Myanmar Transparency News

ဒီမိုကရေစီအစိုးရ နှစ်ဆက်အတွင်း ပြည်ပကြွေးမြီ ဒေါ်လာ လေးဘီလီယံကျော် မြင့်တက်လာကာ ဒေါ်လာ ၁၂ ဘီလီယံကျော်အထိ ရှိလာသော်လည်း လက်ရှိအစိုးရအနေဖြင့် ပြည်ပချေးငွေမရသည့်ကြားမှ နှစ်စဥ်ပြန်ဆပ်ခဲ့ရာ ယခုကာလ ပြည်ပကြွေးမြီ ဒေါ်လာ ၈ ဒသမ ၆၉ ဘီလီယံသာကျန်ရှိတော့ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

သတိုး
၁၈. ၁၁. ၂၀၂၆

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်နှင့် မဲမသမာမှုများကြောင့် ဖြုတ်ချခဲ့ရသည့် NLD အစိုးရဟောင်းကာလ နှစ်ခုအတွင်း နိုင်ငံတော်၏ ပြည်ပကြွေးမြီမှာ ဒေါ်လာ လေးဘီလီယံကျော် မြင့်တက်လာပြီး ၂၀၂၁ ခုနှစ်ကာလ တာဝန်ယူချိန်မှစကာ ပြည်ပကြွေးမြီ ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိနေသည့် အခြေအနေအား နှစ်စဥ်ပြန်ဆပ်ခဲ့ရာ ယခုကာလတွင် ပြည်ပကြွေးမြီမှာ ဒေါ်လာ ၄ ဘီလီယံကျော်လျော့ကျပြီး ဒေါ်လာ ၈ ဒသမ ၆၉ ဘီလီယံကျော်သာ ကျန်ရှိတော့ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့ ပြောကြားလိုက်သည်။

အဆိုပါ ပြောကြားချက်ကို ယနေ့ နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့အခမ်းအနားတွင် ၂၂၂ ရက်ကြာ တာဝန်ယူခဲ့ပြီးဖြစ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းတွင် စတင်တာဝန်ယူစဥ် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာနှစ်က ပြည်ပကြွေးမြီ ဒေါ်လာ ၇၉၁၈ ဒသမ ၄၈၃ ဘီလီယံ၊ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၈၁၁၂ ဒသမ ၇၂၂ ဘီလီယံ၊ ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၇၅၆ ဒသမ ၅၈၃ ဘီလီယံ၊ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၈၈၃၈ ဒသမ ၁၃၇ ဘီလီယံနှင့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၅၃၀ ဒသမ ၂၅၂ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် စတင်တာဝန်ယူစဥ် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်က ပြည်ပကြွေးမြီ ဒေါ်လာ ၉၁၄၈ ဒသမ ၈၂၁ ဘီလီယံ၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀၂၀၀ ဒသမ ၁၇၀ ဘီလီယံ၊ ၂၀၁၈ ခြောက်လတာဘတ်ဂျက်တွင် ပြည်ပကြွေးမြီဒေါ်လာ ၉၇၅၂ ဒသမ ၄၇၄ ဘီလီယံ၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀၀၀၃ ဒသမ ၈၇၂ ဘီလီယံ၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၁၃၅၉ ဒသမ ၉၇၁ ဘီလီယံနှင့် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၂၀၈၃ ဒသမ ၈၀၀ ဘီလီယံရှိခဲ့သဖြင့် ထိုဆယ်နှစ်တာကာလအတွင်း ဒေါ်လာ ၄၁၆၅ ဒသမ ၃၁၇ ဘီလီယံ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့ကာလမှ ယနေ့ကာလအထိ ပြည်ပချေးငွေ၊ ထောက်ပံ့ငွေများ ရယူ၊ ရရှိခြင်း မရှိသည့်ကြားမှ ပြည်ပချေးငွေများကို နှစ်စဥ် ပြန်လည် ဆပ်ပေးခဲ့သဖြင့် ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၁၄၂၉ ဒသမ ၁၄၆ ဘီလီယံသို့ ပြန်လည်လျော့ကျလာသလို ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀၅၉၅ ဒသမ ၆၆၇ ဘီလီယံ၊ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၆၈၆ ဒသမ ၆၄၆ ဘီလီယံ၊ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၉၃၁၉ ဒသမ ၁၆၈ ဘီလီယံ၊ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ဒေါ်လာ ၈၆၉၆ ဒသမ ၄၅၉ ဘီလီယံသို့ လျော့ကျလာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ပြည်ပကြွေးမြီ ဒေါ်လာ ၁၂၀၈၃ ဒသမ ၈၀၀ ဘီလီယံအား နစက အစိုးရစတင်တာဝန်ယူချိန် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်ကာလ ပြန်ဆပ်ငွေ ဒေါ်လာ ၈၆၉၆ ဒသမ ၄၅၉ ဘီလီယံနှင့် ချိန်ဆပါက ဒေါ်လာ ၃၃၈၁ ဒသမ ၃၄၁ ဘီလီယံအထိ ကြွေးမြီ ပြန်လည်ဆပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအစိုးရလက်ထက် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ပြည်ပကြွေးမြီများ ထပ်မံပေးဆပ်မည်ဖြစ်ရာ စုစုပေါင်းပြည်ပကြွေးမြီအား ယခုဘဏ္ဍာနှစ်ကုန်တွင် ဒေါ်လာ ၈၅၆၉ ဒသမ ၀၄၁ ဘီလျံအထိ လျော့ကျလာရန် မျှော်မှန်းထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News