နေပြည်တော် နိုဝင်ဘာ ၁၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပုဂ္ဂလိကစိုက်ခင်းအသင်း ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲပိုင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သစ်အခြေခံစက်မှုလုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ တစ်ဝက်တစ်ပျက်သစ်အချောထည်နှင့် သစ်အချောထည်ပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရေး၊ ထုတ်လုပ်ပြီး သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ ယူကလစ်နှင့် မန်ဂျန်ရှားပရိဘောဂများ ပြည်တွင်းသယ်ယူပို့ဆောင်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေရေးနှင့် ပြည်ပတင်ပို့မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ မူဘောင်များနှင့်အညီ ပြည်ပတင်ပို့မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဖြေလျှော့နိုင်ရေးကိစ္စရပ်များ၊ သစ်တောလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်စနစ်နှင့်အညီ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် သစ်တောဥပဒေ (၂၀၁၈) ပြင်ဆင်ရေးဆွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်