
ထိုက်စံ (NP News) - နိုဝင်ဘာ ၁၈
ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် Ovaltine အမှတ်တံဆိပ်ထုတ်ကုန်များ မြန်မာ့ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း DKSH (Myanmar)Limitedမှ ယနေ့(နိုဝင်ဘာ ၁၈ ရက်) ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
DKSH (Myanmar) Limited 2 AB Food & Beverages (Thailand) Ltd. 4 Ovaltine အမှတ်တံဆိပ်ထုတ်ကုန်များအား (၂၀၁၉) ခုနှစ် နိုဝင်ဘာလမှစတင်၍ မြန်မာနိုင်ငံဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူး ရောင်းချခဲ့ရာ ပြီးခဲ့သည့်(ဇူလိုင် ၃၁ရက်)မှ စတင်၍ DKSH (Myanmar) Limited နှင့် AB Food & Beverages (Thailand) Ltd အကြားထားရှိခဲ့သော ဖြန့်ချိရေးသဘောတူစာချုပ်အား ရပ်စဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အောက်တိုဘာလကုန်မှစတင်၍ Ovaltine ထုတ်ကုန်များအား ထိုင်းနိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ရပ်ဆိုင်းခဲ့ပြီးဖြစ်၍ အောက်တိုဘာလ နောက်ပိုင်းတွင် DKSH မှ ဖြန့်ချိထားခြင်းမဟုတ်သော (သို့မဟုတ်) အခြားလမ်းကြောင်းများမှ ဝယ်ယူရရှိသော Ovaltine ထုတ်ကုန်များ သို့မဟုတ် အခြား Distributor (သို့မဟုတ်) Supplier များထံမှ ဝယ်ယူထားသော Ovaltine ထုတ်ကုန်များ ကို DKSH မှ ဖြန့်ဖြူးရောင်းချထားသော ထုတ်ကုန်များအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း၊ ထုတ်ကုန်များ၏ အရည်အသွေး၊ ကုန်ပစ္စည်းအစစ်အမှန်ဖြစ်မှု အပါအဝင် မည်သည့်ကိစ္စအတွက်မဆို DKSH တွင် မည်သည့်တာဝန်မျှရှိမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ကုမ္ပဏီမည်သည့်လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ DKSH ကုမ္ပဏီ၏ အမည်၊ အမှတ်တံဆိပ်၊ လိုဂို (သို့မဟုတ်) အခြားသက်သေခံအမှတ်အသားများ အသုံးပြုရန် ခွင့်ပြုထားခြင်းမရှိသောကြောင့် အောက်တိုဘာလ နောက်ပိုင်း Ovaltine ထုတ်ကုန်များကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချရာတွင် ကုမ္ပဏီက ဖြန့်ချိသည်ဟု ဖော်ပြထားခြင်း (သို့မဟုတ်) အဓိပ္ပာယ် ရစေသည့် ထုပ်ပိုးပစ္စည်းနှင့် အညွှန်းစာများ အသုံးပြုထားခြင်းမပြုရန် အသိပေးထားပြီး ကုမ္ပဏီ၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြု၍ Ovaltine ထုတ်ကုန်များကို ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချကြောင်း သိရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။