
Htay Oung (NP News) - နိုဝင်ဘာ ၁၇
ယခုရက်သတ္တပတ် လူမှုကွန်ရက်မှာ လူပြောအများဆုံးအကြောင်းအရာက ဦးမင်းအောင်လှိုင် အစိုးရရဲ့ ပြည်ပကြွေးမြီ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁)သန်းခန့် ပြန်လည်ပေးဆပ်နေရတဲ့ကိစ္စ ဖြစ်ပါတယ်။
အဲဒီအကြောင်းအရာကို ပထမဆုံး အွန်လိုင်းလွှင့်တင်သူက BBC မြန်မာပိုင်းနဲ့ MoeMaKa News တို့ဖြစ်ပြီး World Bank ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ International Debt Report ကမ္ဘာ့နိုင်ငံများအလိုက် ကြွေးမြီဆိုင်ရာ အစီရင်ခံစာကိုအခြေခံထားခြင်းဖြစ်တယ်။
ဒါပေမဲ့ အဲဒီသတင်းကို လူအများ မှားယွင်းစွာနားလည်သွားကြတာက (၂၀၂၁)ခုနှစ်နောက်ပိုင်း ဦးမင်းအောင်လှိုင်အစိုးရဟာ ပြည်တွင်းပဋိပက္ခမှာ ငွေကြေးအဆမတန်သုံးစွဲနေရကြောင်း၊ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းရဲ့ကြွေးမြီတွေ လည်ပင်းခိုက်နေပြီး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေကြောင်း ဖြစ် သွားတယ်။
မြန်မာရဲ့ (၂၀၂၅)ခုနှစ် ပြည်ပကြွေးမြီ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ (၁၀ ဒသမ ၈၄) ဘီလျံ ခန့်ရှိကြောင်း (၂၀၂၆)ခုနှစ် ကမ္ဘာ့ဘဏ်ကဖော်ပြခဲ့တယ်ဆိုတာ အမှန်ပဲဖြစ်တယ်။ ဒါပေမဲ့ အဲဒီကြွေးမြီ အားလုံး တရုတ်တစ်နိုင်ငံတည်းထံမှ ချေးယူထားခြင်းမဟုတ်။ ဂျပန်နဲ့ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး (IDA)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နဲ့ တခြားနိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ နှစ်နိုင်ငံ သဘောတူညီချက်အရ ရယူထားတဲ့ချေးငွေတွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီအများစုဟာ ဦးမင်းအောင်လှိုင်အစိုးရက ချေးယူထားခြင်းမဟုတ်၊ ယခင်အစိုးရအဆက်ဆက် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးရေးအတွက် ချေးယူခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး အဓိကအားဖြင့် အောက်ပါကဏ္ဍကြီး(၃)ခုမှာ အများဆုံးဖြစ်တယ်။
• စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ - ရေအားလျှပ်စစ် ဆည်ကြီးများတည်ဆောက်မှု၊ ဧရာဝတီဒေသ ဓာတ် အားလိုင်းတွေနဲ့ဓာတ်အားခွဲရုံတွေဖြန့်ကြက်မှု၊ သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ တရုတ်-မြန်မာ ရေနံ - ဓာတ် ငွေ့ ပိုက်လိုင်းစီမံကိန်းနဲ့ဆက်စပ်မှုတချို့အတွက် တရုတ် နိုင်ငံထံမှ ငွေချေးယူခဲ့မှုတွေ အလွန်များပြား တယ်။
