Xinhua Myanmar

၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီး‌အစည်းအဝေးသို့ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ် ၂,၀၀၀ ကျော် တက်ရောက်

၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီး‌အစည်းအဝေး ကျင်းပရာနေရာကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ၏ စီးပွားရေးအစုအဖွဲ့ ၂၁ ခုနှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန် စသည့် ဒေသတွင်းပြင်ပ စီးပွားရေးအစုအဖွဲ့ ၁၃ ခုတို့မှ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ် ကိုယ်စားလှယ် ၂,၀၀၀ ကျော်သည် နိုဝင်ဘာ ၁၇ ရက်တွင် ဆန်းကျန့်မြို့သို့ စုဝေးရောက်ရှိကာ ၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီး‌အစည်းအဝေး (APEC CEO Summit 2026) သို့ တက်ရောက်ခဲ့ကြကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကို အတူတကွ တိုင်ပင်ဆွေးနွေးကြပြီး အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံကို အတူတကွ ရေးဆွဲခဲ့ကြသည်။

APEC ခေါင်းဆောင်များ အစည်းအဝေး ရက်သတ္တပတ်၏ အရေးကြီးအစိတ်အပိုင်းအနေဖြင့် ၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီး‌အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ဆန်းကျန့်မြို့ ချန်ဟိုင် နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပမည်ဖြစ်သည်။ ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်မှာ “ဘုံသာယာဝပြောရေးနှင့် ဘုံအနာဂတ်ကို အတူတကွ ဖော်ဆောင်ကြပါစို့” ဖြစ်သည်။

တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ ၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီး‌အစည်းအဝေး ဥက္ကဋ္ဌ ရန့်ဟုန်ပင်းက ထိုနေ့တွင် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဘက်အသီးသီးအနေဖြင့် အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် အတွေးအမြင်များ ပေါ်ထွက်လာစေကာ ကျယ်ပြန့်သော သဘောတူညီမှုများ စုစည်းရန်၊ ဆက်သွယ်ဆွေးနွေးမှုများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေကာ အားကောင်းသော စုပေါင်းအင်အားကို စုစည်းနိုင်ရန် မျှော်လင့်ကြောင်း၊ အာရှ-ပစိဖိတ် စီးပွားရေးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွင် ထင်ရှားသော တရုတ်အမှတ်အသားများ ထပ်မံ ကျန်ရစ်စေပြီး အာရှ-ပစိဖိတ် အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှင့် စည်ပင်ဝပြောမှုကို အတူတကွ တွန်းအားပေးရန်အတွက် ပံ့ပိုးမှုအသစ် ပိုမိုကြီးမားစွာ ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်ကြသော တရုတ်နှင့် နိုင်ငံခြား ဧည့်သည်တော်များသည် “အာရှ-ပစိဖိတ် စီးပွားရေး မျှော်မှန်းချက်သစ်နှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းအသစ်” ခေါင်းစဉ်ဖြင့် စီးပွားရေးကဏ္ဍ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး “အပြန်အလှန် ချိတ်ဆက် ဆက်သွယ်မှု၏ ကြီးကျယ်ခမ်းနားသော လမ်းပြမြေပုံကို အတူတကွ ရေးဆွဲခြင်း”၊ “တံခါးဖွင့်လှစ်မှုရှိပြီး အားလုံးအတွက် အကျိုးပြုသော ဉာဏ်ရည်တု ဆန်းသစ်တီထွင်မှု ဂေဟစနစ်ကို အတူတကွ တည်ဆောက်ခြင်း”၊ “အာရှ-ပစိဖိတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စံပြပုံစံသစ်တစ်ခု ဖော်ဆောင်ခြင်း”၊ “အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေး ခရီးစဉ်သစ်ကို အတူတကွ စတင်ခြင်း”၊ “အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းအသစ်ကို စူးစမ်းရှာဖွေခြင်း”၊ “ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသကြီးနှင့် အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ”၊ “ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် အစိမ်းရောင် အသွင်ကူးပြောင်းမှု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည့် အသွင်ကူးပြောင်းမှုကို တွန်းအားပေးခြင်း” စသည့် အကြောင်းအရာ ၇ ခုကို အဓိကထား၍ သီးသန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ဉာဏ်ပညာ စုစည်းရန်၊ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်နှင့် ဘုံအကျိုးစီးပွား ရှာဖွေရန် လက်တွဲဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီး‌အစည်းအဝေး ကျင်းပရာနေရာသို့ တက်ရောက်သူ ဧည့်သည်တော်များ ဝင်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

...............................

(Chinese Version)

聚焦APEC|2000余位政商界代表参加2026年APEC工商领导人峰会

新华社深圳11月17日电(记者潘洁、孙飞)17日,来自亚太经合组织(APEC)21个经济体和英国、法国、德国、瑞士等13个域外经济体的2000余位政商界代表齐聚深圳,参加2026年APEC工商领导人峰会,共谋区域合作大计,共绘亚太发展蓝图。  

作为APEC领导人会议周的重要组成部分,2026年APEC工商领导人峰会17日至18日在深圳前海国际会议中心举行。此次峰会主题为“共促繁荣,共赢未来”。  

中国贸促会会长、2026年APEC工商领导人峰会主席任鸿斌当日在致欢迎辞时说,希望各方在对话研讨中激发思想、凝聚广泛共识,在沟通交流中达成合作、汇集强大合力,在亚太经贸合作进程中再次留下浓墨重彩的中国印记,为共建亚太共同体、共促全球增长繁荣作出新的更大贡献。  

与会中外嘉宾聚焦“亚太经济新图景与合作新机遇”开展工商对话,围绕“共绘互联互通宏伟蓝图”“共建开放普惠的人工智能创新生态”“打造亚太可持续发展新范式”“共启亚太自贸区建设新征程”“探索亚太数字经济合作新路径”“粤港澳大湾区与亚太发展机遇”“推动数字化绿色化协同转型”等7个议题开展专题研讨,携手集众智、促合作、求共赢。(完)

图说1:这是11月17日拍摄的2026年APEC工商领导人峰会现场。新华社记者 邓华 摄

图说2:11月17日,与会嘉宾走入2026年APEC工商领导人峰会会场。新华社记者 张笑宇 摄

မူရင်းသတင်း — Xinhua Myanmar