ကျုံပျော် နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်း ခန့်အပ်ထားသည့် လိုင်စင်ရတံဆိပ် ခေါင်းရောင်းချသူများအား ပညာပေး ဆွေးနွေးပေးခဲ့သည်။
ဆွေးနွေး
မြို့နယ်အခွန်ဦးစီးဌာနမှူးက မြို့နယ်အတွင်း ခန့်အပ်ထားသည့် လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများအား တံဆိပ်ခေါင်းခွန် အက်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရုံးခွန်နှင့် အခွန်တံဆိပ်ခေါင်းများ ရောင်းချခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်စေရေး၊ ရောင်းချရာတွင် သတ်မှတ်နှုန်းထားအတိုင်း မှန်ကန်စွာရောင်းချရေး၊ စာရင်းဇယားများ စနစ်တကျထားရှိရေးနှင့် သတ်မှတ်စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေးတို့ကို ပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများက သိရှိလိုသည်များနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)