
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြို့ပြလမ်းမများပေါ်တွင် လျင်မြန်စွာ မောင်းနှင်သွားလာနေသော မောင်းသူမဲ့ မီနီဘတ်စ်ကားများ၊ ကောင်းကင်ယံတွင် ပျံဝဲနေသော ပစ္စည်းပို့ဆောင်ရေးဒရုန်းများ၊ မိုးကုပ်စက်ဝိုင်းအောက်မှ ထိုးထွက်နေသော ခေတ်ရှေ့ပြေး မိုးမျှော်တိုက်ကြီးများဖြင့် တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့ရှိ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးဇုန်တစ်ခုဖြစ်သော ချန်ဟိုင်အရပ်သည် တရုတ်နိုင်ငံ၏ အနာဂတ်မြို့ပြပုံရိပ်ကို စည်ကားသက်ဝင်စွာ ပုံဖော်ပေးလျက်ရှိသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ရှီကျင့်ဖိန်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ပထမဆုံး ပြည်တွင်းလှည့်လည်စစ်ဆေးရေးခရီးစဉ်အဖြစ် ဆန်းကျန့်မြို့သို့ သွားရောက်ခဲ့စဉ်က အဆိုပါခရိုင်၏ လွင်တီးခေါင် လတာပြင်များကို အသွင်ပြောင်းလဲနေဆဲ အဆင့်၌သာ ရှိနေသေးသည်။
နောက်ပိုင်းနှစ်များတွင် လူအများက "အထူးဇုန်အတွင်းမှ အထူးဇုန်" ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ယင်းဒေသသည် တရုတ်နိုင်ငံနှင့် ကျယ်ပြန့်သော အာရှ-ပစိဖိတ်ဒေသတို့ကို ချိတ်ဆက်ပေးသည့် ဆန်းသစ်တီထွင်မှု ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပြီး တံငါရွာလေးတစ်ရွာအဖြစ်မှ နိုင်ငံတကာအဆင့်မြင့်နည်းပညာ မြို့တော်ကြီးတစ်ခုအဖြစ် အံ့မခန်း တိုးတက်ပြောင်းလဲလာသော ဆန်းကျန့်မြို့၏ ဖြတ်သန်းမှုခရီးကို ထင်ဟပ်ပြသလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261116/2862b367a841441e850482156c5498fe/c.html




..................................
(English Version)
Riding the wave of innovation: Xi's vision for Asia-Pacific's next chapter
BEIJING, Nov. 16 (Xinhua) -- Self-driving minibuses zooming through city streets, delivery drones buzzing overhead and futuristic skyscrapers dotting the skyline -- Qianhai, a reform and innovation zone in the southern Chinese city of Shenzhen, offers a vivid snapshot of China's urban future.
Back in December 2012, when Xi Jinping visited Shenzhen on his first domestic inspection tour after being elected general secretary of the Communist Party of China Central Committee, the transformation of the district's barren tidal flats was still underway.
In the years that followed, what many called a "special zone within a special zone" has evolved into an innovation hub connecting China with the wider Asia-Pacific, mirroring Shenzhen's own remarkable journey from a small fishing village to a global high-tech metropolis.
https://english.news.cn/20261116/2862b367a841441e850482156c5498fe/c.html
Photo caption 1: An aerial panoramic drone photo taken on July 23, 2024 shows a view of Qianhai in Shenzhen, south China's Guangdong Province. (Photo by Tong Yanlong/Xinhua)
Photo caption 2: Chinese President Xi Jinping visits the Shanghai Foundation Model Innovation Center, a large-model incubator home to over 100 enterprises in Shanghai, east China, April 29, 2025. (Xinhua/Wang Ye)