ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Xing Hong Sheng Co.,Ltd. မှ အာမခံအလုပ်သမား၏ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း ရှင်းလင်းပြောကြားပြီး အမြဲတမ်း မသန်စွမ်းမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ငွေကျပ် ၅၀၂၁၅၂၀ ကို အာမခံ အလုပ်သမား ဒေါ်ချိုမာမြင့်ထံ တာဝန်ရှိသူများ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)