Myanmar National Post

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး


ချမ်းအေးသာစံ  ၊  နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းအား ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံ၍ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံတော်က မူဝါဒများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအပေါ် ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်နေမှုများ၊  စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ထွက်နှုန်းများရည်မှန်းချက်ပန်းတိုင်ပြည့်မီရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများတွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post