NP News

မြိတ်ရှိ ငါးဖမ်းလှေအချို့ အရှုံးပေါ်ပြီး လုပ်ငန်းရပ်နားမှုများရှိနေဟုဆို

ပုလဲ (NP News) - နိုဝင်ဘာလ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသရှိ ငါးဖမ်းလှေများ အရှုံးပေါ်နေပြီး အချို့လှေများ လုပ် ငန်းရပ်နားထားရကြောင်း ရေထွက်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်များထံမှသိရသည်။ မြိတ်ဒေသရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများမှ ဖမ်းဆီးရရှိသည့် ငါးများကို အဓိကအားဖြင့် ထိုင်းနိုင်ငံသို့ ကုန်ကြမ်း အဖြစ်တိုက်ရိုက်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
“မြိတ်မှာတော့ ငါးဖမ်းလှေ ကမ်းနီးငါးဖမ်း လှေရှိတယ်။ ကမ်းဝေးငါးဖမ်းလှေရှိတယ်။ အဲဒီလှေ တွေက ငါးတွေ အားလုံးကတော့ ထိုင်းကို ကုန်ကြမ်း အနေနဲ့ပို့နေတာ။ ပြီးတော့ ပုစွန်ကျတော့ တရုတ်ပို့ တာရှိတယ်။ ပုစွန်မွေးတဲ့ကန်တွေကဆီက တရုတ် ပြည်ပို့တာရှိတယ်။ ရန်ကုန်ကတစ်ဆင့်ပေါ့နော် ကွန် တိန်နာနဲ့ပို့တာ တရုတ်ကို။ ပြီးတော့ ဂျပန်ပို့တာ ရှိ တယ်။ ငါးကကျတော့ အဓိကတော့ ထိုင်းကိုပဲ တိုက်ရိုက်ပို့ရတာ” ဟု လုပ်ငန်းရှင်တစ်ဦးက NP News သို့ ‌ပြောသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းပဋိပက္ခ ကြောင့် ဒီဇယ်ဈေးနှုန်းမြင့်တက်လာသည့်အပြင် ထိုင်းဘက်သို့ ရေထွက်ကုန်များ တင်ပို့ရာတွင်လည်း ဈေးနှိမ်ခံရမှုကြောင့် တွက်ချေမကိုက်သဖြင့် ငါးဖမ်း လှေများ အရှုံးပေါ်နေပြီး အချို့လှေများ လုပ်ငန်း ရပ် နားထားရကြောင်းလည်း သိရသည်။
“အခုက အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ် နေတော့ ဒီဇယ်ဈေးက အရမ်းတက်တယ်။ ဒီဇယ်ဈေး အရမ်းတက်တော့ ငါးဖမ်းတာသိပ်မကိုက်ဘူး။ ဒီဇယ် ကုန်ကျတာနဲ့ ရရှိတဲ့ငါးနဲ့ ပြီးတော့ ထိုင်းမှာသွား ရောင်းတော့လည်း ထိုင်းကလည်း ဈေးနှိမ်တာနဲ့ ဈေး မတိုးပေးဘူးပေါ့။ မတိုးပေးတော့ အဲဒီမှာ ငါးဖမ်းလှေ တွေက နည်းနည်းအခက်အခဲဖြစ်နေကြတယ် တချို့ အရှုံးပေါ်နေကြတာပေါ့နော်။ ဝါးလတ်လှေတွေဆို အရှုံးပေါ်နေကြတာ။ အရှုံးပေါ်နေကြတော့ တချို့ရပ် တဲ့လှေလည်း ရပ်နေကြတဲ့ အခြေအနေဖြစ်နေတာ” ဟု ၎င်းကပြောသည်။
အလားတူ ပုစွန်မွေးမြူရေးလုပ်ငန်းများ တွင်လည်း ရေကန်များအတွက် ဒီဇယ်အသုံးပြု၍ မီးစက်များ မောင်းနေရသည့်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ပိုမိုမြင့်လာကြောင်း သိရသည်။ “ပုစွန်ကန်ဆိုလည်း အဲဒီလိုပဲ ဒီဇယ်နဲ့ မီး ပေးရတာ။ ဒီဇယ်ဈေးကြီးတော့ ပုစွန်ကန်တွေလည်း နည်းနည်း အခုအချိန်မှာတော့ မကိုက်ဘူးပေါ့။ အဓိကတော့ ဒီဇယ်ဈေး မြင့်လို့ပေါ့နော်။ အစိုးရမီးမ ရှိဘူးဆိုတော့ ဒီဇယ်နဲ့ မီးစက်တွေ မောင်းနေရတော့ ပုစွန်ကန်သမားတွေလည်းနည်းနည်းအော်နေကြ တယ်။ အဓိကက ဒီဇယ်ဈေးပြဿနာ။ တနင်္သာရီ တိုင်းမှာတော့ ဒီဇယ်ကတော့ ပြတ်လပ်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ သုံးရတာဈေးကြီးတာပေါ့။ ဝယ်ရင်းဈေးကိုကြီးနေတာ” ဟု ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းဝေး ကမ်းနီးတို့တွင် ရေထွက်ကုန်များကို ဖမ်းဆီးကြသည့် အပြင် ငါး/ ပုစွန်နှင့် ဈေးကွက်ရ ပြည်ပပို့ကုန် ရေ ထွက်ပစ္စည်းများကိုလည်း နှစ်စဉ်မွေးမြူထုတ်လုပ် လျက်ရှိရာ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် ငါး မွေးမြူရေးလုပ်ငန်းမှ (၂ ဒသမ ဝ၃၂) သန်း၊ ပုစွန် မွေးမြူရေးလုပ်ငန်းမှ (၄၈ ဒသမ ဝ၀၃) သန်း၊ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှ (၁ ဒသမ ၆၈၉)သန်း၊ ဂျင်းခရုမွေးမြူရေးလုပ်ငန်းမှ (ဝ ဒသမ ၄၂၄) သန်းနှင့် ရေမှော်မွေးမြူရေးလုပ်ငန်းမှ (ဝ ဒသမ ဝ၄၅) သန်းဖြင့် စုစုပေါင်း ကုန်တန်ချိန် (၁၂၂၆၇ ဒသမ ၃၆၈) တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၂ ဒသမ ၁၉၃) သန်း ရရှိခဲ့ကြောင်းသိရသည်။

မူရင်းသတင်း — NP News