
"မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အခြေအနေမှာ အဲတော့ အခွန်တွေ တိုးရပြီဆိုရင်တော့ ကျွန်တော်တို့ လစာတို့ စရိတ်တွေလည်း ဟုတ်လား တိုးပေးနိုင်မယ့် အနေအထားတွေ ရှိတယ်ဆိုတာလေးလည်း ကျွန်တော်တို့ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော် အခု တွက်နေပါတယ်။ လစာ တိုးနိုင်ဖို့အတွက်လည်း တွက်နေပါတယ်။ ဒါလည်း ကျွန်တော် ပြောချင်ပါတယ်။ လာမယ့် ဘဏ္ဍာနှစ်ဆိုရင်တော့ လစာ တိုးပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဓိကတော့ တိုင်းပြည် ဝင်ငွေရဖို့ကတော့ ဒါ အဓိကကျပါတယ်။ လက်ရှိ အခြေအနေမှာတော့ ကျွန်တော်တို့အခြေအနေကောင်းပါတယ်။ ဒီထက် ပိုရမယ်ဆိုရင် ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဒီလစာနဲ့ပတ်သက်ပြီးတော့ ပြောချင်ပါတယ်။"
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏
ပြည်ထောင်စုလွှတ်တော်တွင်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်