• ပို့ဆောင်ဆက်သွယ်ရေးနဲ့အခြေခံအဆောက်အအုံ၊ ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့် တင်မှု၊ ဆိပ်ကမ်းတွေတိုးချဲ့မှု၊ လမ်း-တံတား အထူးစီမံကိန်းတွေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေအတွက် ဖြစ်ပါတယ်။ အဲဒီကဏ္ဍမှာ ဂျပန်နိုင်ငံ (JICA) ရဲ့ သက်သာတဲ့အတိုးနှုန်းချေးငွေ (ODA) အများအပြား ပါဝင်နေတယ်။
• စိုက်ပျိုးရေး၊ ဆည်မြောင်းနဲ့ကျေးလက်ဖွံ့ဖြိုး ရေး- ကျေးလက်ဒေသလျှပ်စစ်မီးလင်းရေးနဲ့ စိုက် ပျိုးရေ ရရှိရေးစီမံကိန်းတွေအတွက် ကမ္ဘာ့ဘဏ် (World Bank)နဲ့အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့လို ဘက်စုံ ဖွံ့ဖြိုးရေးဘဏ်တွေထံကနေရယူခဲ့တဲ့ ရေရှည်ချေးငွေတွေဖြစ်ကြပါတယ်။
အရင်အစိုးရအဆက်ဆက်ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ အခြေခံအဆောက်အအုံနဲ့ တခြားလုပ်ငန်း တွေအတွက် အဲဒီကြွေးမြီတွေကို အခုအစိုးရက အမွေဆက်ခံရတာပဲဖြစ်တယ်။ ဒါပေမဲ့ လက်ရှိမြန်မာ အစိုးရဟာ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းခ (Transit Fees) နဲ့ ဓာတ်ငွေ့ ရောင်းချရငွေတို့က နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို ယနေ့တိုင် အသေအချာရရှိနေ တယ်။ ဂျ ပန်-မြန်မာပူးပေါင်းမှု သီလဝါအထူးစီးပွားရေးဇုန်မှနိုင်ငံတကာကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဝင်ရောက်လာပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း တွေဖန်တီးပေးနိုင်သလို၊ ပို့ကုန်ကဏ္ဍကနေ နိုင်ငံခြားငွေအဝင်တချို့ကို ရရှိစေတယ်။
ဒီဖြစ်စဉ်ဟာ စီးပွားရေးပညာအရ ကမ္ဘာ့နိုင်ငံတို့ ရဲ့ “ချေးငွေဖြင့် အခြေခံအဆောက်အအုံတည် ဆောက်ခြင်း” (Debt-funded Infrastructure) ရဲ့ သံသရာစက်ဝန်းဖြစ်တယ်။ (၂၀၂၅)ခုနှစ် ကမ္ဘာ့ဘဏ် ရဲ့အစီရင်ခံစာအရ (၂၀၂၄)ခုနှစ် ဂျပန်ဟာ မြန်မာအတွက် အဓိကငွေချေးငှားသူ မြီရှင်ဖြစ်ပြီး တရုတ်နိုင်ငံ တစ်နိုင်ငံတည်းထံမှ အများဆုံးချေးငှားထားခြင်း မဟုတ်ကြောင်းလည်းတွေ့ရှိရတယ်။ တရုတ်နဲ့ ဂျပန် ဟာ မြန်မာရဲ့ အကြီးဆုံးမြီရှင်တွေဖြစ်ပြီး၊ ယင်းအနက် တရုတ်နဲ့ဆိုင်တဲ့ကြွေးမြီဟာ ဒေါ်လာ (၂၅၃)သန်း သာရှိတယ်။ နေ့စဉ် ပျမ်းမျှ ဒေါ်လာ(၁ ဒသမ ၉)သန်း အနက် တရုတ်ကိုပေးဆပ်နေရတာအများဆုံးလို့ ဆိုပေမယ့် အမေရိကန်ဒေါ်လာ (၆၉၃ယဝဝဝ)ရှိပြီး (မြန်မာဗဟိုဘဏ်ငွေလဲနှုန်း တစ်ဒေါ်လာ (၃၆၆၀) ကျပ်အရ) မြန်မာကျပ်ငွေ (၂ ဒသမ ၅၄)ဘီလျံခန့်သာရှိ ကြောင်း ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ခန့်မှန်း ဖော်ပြထားတယ်။
