုခ်က ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတစ်ခု၌ ခူရယ်ဆုခ်က ၎င်းအနေဖြင့်မမှန်မကန်စွပ်စွဲခံရပြီး ဂုဏ်သိက္ခာထိခိုက်စေရန် လုပ်ကြံစွပ်စွဲမှုခံထားရသော်လည်း ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကတိပြုထားသည်။
နုတ်ထွက်မှု အသက်မဝင်မီတွင် ပါလီမန်က ၎င်း၏ နုတ်ထွက်စာကို လက်ခံအတည်ပြုပေးရန် လိုအပ်သည်။
မွန်ဂိုလီယားပြည်သူ့ပါတီမှ ခူရယ်ဆုခ်သည် ၂၀၂၁ ခုနှစ်မှစ၍ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် ပါတီအတွင်းပိုင်း ပဋိပက္ခများကြောင့် ပါတီလုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ကိုးလတာကာလအတွင်း၌ပင် ဝန်ကြီးချုပ် သုံးဦးအထိ အလှည့်ကျ တာဝန်ယူခဲ့ရသည်။
ခူရယ်ဆုခ်သည် ယခုနှစ် အောက်တိုဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ ဂျာမနီနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ဖြင့် သွားရောက်ခဲ့သေးသည်။
Ref- DW News