
နယူးယောက်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
Bank of America ၊ JPMorgan Chase နှင့် U.S. Bank အပါအဝင် အဓိက ဘဏ္ဍာရေးအဖွဲ့အစည်းကြီးများမှ သုံးစွဲသူများသည် နိုဝင်ဘာ ၁၆ ရက်တွင် အွန်လိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုရာ၌ အခက်အခဲများ ကြုံတွေ့နေသည်ဟု သတင်းပို့ခဲ့ကြကြောင်း Downdetector.com ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
Chase ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြောင့် ငွေပေးငွေယူ ဆောင်ရွက်မှုအချို့ ပုံမှန်ထက် အချိန်ပိုကြာမြင့်နေသော်လည်း သုံးစွဲသူများအနေဖြင့် ၎င်းတို့ရဲ့ အကောင့်တွေနဲ့ ငွေကြေးတွေကို ဆက်လက်အသုံးပြုနိုင်ဆဲ ဖြစ်ပါတယ်" ဟု နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ "ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ဆိုသည်။
အဆိုပါ ပြဿနာမှာ ဆိုက်ဘာတိုက်ခိုက်မှု သို့မဟုတ် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တစ်ခုကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် တစ်ခုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
တစ်ချိန်တည်းမှာပင် Truist နှင့် Wells Fargo ဘဏ်များတွင်လည်း သုံးစွဲသူများက ၎င်းတို့၏ အကောင့်များကို ဝင်ရောက်အသုံးပြုရန် ခက်ခဲနေကြောင်း တိုင်ကြားမှုများ မြင့်တက်လာခဲ့သည်။ ဝန်ဆောင်မှု ပြတ်တောက်မှုများကို စောင့်ကြည့်ဖော်ပြသည့် ဝက်ဘ်ဆိုက်၏ အဆိုအရ သုံးစွဲသူများသည် ဒစ်ဂျစ်တယ် ငွေပေးချေမှု အက်ပ်တစ်ခုဖြစ်သည့် Zelle ကို အသုံးပြုရာတွင်လည်း ပြဿနာများ ကြုံတွေ့နေရကြောင်း သတင်းပို့ခဲ့ကြသည်။
နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် သုံးစွဲသူများက အွန်လိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုဆိုင်ရာ ပြဿနာများကို စတင်အကြောင်းကြားလာခဲ့ပြီး နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းရောက်ချိန်တွင် အဆိုပါ တိုင်ကြားမှုအရေအတွက်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၂ နာရီအထိ အချက်အလက်များအရ Downdetector ဝက်ဘ်ဆိုက်တွင် Chase ဘဏ်နှင့် ပတ်သက်သည့် ပြဿနာတိုင်ကြားချက်ပေါင်း ၄,၈၀၀ နီးပါး လက်ခံရရှိထားသည်။
ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူများ၊ ကုမ္ပဏီများနှင့် အစိုးရလုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ဖြစ်စေခဲ့သည့် Outlook နှင့် Teams ဝန်ဆောင်မှုများ ကမ္ဘာလုံးဆိုင်ရာ ပြတ်တောက်မှု ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၄ ရက်တွင် Microsoft က ဝန်ဆောင်မှုများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးခဲ့သည်။ ထို့နောက် ယခု ဝန်ဆောင်မှု ပြတ်တောက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြောင့် ဝန်ဆောင်မှုများ ရပ်တန့်သွားခြင်းဖြစ်ကြောင်း Microsoft က ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………….
(English version)
Service outages reported at major U.S. banks
NEW YORK, Nov. 16 (Xinhua) -- Customers at major financial institutions including Bank of America, JPMorgan Chase and U.S. Bank reported problems accessing online banking services on Monday, according to Downdetector.com.
"Due to a technical issue, some transactions are taking longer than usual to complete but customers still have access to their accounts and funds," a Chase spokesperson said in a statement Monday. "We are working to resolve this as quickly as possible."
The issue was caused by a technical bug, not a cyber issue, the spokesperson said.
In the meantime, customer complaints about difficulty accessing their accounts increased at Truist and Wells Fargo. Customers also reported problems with the digital payment app Zelle, according to the outage tracker.
Customers started reporting online banking service problems on Monday morning. By Monday afternoon, reports had surged. As of 2 p.m. Eastern Time, Downdetector had received nearly 4,800 reports of problems with Chase.
The outages came after Microsoft restored services on Saturday following a global outage affecting its Outlook and Teams services, which disrupted users, companies and government operations worldwide.
Microsoft said a technical issue caused the outage. ■
Photo caption: People walk past a branch of JPMorgan Chase Bank in New York, the United States, on May 1, 2023. (Photo by Michael Nagle/Xinhua)