(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ဦးမင်း အောင်လှိုင်အစိုးရအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာ (COVID-19) ကူးစက်ကပ်ရောဂါဖြစ်တယ်။ စက်တင်ဘာလလယ် ရန်ကုန်တစ်မြို့တည်း နေ့စဉ်လူ (၁၇၀ဝ) ကျော်နဲ့ နိုင်ငံအနှံ့အပြား တစ်ရက်လျှင် လူထောင်ချီသေဆုံးနေခဲ့တယ်။ လူနာတွေကိုပြုစုကုသ ဖို့ ဆရာဝန်သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အချိန်မီထိုးနှံပေးဖို့ကာကွယ်ဆေးတွေ အပူတပြင်းလို အပ်နေခဲ့တယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ CDM လုပ်ကြတာကြောင့် ပညာရေး-ကျန်းမာရေးကဏ္ဍ ပြိုလဲ လု မတတ်ဖြစ်သွားပြီး နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးနဲ့ဘဏ်လုပ်ငန်းတွေမှာ ကျွမ်းကျင်ဝန်ထမ်းအင်အား လျော့နည်းပြီး စီးပွားရေး ထိခိုက်ကျဆင်းခဲ့ရတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အမေရိကန်နဲ့ အနောက် အုပ်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်း NLD အစိုးရ လက်ထက် အမေရိကန်မှာအပ်နှံထားတဲ့ ပြည်သူ့ ဘဏ္ဍာ ဒေါ်လာ(၁)ဘီလျံကို ဂျိုးဘိုင်ဒင်အစိုးရက တားဆီးခဲ့တယ်။ ကိုဗစ်ကူးစက်ကပ်ရောဂါ အရေးပေါ် တုံ့ပြန်ရေး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ NLD အစိုးရချေးယူငွေ ဒေါ်လာ(၃၅၆ ဒသမ ၅) သန်းဟာ မြန်မာနိုင်ငံ ဗဟိုဘဏ်ငွေစာရင်းအတွင်း ရောက်ရှိမလာမီ အမေရိကန်အစိုးရက ကြားဖြတ် ထိန်းသိမ်းခြင်းခံရတယ်။
ကိုဗစ်ကာကွယ်ဆေးကို တရုတ်-အိန္ဒိယ-ရုရှား မိတ်ဆွေများထံမှ ချစ်ကြည်ရေးလက်ဆောင် အဖြစ်လည်းကောင်း တချို့ကို ကာလပေါက်ဈေးနဲ့ ဝယ်ယူခဲ့ရတယ်။ ဒါပေမဲ့ ချေးငွေ လက်ထဲရောက်မ လာတဲ့တိုင် IMF ကြွေးမြီကိုပြန်လည်ပေးဆပ်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက တာဝန်ယူလိုက်ကြောင်း Reuters (3 February 2021) ကဖော်ပြတယ်။
အဲဒီအချိန်မှာပဲ မိုခါမုန်တိုင်းက ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းဝင်ရောက်ပြီး အမေရိကန် ဒေါ်လာ (၂ ဒသမ ၃)ဘီလျံ (GDP ရဲ့ ၃ဒသမ ၄) ရာခိုင်နှုန်းတန် အခြေခံအဆောက်အအုံတွေကို ဖျက်ဆီး လိုက်တယ်။ (၂၀၂၄) ခုနှစ် တောင်တရုတ်ပင်လယ် ယာဂီမုန်တိုင်း လေပွေလှိုင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းပြီး နိုင်ငံတစ်ဝန်း (၁၉၂)မြို့နယ်မှာ လူဦးရေ (၂ ဒသမ ၄)သန်းကိုထိခိုက်စေခဲ့တယ်။ (၂၀၂၅) ခုနှစ် မြေငလျင်ကြီးကြောင့် လူပေါင်း(၃၀ဝဝ) ကျော် သေဆုံးပြီး ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်အဆောက်အအုံတွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတားတွေ ပျက်စီးခဲ့ရ တယ်။ အဲဒါတွေဟာ ဘယ်သူဘယ်ဝါအပေါ် အပြစ်တင်နိုင်ခြင်းမရှိတဲ့ သဘာဝဘေးဒဏ်တွေဖြစ်တယ်။ (၂၀၂၃) ခုနှစ် (Operation ၁၀၂၇)မှာ ရှမ်း မြောက်နဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ဌာနချုပ်၊ တပ်ရင်းနဲ့ မြို့ရွာတွေ တိုက်ခိုက်သိမ်းယူခံရပြီး နယ်စပ် ကုန်သွယ်ရေး နဲ့ကုန်စည်စီးဆင်းမှုစီးပွားရေးကွင်းဆက်ပြတ်တောက်ခြင်း စတဲ့ လူ့ပယောဂဘေးသင့် ခြင်းတွေလည်း ဖြစ်ပေါ်ခဲ့တယ်။
(၂၀၂၀)ပြည့်နှစ်နောက်ပိုင်း မြန်မာအစိုးရရဲ့ ပြည်ပချေးယူငွေဟာ ယခင်ထက် (၈၄)ရာခိုင်နှုန်း ကျော်အထိ သိသိသာသာလျော့ကျသွားကြောင်း၊ ဒါပေမဲ့ အများပြည်သူအတွက် ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီတွေတင်သွင်းဖို့ နိုင်ငံခြားငွေ မဖြစ်မနေလိုအပ်နေတယ်။ ပြည်ပကြွေးမြီလက်ကျန် (Debt Stock) ဒေါ်လာ (၁၁) ဘီလျံနီးပါးနဲ့ နှစ်စဉ်ပြန်ဆပ် ရမယ့် အရင်း+အတိုး (Debt Service)တို့ မတူညီခြင်း၊ လက်ရှိအစိုးရအနေနဲ့ နေ့စဉ် အတိုးရော အရင်း ပါပြန်လည်ဖဲ့ဆပ်နေရကြောင်း ကမ္ဘာ့ဘဏ်က အရေး တကြီး ထောက်ပြနေခြင်းဖြစ်တယ်။ အကျပ်အတည်း ဟာ ပုံမှန်စီးပွားရေးအခြေအနေမှာတော့ ဝင်ငွေနဲ့ ထွက်ငွေမျှတနိုင်ပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေ အနေမှာ အခြားကုန်သွယ်မှုလမ်းကြောင်းတွေကျ ဆင်းနေပြီး နိုင်ငံတကာချေးငွေအသစ် လုံးဝနီးပါးမရ တော့တဲ့အတွက် အဆိုပါအကြွေးဟောင်းဆပ်ရမှု ဖိ အားဟာ နိုင်ငံတော်ဘဏ္ဍာရေးအပေါ် ပိုမိုကြီးမား လေးလံစေကြောင်း သတိပေးလိုရင်းဖြစ်တယ်။
လက်ရှိ ကြွေးမြီပေးဆပ်နေရတဲ့ဖြစ်စဉ်ဟာ မြန်မာကျပ်ငွေတန်ဖိုးကို ဆက်တိုက်ကျဆင်းစေတဲ့ (ငွေ ကြေးတန်ဖိုးလျှော့ချပစ်တဲ့) အဓိကဖိအားတစ်ခုဖြစ်နေပါတယ်။ ပြည်ပကြွေးမြီကို မြန်မာကျပ်ငွေနဲ့ ပေးဆပ်လို့မရပါဘူး။ ဒေါ်လာ သို့မဟုတ် တရုတ်ယွမ်ငွေနဲ့ပဲ ဆပ်ရပါတယ်။ ပို့ကုန်နည်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမရှိခြင်းကြောင့် နိုင်ငံတွင်းမှာ ဒေါ်လာရရှိမှု နည်းပါးနေတယ်။ အစိုးရအနေနဲ့ နေ့စဉ် ကြွေး မြီဆပ်ဖို့အတွက် ဈေးကွက်ထဲကနေ ဒေါ်လာကို မဖြစ်မနေ လိုက်လံဝယ်ယူစုဆောင်းနေတဲ့အတွက် ဒေါ် လာဝယ်လိုအား အမြဲမြင့်တက်နေဖွယ်ရှိတယ်။ ဈေးကွက်သဘောတရားအရ ဒေါ်လာဝယ်လိုအား အရမ်း များပြီး ကျပ်ငွေရောင်းလိုအားများလာတဲ့အတွက် ကျပ်ငွေတန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်ရင် တောက် လျှောက် ကျဆင်းသွားရပါတယ်။
