ဂျန်ဇက် (NP News) - နိုဝင်ဘာလ ၁၈
မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ဆက် ဆံရေးပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဝါရှင်တန်အခြေစိုက် ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့ဖူးတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ နိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်အရ မြန်မာနိုင် ငံဟာ DCI Group ကိုငှားရမ်းခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။
DCI Group ဟာ သာမန် ကြော်ငြာကုမ္ပဏီ တစ်ခုမဟုတ်ဘဲ နိုင်ငံရေးအကြံပေးလုပ်ငန်း၊ အစိုးရ ဆိုင်ရာလော်ဘီလုပ်ငန်း(Lobbying)၊ လူထုသ ဘောထားပုံဖော်ရေး(Public Relations)နဲ့ မီဒီ ယာလှုံ့ဆော်ရေးတွေကိုလုပ်ဆောင်တဲ့ အမေရိကန်နိုင်ငံရေးဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကို စိတ်ဝင်စားဖို့ကောင်းစေတဲ့အချက်ကတော့ အမေရိကန်နိုင်ငံရေးအာဏာအသိုင်းအဝိုင်း၊ စီးပွားရေးအကျိုးစီးပွားအုပ်စုတွေနဲ့ နိုင်ငံတကာနိုင်ငံ ရေးကိစ္စတွေကြားမှာ ဆက်သွယ်ပေးနိုင်တဲ့ အခန်း ကဏ္ဍရှိနေတာပါ။
DCI Group ကို (၁၉၉၆)ခုနှစ်မှာ အ မေရိကန်နိုင်ငံရေးနောက်ခံရှိသူ(၃)ဦးက ပူးတွဲတည် ထောင်ခဲ့ပြီး အဓိကတည်ထောင်သူ Doug Goodyear ဟာ နိုင်ငံရေးမဟာဗျူဟာအတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ ဒါ့ပြင် သူနဲ့ ပူးတွဲတည်ထောင်သူတွေ ကတော့ im Hydelနဲ့ Tom Synhorst တို့ဖြစ်ပါ တယ်။ ကုမ္ပဏီရဲ့ တရားဝင်အချက်အလက်တွေအရ စတင်တည်ထောင်ချိန်မှာ ဝန်ထမ်း(၆)ဦးနဲ့ ဖောက် သည်တစ်ဦးသာရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဝန်ထမ်း (၁၀ဝ)ခန့်အထိတိုးချဲ့နိုင်ခဲ့ပြီး ဝါရှင်တန်ဒီစီနဲ့ ဘရပ် ဆဲလ်တို့မှာ ရုံးခွဲတွေဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါ တယ်။DCI ဟာ တည်ထောင်ပြီးနောက်ပိုင်း နှစ် ပေါင်း(၂၀)အတွင်း အောင်မြင်မှုတွေရှိခဲ့သလို အငြင်း ပွားမှုတွေလည်းရှိခဲ့ဖူးပါတယ်။ DCI Group ဟာ အမေရိကန်နိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ ကွန်ရက်ကို တည်ဆောက်ထားပါတယ်။ ဒါ့ပြင် DCI Group ဟာ ကုမ္ပဏီကြီးတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေးပြီး ExxonMobil လို နိုင်ငံတကာစွမ်း အင်ကုမ္ပဏီကြီးတွေနဲ့ အမေရိကန် စက်မှုလုပ်ငန်းအ ဖွဲ့အစည်းတွေကိုကိုယ်စားပြုပြီး မူဝါဒဆိုင်ရာ လော် ဘီလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့ပြင် လူထုသဘောထားနဲ့ မီဒီယာအမြင် ကိုပုံဖော်တာမျိုးတွေလုပ်ဆောင်ပေးပြီး အငြင်းပွား ဖွယ်ရာမူဝါဒတစ်ခုအပေါ် လူထုထောက်ခံမှုရရှိစေဖို့ သုတေသန၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ မဟာ မိတ်အဖွဲ့တွေတည်ဆောက်မှုနဲ့ မီဒီယာလှုံ့ဆော်မှုတွေ ကိုအသုံးပြုပါတယ်။ ဥပမာအားဖြင့် ကျောက်မီး သွေးလုပ်ငန်းနဲ့ပတ်သက်တဲ့ American Coalition for Clean Coal Electricity