Xinhua Myanmar

၂၀၂၇ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းက မလေးရှားနိုင်ငံရှိ အိမ်ထောင်စုများ၏ သုံးစွဲမှုအပေါ် ဖိအားဖြစ်စေမည်ဟု BMI ဆို

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့လယ်ရှုခင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်က မြင်တွေ့ရစဥ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)  

၂၀၂၇ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ မလေးရှားနိုင်ငံရှိ အိမ်ထောင်စုများသည် ဈေးနှုန်းမြင့်တက်မှုဆိုင်ရာ ဖိအားများနှင့် ပိုမိုရင်ဆိုင်လာရဖွယ်ရှိကြောင်း၊ ယင်းအခြေအနေက ၎င်းတို့၏ ဝယ်ယူနိုင်စွမ်းအားနှင့် လိုအပ်သလိုသုံးစွဲနိုင်မှု တို့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း BMI နိုင်ငံအလိုက်ဖြစ်နိုင်ခြေ အန္တရာယ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ သုတေသန က နိုဝင်ဘာ ၁၆ ရက် တွင် ပြောကြားခဲ့သည်။

BMI သည် ၎င်း၏ သုတေသနအစီရင်ခံတစ်ခုတွင် မလေးရှားနိုင်ငံအတွက် ၂၀၂၇ ခုနှစ် ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်ကို ယခင်နှစ်က ၁.၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်သည်။ ၎င်းတို့က ဤသို့ ပြင်ဆင်သတ်မှတ်ရခြင်းမှာ စားသုံးသူများ သုံးစွဲရမည့် ပတ်ဝန်းကျင်အခြေအနေမှာ ပိုမိုခက်ခဲလာနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

"ငွေကြေးဖောင်းပွမှုနှုန်းသည် ကပ်ရောဂါမတိုင်မီကာလက အဆင့်များထက် ဆက်လက်မြင့်မားနေသဖြင့် ဈေးနှုန်းကြီးမြင့်မှုများသည် အိမ်ထောင်စုများ၏ ဝယ်ယူနိုင်စွမ်းအားအပေါ် ဆက်လက်ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ဖြစ်ပြီး လိုအပ်သလိုသုံးစွဲနိုင်မှု တိုးတက်လာခြင်းကိုလည်း ကန့်သတ်ထားလိမ့်မည်" ဟု ၎င်းက ဖော်ပြထားသည်။

ထို့ပြင် အိမ်ထောင်စုများ၏ ကြွေးမြီပမာဏ မြင့်မားနေခြင်းနှင့် ကြွေးမြီပြန်ဆပ်စရိတ်များက အဆိုပါဖိအားကို ပိုမိုဆိုးရွားလာစေနိုင်သလို ငွေကြေးမူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့မှုများ ပြုလုပ်နိုင်ခြေမှာလည်း အကန့်အသတ်ရှိနေသည်။ BMI ၏ ခန့်မှန်းချက်အရ မလေးရှား ဗဟိုဘဏ်သည် ၎င်း၏ မူဝါဒအတိုးနှုန်းကို ၂၀၂၇ ခုနှစ် ပထမသုံးလပတ်အထိ ၂.၇၅ ရာခိုင်နှုန်း အတိုင်း ဆက်လက်ထားရှိဖွယ်ရှိသည်။

တစ်ချိန်တည်းမှာပင် စီးပွားရေး အချက်အလက် အညွှန်းကိန်းများက စီးပွားရေး လှုပ်ရှားမှု အခြေအနေမှာ အတက်အကျ ရောထွေးနေသည့် ပုံရိပ်ကို ပြသနေကြောင်း BMI က ဖော်ပြထားသည်။ ပို့ကုန်တိုးတက်မှုနှုန်းသည် ဇွန်လတွင် ယမန်နှစ်အလားတူကာလထက် ၄၅.၅ ရာခိုင်နှုန်း ရှိရာမှ စက်တင်ဘာလတွင် ၅၄.၅ ရာခိုင်နှုန်းအထိ အရှိန်မြင့်တက်လာခဲ့သော်လည်း လက်လီရောင်းချမှု တိုးတက်မှုနှုန်းမှာမူ ဇွန်လတွင် ၄.၂ ရာခိုင်နှုန်း ရှိရာမှ ဩဂုတ်လတွင် ၃.၈ ရာခိုင်နှုန်းသို့ အနည်းငယ် လျော့ကျသွားခဲ့သည်။

ဤအခြေအနေများအပေါ် အခြေခံ၍ BMI က မလေးရှားနိုင်ငံ၏ အမှန်တကယ် ပြည်တွင်းအသားတင်ထုတ်ကုန် တိုးတက်မှုနှုန်းသည် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်တွင် ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ တတိယသုံးလပတ်၌ ၅.၂ ရာခိုင်နှုန်းအထိ အနည်းငယ် လျော့ကျလာမည်ဟု ခန့်မှန်းထားသည်။

ထိုကဲ့သို့သော အဟန့်အတားများ ရှိနေသော်လည်း အိမ်ထောင်စုများ၏ သုံးစွဲမှုမှာ ခိုင်မာစွာ ဆက်လက်တည်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။ အမှန်တကယ် သုံးစွဲမှု တိုးတက်မှုနှုန်းသည် ၂၀၂၆ ခုနှစ်တွင် ၄.၀၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၇ ခုနှစ်တွင် ၄.၀၇ ရာခိုင်နှုန်းသို့ အနည်းငယ်မျှသာ လျော့ကျသွားမည်ဟု ခန့်မှန်းထားသည်။ (Xinhua)

…………………………………………………….

(English version)

Higher inflation to weigh on Malaysian household spending in 2027, says BMI

KUALA LUMPUR, Nov. 17 (Xinhua) -- Malaysian households are expected to face mounting price pressures in 2027 as inflation accelerates, weighing on purchasing power and discretionary spending, BMI Country Risk and Industry Research said on Monday.

The BMI has in a research note raised its 2027 inflation forecast for Malaysia to 2 percent year on year, from 1.8 percent previously, citing a more challenging consumer spending environment.

"With inflation remaining above pre-pandemic levels, elevated prices will continue to weigh on household purchasing power and limit growth in discretionary spending," it said.

The pressure will be compounded by high household debt and debt-servicing costs, while scope for monetary policy relief remains limited. Malaysia's central bank is expected to maintain its policy rate at 2.75 percent until the first quarter of 2027, according to the BMI.

Meanwhile, it noted that high-frequency indicators paint a mixed picture of economic activity. Export growth accelerated from 45.5 percent year on year in June to 54.5 percent in September, while retail sales growth eased from 4.2 percent in June to 3.8 percent in August.

Against this backdrop, the BMI forecasts Malaysia's real gross domestic product growth to moderate to 5.2 percent year on year in the third quarter of 2026, from 6 percent in the second quarter.

Despite these headwinds, household spending is expected to remain resilient, with real spending growth projected to ease only marginally to 4.07 percent year on year in 2027, from 4.08 percent in 2026. ■

Photo caption: A drone photo taken on Oct. 29, 2026 shows a view of downtown Kuala Lumpur, Malaysia. (Xinhua/Chen Zeguo)

မူရင်းသတင်း — Xinhua Myanmar