
ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
လွန်ခဲ့သော ဆယ်စုနှစ်လေးခုကျော်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့သည် တံငါရွာလေးတစ်ရွာမျှသာဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ပြင်ပကမ္ဘာသို့ တံခါးဖွင့်လှစ်ရေးမူဝါဒကို အခိုင်အမာ ကျင့်သုံးခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်းမှ အတတ်ပညာရှင်များ၊ အရင်းအနှီးများနှင့် အတွေးအမြင်သစ်များကို ဆွဲဆောင်နိုင်ခဲ့ကာ ကုန်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်တန်းဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာခဲ့သည်။
ယခုသီတင်းပတ်အတွင်း အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များ ဆန်းကျန့်မြို့၌ စုဝေးရောက်ရှိချိန်တွင် အဆိုပါမြို့ကြီး၏ အံ့မခန်း ပြောင်းလဲတိုးတက်မှုက ကမ္ဘာကြီးနှင့် ချိတ်ဆက်ပေါင်းစည်းခြင်းဖြင့် အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားတစ်ရပ်အဖြစ် မည်သို့ရောက်ရှိလာနိုင်သည်ကို အချိန်ကိုက် မီးမောင်းထိုးပြလျက်ရှိသည်။
မျက်မှောက်ခေတ်တွင် အဆိုပါသတင်းစကားမှာ အထူးအလေးထားဖွယ်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အရှိန်အဟုန် လျော့ကျလာသည်နှင့်အမျှ အချို့သောနိုင်ငံများ၏ အစိုးရများသည် ပြည်တွင်းဦးစားပေး မူဝါဒဘက်သို့ တိမ်းညွှတ်လာကြပြီး ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်ကို အကောက်ခွန်များ တိုးမြှင့်ခြင်းနှင့် ကုန်သွယ်ရေးအတားအဆီးများ ချမှတ်ခြင်းတို့အပေါ် မျှော်လင့်ချက်ထားလာကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261117/c99e8642c0c242ffa0d837e18d828ad3/c.html

..................................
(English Version)
Xinhua Commentary: As barriers rise, the Asia-Pacific must open wider
SHENZHEN, Nov. 17 (Xinhua) -- More than four decades ago, Shenzhen in south China's Guangdong Province was little more than a fishing village. Since then, its commitment to opening up to the world has drawn talent, capital and ideas from across the globe, transforming it into a leading hub for trade and innovation.
This week, as leaders from the Asia-Pacific Economic Cooperation (APEC) economies gather in Shenzhen, the metropolis' breathtaking change offers a timely reminder of how embracing the world can be a powerful engine of growth.
The message carries particular weight today. As the global economy loses growth momentum, some governments are turning inward, pinning hope for development on raising tariffs and erecting trade barriers.
https://english.news.cn/20261117/c99e8642c0c242ffa0d837e18d828ad3/c.html
Photo caption 1: An APEC-themed installation is seen on Xiangmihu road in Shenzhen, south China's Guangdong Province, Nov. 15, 2026. (Xinhua/Jin Liwang)
Photo caption 2: This photo taken on Oct. 30, 2026 shows the photovoltaic panel area of the 1.5-gigawatt Abu Dhabi PV3 Al Ajban solar project in northeastern Abu Dhabi, the United Arab Emirates. (Xinhua/Wen Xinnian)