အဖွဲ့အတွက် (၂၀၁၂) မှ(၂၀၁၇)အတွင်း ဒေါ်လာ (၈ ဒသမ ၈)သန်းခန့်ရရှိခဲ့ ကြောင်း Climate Investigations Center ရဲ့မှတ် တမ်းမှာဖော်ပြထားပါတယ်။ ဒါကြောင့် DCI Group ရဲ့ အဓိကအောင်မြင်မှုဟာ သာမန်ကြော်ငြာလုပ်ငန်း ထက်ကျော်လွန်ပြီး စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အကျိုးစီးပွားကို နိုင်ငံရေးမူဝါဒနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ အင်အားရှိလာခြင်းဖြစ်ပါတယ်။ DCI Group (Direct Impact Group)ဟာ အမေရိကန်ပြည် ထောင်စုရဲ့ နာမည်ကျော် လော်ဘီနဲ့ အများပြည်သူ ဆိုင်ရာဆက်ဆံရေး(Public Affairs)အေဂျင်စီတစ် ခုဖြစ်ပြီး သူတို့ရဲ့လုပ်ဆောင်ချက်နဲ့ အောင်မြင်မှုတွေ ကိုကြည့်ရင် ပုံမှန်လော်ဘီကုမ္ပဏီတွေထက် မတူညီ တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး နိုင်ငံရေးနဲ့ စီးပွား ရေးအပြောင်းအလဲတွေကိုဖန်တီးနိုင်ခဲ့တာကို တွေ့ရ ပါတယ်။ DCI ရဲ့ အကြီးမားဆုံးအောင်မြင်မှုက တော့ ဝါရှင်တန်ဒီစီကအရာရှိတွေကို တိုက်ရိုက် သွား ရောက်စည်းရုံးတာထက် "ပြည်သူတွေရဲ့အသံ" (Grassroots Campaigns)ကိုအသုံးပြုပြီး အစိုး ရကိုဖိအားပေးတဲ့နည်းလမ်းကို ထိရောက်စွာအသုံးပြု နိုင်ခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာ ပြည်သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့အသင်းအဖွဲ့တွေကိုစည်းရုံးပြီး လွှတ်တော်ကိုယ်စားလှယ်တွေထံ စာရေးစေတာ၊ ဖုန်း ဆက်စေတာတို့နဲ့ မူဝါဒအပြောင်းအလဲတွေကို ဖန် တီးနိုင်ခဲ့ပါတယ်။
သမ္မတဟောင်း ဂျော့ဘုရှ်အစိုးရအဖွဲ့ (Bush Administration)နဲ့ အနီးကပ်ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ပြီး (၂၀ဝဝ)ပြည့်နှစ်များအတွင်း သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်(George W. Bush) အုပ်ချုပ်စဉ်ကာလမှာ DCI ဟာ အလွန်ဩဇာကြီးမား ခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲကမ်ပိန်းတွေနဲ့ ရီပတ်ဘလီကန်ပါတီရဲ့ အရေးပါတဲ့ နိုင်ငံရေးလှုပ်ရှား မှုတွေမှာ နောက်ကွယ်ကနေ ထိရောက်တဲ့မဟာဗျူ ဟာတွေရေးဆွဲပေးပြီး အောင်မြင်အောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဂျော့ချ်ဒဗလျူဘုရှ်အစိုးရရဲ့ သဘာ ဝပတ်ဝန်းကျင်၊ အဖွဲ့အစည်းဆိုင်ရာစည်းမျဉ်းတွေ စတဲ့ မူဝါဒရေးဆွဲမှုတွေမှာ အကျိုးသက်ရောက်မှု အများကြီးရှိခဲ့ပါတယ်။ DCI ဟာ ကမ္ဘာ့အကြီးမားဆုံး ဆီနဲ့ဓာတ်ငွေ့ကုမ္ပဏီတွေ၊ ဆေးဝါးထုတ်လုပ်ရေးလုပ် ငန်းတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေအတွက် လော် ဘီလုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်ပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုမူဝါဒ တွေ၊ စွမ်းအင်ကုမ္ပဏီကြီးတွေအတွက် အစိုးရရဲ့တင်း ကျပ်တဲ့စည်းမျဉ်းတွေကိုလျှော့ချနိုင်ဖို့ သတင်းအချက် အလက်ကမ်ပိန်းတွေနဲ့အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါ တယ်။
