Xinhua Myanmar

APEC ဆန်းကျန့် အစည်းအဝေးက အာရှ-ပစိဖိတ်ဒေသအတွက် အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးမည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ရှန်းမိဟူလမ်းမ၌ APEC အစည်းအဝေး အထိမ်းအမှတ် နောက်ခံအပြင်အဆင်တစ်ခုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

စီးပွားရေးဆိုင်ရာ မရေရာမှုများ မြင့်တက်လာပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ခေါင်းထောင်လာစဉ် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် အလှည့်အပြောင်းကာလတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။ မကြာမီကျင်းပမည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသည် ဒေသတွင်း၌ တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် အထူးလိုအပ်နေသော သေချာရေရာမှုနှင့် အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးရန် အချိန်ကိုက် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးလျက်ရှိသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အဆိုပါအစည်းအဝေးတွင် အာရှ-ပစိဖိတ် အသိုက်အဝန်း၏ အဓိကမဏ္ဍိုင်များ ချမှတ်ရန်၊ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ဖော်ဆောင်ရေးအတွက် မတူညီသည့် လမ်းကြောင်းများကို ပေါင်းစပ်ညှိနှိုင်းရန်၊ ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အစီအမံသစ်များ ချမှတ်ရန်၊ ဒေသတွင်း ဘုံသာယာဝပြောရေးအတွက် ဒစ်ဂျစ်တယ်၊ စမတ်နည်းပညာနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှု မြှင့်တင်ဖော်ဆောင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေး နှေးကွေးတုံ့ဆိုင်းနေသည့် အခြေအနေအောက်တွင် လွတ်လပ်သော ကုန်သွယ်မှုကို ထောက်ခံအားပေးမည်၊ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမိုနက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် "အဆက်အသွယ်ဖြတ်တောက်ခြင်း" တို့ကို ဆန့်ကျင်မည်၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်မည်ဟူသော ပြတ်သားသည့် သတင်းစကားပါးရန် ဆန်းကျန့်အစည်းအဝေးထက် ပိုမိုသင့်လျော်သည့် အခမ်းအနား ရှိနိုင်မည်မဟုတ်ပေ။

APEC အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များအကြား အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုများက အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ပေးပြီး ဘုံသဘောတူညီမှုများ စုစည်းနိုင်ရန်လည်း အထောက်အကူပြုလိမ့်မည်ဟု မျှော်မှန်းထားရာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်လည်းဖြစ်သည်။

၂၀၂၆ ခုနှစ် APEC "တရုတ်နှစ်" အတွင်း တရုတ်နိုင်ငံရှိ မြို့ကြီးများ၌ အစည်းအဝေးနှင့် လှုပ်ရှားမှုပေါင်း ၃၀၀ ကျော်ကို စီစဉ်ကျင်းပနိုင်ခဲ့ပြီး ယင်းက ဆန်းကျန့်အစည်းအဝေးကာလအတွင်း အကျိုးရလဒ်များစွာ ဖြစ်ထွန်းစေရန် ခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်ပေးခဲ့သည်။

အဆိုပါအစည်းအဝေး၌ APEC ခေါင်းဆောင်များ၏ ကြေညာချက်ကို အတည်ပြုထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ရပြီး ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာ စသည့် အဓိကကဏ္ဍများတွင် လက်တွေ့အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။

ဒေသတွင်းမှသာမက ပြင်ပနိုင်ငံများမှ စီးပွားရေးခေါင်းဆောင်များသည်လည်း APEC စီအီးအို ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဆန်းကျန့်မြို့၌ စုဝေးရောက်ရှိလာကြမည်ဖြစ်ပြီး ယင်းအစည်းအဝေး၌ AI နည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကဆွေးနွေးကြမည်ဖြစ်ကာ အာရှ-ပစိဖိတ် စီးပွားရေးအတွက် တိုးတက်မှုမောင်းနှင်အားသစ်များ ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း အာရှ-ပစိဖိတ်ဒေသ၏ သာယာဝပြောမှုသည် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုနှင့် စီးပွားရေးကွင်းဆက် ဖြတ်တောက်မှုတို့အပေါ် အခြေခံခြင်းမရှိဘဲ ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အပြန်အလှန် ဖြည့်စွက်ပံ့ပိုးနိုင်မှုတို့အပေါ်တွင်သာ  အခြေခံတည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းသည် ဒေသတွင်း သိသာထင်ရှားသော စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေး၏ အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ရပ်တည်နိုင်မှုတို့၏ နောက်ကွယ်မှ အခြေခံအကြောင်းတရားပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် အကြံဉာဏ်များနှင့် ဖြေရှင်းနည်းများ မျှဝေပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကဲ့သို့သော တရုတ်နိုင်ငံက အဆိုပြုသည့် နိုင်ငံတကာ ပြည်သူ့အကျိုးပြု အစီအမံများသည် ဒေသတွင်း ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261116/dcb0b5b284a047b596fef856788b8f97/c.html

..................................

(English Version)

Xinhua Commentary: APEC Shenzhen meeting to inject fresh momentum into Asia-Pacific cooperation

SHENZHEN, Nov. 16 (Xinhua) -- Asia-Pacific cooperation now stands at a crossroads amid mounting economic uncertainty and rising protectionism. The upcoming 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting offers a timely opportunity to reaffirm the region's commitment to openness and cooperation, and inject much-needed certainty and fresh momentum into regional and global growth.

The Nov. 18-19 meeting in Shenzhen, south China, is expected to lay the main pillars of an Asia-Pacific community, coordinate different pathways toward the Free Trade Area of the Asia-Pacific, make new arrangements to boost regional connectivity, and advance digital, smart and green transformation for the region to prosper together.

Against the backdrop of a sluggish global economy, there could be no better occasion than the Shenzhen meeting to send a resounding message of championing free trade, deepening regional economic integration, opposing protectionism and "decoupling," and enhancing the resilience of industrial and supply chains.

Interactions among leaders of APEC economies are also expected to help enhance mutual trust and build consensus -- a positive signal for global peace and development.

The 2026 APEC "China Year" has seen more than 300 meetings and activities held across Chinese cities, laying a solid foundation for fruitful outcomes during the Shenzhen meeting.

The meeting is expected to adopt an APEC leaders' declaration, with practical outcomes in key areas such as trade, connectivity, the digital economy and artificial intelligence (AI).

Business leaders from across the region and beyond will also gather in Shenzhen for the APEC CEO Summit, where cooperation in AI, the digital economy and green development will be high on the agenda and is expected to create new drivers of growth for the Asia-Pacific economy.

The prosperity of the Asia-Pacific over the past few decades has been built on open cooperation and industrial complementarity, rather than bloc confrontation and economic fragmentation. This is the underlying logic behind the region's remarkable growth and its role as a major engine of the world economy.

Over the years, China has played a leading role in advancing Asia-Pacific cooperation, offering ideas and solutions to promote common development. Meanwhile, China-proposed international public goods, such as the Belt and Road Initiative, have remarkably boosted economic and trade cooperation in the region.

https://english.news.cn/20261116/dcb0b5b284a047b596fef856788b8f97/c.html

Photo caption: An APEC-themed installation is seen on Xiangmihu road in Shenzhen, south China's Guangdong Province, Nov. 15, 2026. (Xinhua/Deng Hua)

မူရင်းသတင်း — Xinhua Myanmar