NP News

ဓာတ်မြေဩဇာ ဝယ်ယူရာတွင် နယ်ဆိုင်များမှ ပုံမှန်ဈေးထက်များနေပါက ချိတ်ဆက်သတင်းပေးနိုင်

စော (NP News) - နိုဝင်ဘာ ၁၈

ယူရီးယားဓာတ်မြေဩဇာများကို ရန်ကုန်အထိုင်လက်ကားဈေးနှုန်းများအဖြစ် သတ်မှတ်ရောင်းချလျက်ရှိပြီး ဝယ်ယူရာတွင် နယ်ဆိုင်များ ပုံမှန်ဈေးထက်များနေပါက ချိတ်ဆက်သတင်းပေးနိုင်ကြောင်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာထားသည်။

ယူးရီးယားဓာတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း(MFSPEA) အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများ အဓိက သုံးစွဲလျက်ရှိသော မြေဩဇာများကို ရန်ုကုန်အထိုင်လက်ကားဈေးနှုန်းအဖြစ် နိုဝင်ဘာ(၁)ရက်မှ (၃၀)ရက်အထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ယူရီးယားမြေဩဇာ(အလုံးကြီး) (၅၀)ကီလိုတစ်အိတ်လျှင် ငွေ (၁၂၄၆၀၀)ကျပ်၊ DI Ammonium Phosphate အခြေခံ(၁၅)ပတ်လည် (၅၀)ကီလိုတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်အထိုင်လက်ကားဈေးနှုန်း (လက်ငင်းစနစ်)အတိုင်း တောင်သူများက စုပေါင်းစနစ်ဖြင့် ရန်ကုန်မြို့၌လည်းကောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ ဒေသဆိုင်ရာအာဏာပိုင်များမှ တစ်ဆင့်ဖြင့်လည်းကောင်း ဈေးသက်သာအောင်တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်ရန် အသင်းသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ဝယ်ယူလိုသော တောင်သူများအတွက် အသင်းအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နယ်ဆိုင်များ ပုံမှန်ဈေးထက်များနေပါကလည်း ချိတ်ဆက်သတင်းပေးနိုင်ကြောင်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News