နိုင်ငံတော်ဗဟိုဘဏ်မှာရှိတဲ့ အရန်ဒေါ်လာငွေတွေကို ကြွေးမြီဆပ်ဖို့ဖယ်ထုတ်လိုက်ရတဲ့အတွက် ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေတန်ဖိုးကိုထိန်းကျောင်းဖို့ ဈေးကွက်ထဲ ဒေါ်လာထုတ်ရောင်းပေးနိုင်တဲ့ အင် အားလျော့နည်းသွားရတယ်။ ကြွေးမြီဆပ်ဖို့ ဒေါ်လာလိုအပ်ချက်ကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းသွားတဲ့ အခါ ပြည်ပကနေတင်သွင်းရတဲ့ စက်သုံးဆီ၊ ဆေးဝါးနဲ့စားသုံးဆီကုန်ကျစရိတ်တွေ မြင့်တက်ကုန်ပါ တယ်။ ဒါကြောင့် ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုဖြစ်ပြီး လက်ရှိကျပ်ငွေရဲ့ဝယ်ယူနိုင်စွမ်းပါ တဖြည်း ဖြည်း ကျဆင်းလာရခြင်းဖြစ်တယ်။
ဦးမင်းအောင်လှိုင်အစိုးရက စီးပွားရေးပြန်လည် ဦးမော့လာစေဖို့ စိုက်ပျိုးမွေးမြူရေးနဲ့စားသောက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အားပေးရေး၊ သွင်း ကုန်အစားထိုး ပြည်တွင်းထုတ်လုပ်မှုနဲ့ ပို့ကုန်တိုးမြှင့်ရေး၊ နိုင်ငံခြားငွေဝင်ထွက်ကို ထိန်းချုပ်ရေး၊ ပြည်ပ ရောက်မြန်မာအလုပ်သမားတွေရဲ့ငွေလွှဲပို့မှုကို တရားဝင်ဘဏ်လမ်းကြောင်းသို့ ဆွဲဆောင်ရေးနဲ့ နိုင်ငံခြား ချေးငွေများ ရယူရေးတို့ကိုဆောင်ရွက်နေတယ်။
ဒါပေမဲ့ ကမ္ဘာ့ဘဏ်ရဲ့ (၂၀၂၆) ဇွန်လ အစီရင်ခံစာအရ (၂၀၂၅-၂၆) ဘဏ္ဍာနှစ် မြန်မာ့စီးပွားရေး ဟာ (၂)ရာခိုင်နှုန်းကျုံ့ခဲ့ပြီး (၂၀၂၆-၂၇)မှာ (၂) ရာ ခိုင်နှုန်းသာတိုးတက်မယ်လို့ ခန့်မှန်းထားတယ်။ လက် နက်ကိုင်အကြမ်းဖက်ပဋိပက္ခ၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ ကုန်သွယ်ရေးအခက်အခဲ၊ ငွေကြေး ဖောင်းပွမှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုနည်းပါး ခြင်းတို့က အဓိကအတားအဆီးတွေ ဖြစ်နေပါ တယ်။
အစိုးရရဲ့စီမံချက်တွေဟာ ရည်မှန်းချက်အဆင့်မှ လက်တွေ့ထုတ်လုပ်မှု၊ အလုပ်အကိုင်နဲ့ ပို့ကုန် ဝင်ငွေ တိုးတက်မှုအဖြစ် မပြောင်းလဲနိုင်သေးသရွေ့ စီးပွား ရေးအခက်အခဲပြေလည်ဖို့ အာမခံလို့မရပါ။ အောင်မြင်မှုကို တည်ငြိမ်မှု၊ စီးပွားရေးလုပ်ငန်းတွေ လွတ် လပ်စွာလည်ပတ်နိုင်တဲ့ပတ်ဝန်းကျင်နဲ့ ဖန်တီး ပေးနိုင်ရေးဖြစ်တယ်။
တော်လှန်ရေးထောက်ခံ ပြည်ပြေးမီဒီယာနဲ့ အကောင့်တွေသုံးသပ်ချက်မှာ အဲဒါတွေမပါပါ။ စာနယ်ဇင်းနဲ့မီဒီယာလောကမှာ အချက်အလက်အမှန် (True Facts) ကိုအသုံးပြုထားပေမယ့် အများ ပြည်သူ အဓိပ္ပာယ်ကောက်လွဲမှားစေဖို့ ဒါမှမဟုတ် မူလရည်ရွယ်ချက်လမ်းကြောင်းလွဲသွားစေဖို့ တမင် ရည်ရွယ်ဝါဒဖြန့်ရေးသားခြင်းကို Misleading Framing through Selective Facts လို့ခေါ်ဆိုကြတယ်။ တကယ်လို့လှည့်ဖြားဖို့တမင်ရည်ရွယ်ရင် Disinformation လို့သတ်မှတ်နိုင်ပြီး ဟုတ်မဟုတ် ကာယကံ ရှင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။