ဆီ၊ ဆေးဝါးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေ အပြင် အမေရိကန်အစိုးရရဲ့ အခွန်နဲ့စည်းမျဉ်းတွေတင်းကျပ်မယ့်ဥပဒေမူကြမ်းတွေကိုတားဆီးရာမှာ ဒါမှမဟုတ် မိမိတို့အကျိုးစီးပွားနဲ့ကိုက်ညီအောင် ပြင် ဆင်ရာမှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အင်တာနက်နဲ့လူမှုကွန်ရက်တွေ စတင်ခေတ်စားလာချိန်မှာ လည်း DCI ဟာ ဒီဂျစ်တယ်နည်းလမ်းတွေကိုအသုံး ပြုကာ ပြည်သူ့သဘောထား(Public Opinion) ကိုပြောင်းလဲ့တဲ့ကမ်ပိန်းတွေကို စတင်အသုံးပြုခဲတဲ့ ကုမ္ပဏီတွေထဲမှာပါဝင်ခဲ့ပြီး အွန်လိုင်းကတစ်ဆင့် သတင်းအချက်အလက်တွေဖြန့်ဝေတာ၊ ဝက်ဘ်ဆိုက် တွေဖန်တီးကာ လှုပ်ရှားမှုတွေပြုလုပ်ခြင်းတို့ဖြင့် မိမိ တို့အဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေး နိုင်ခဲ့ပါတယ်။ DCI ရဲ့လုပ်ဆောင်ချက်တချို့ဟာ ဝေ ဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် အမေရိကန် နိုင်ငံရေး နဲ့မူဝါဒရေးဆွဲရေးလောကမှာတော့ ထိရောက်မှုအရှိ ဆုံးနဲ့ ဩဇာအကြီးမားဆုံး လော်ဘီအဖွဲ့အစည်းတွေ ထဲကတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။
DCI Group ဟာ အောင်မြင်မှုတွေရှိခဲ့ သလို အငြင်းပွားမှုတွေလည်းရှိခဲ့ဖူးပြီး ရေနံနဲ့ ရာသီဥ တုပြောင်းလဲမှုဆိုင်ရာတချို့ကိစ္စတွေမှာ အငြင်းပွားခဲ့ ပါတယ်။ DCI Groupဟာ ExxonMobil နဲ့ဆက် နွှယ်တဲ့လုပ်ငန်းတွေ၊ ကျောက်မီးသွေးလုပ်ငန်း အ ကျိုးစီးပွားတွေကိုကိုယ်စားပြုခဲ့ရာ အထူးသဖြင့် ရာ သီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့ ဥပဒေပြုရေးတွေ ကိုဆန့်ကျင်တဲ့ လူထုဆက်သွယ်ရေးလှုပ်ရှားမှုတွေ မှာပါဝင်ခဲ့ကြောင်း ဝေဖန်ခံခဲ့ရပါတယ်။ ဝေဖန်သူတွေ က ကုမ္ပဏီအကျိုးစီးပွားကို လူထုအကျိုးစီးပွားအဖြစ် ပုံဖော်ဖို့ကြိုးစားခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ (၂၀၂၄) ခုနှစ်မှာ Reuters က DCI Group နဲ့ပတ်သက်ပြီး FBI က စုံစမ်းစစ်ဆေးနေကြောင်းရေးသားခဲ့ရာ ExxonMobil ကို ဝေဖန်သူတွေကိုပစ်မှတ်ထားတဲ့ ဟက်ကင်းနဲ့ အချက်အလက်ပေါက်ကြားစေမှုလုပ်ငန်း မှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ DCI Group ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်း ဆိုခဲ့ပါတယ်။ DCI Group ဟာ လက်ရှိအမေရိကန် သမ္မတ ထရမ့်နဲ့ ရင်းနှီးတဲ့ ရော်ဂျာစတုန်းဆိုသူနဲ့လည်း ဆက်နွှယ်မှုအများအပြားရှိနေတဲ့သူဖြစ်ပါတယ်။ ရော် ဂျာစတုန်းဟာ DCI Group ကို တည်ထောင်ခဲ့သူမ ဟုတ်ပေမယ့် DCI Group အတွက် အကြံပေး (Consultant)အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ရော် ဂျာစတုန်းဟာ အမေရိကန်နိုင်ငံရေးမဟာဗျူဟာပညာ ရှင်ဖြစ်သလို ရီပတ်ဘလီကန်ပါတီနဲ့ ဆယ်စုနှစ်များစွာ ဆက်နွှယ်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံရေးလောကမှာ လူသိများသူလို့ဆိုနိုင်ပါတယ်။ ၎င်းဟာ အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ ရစ်ချက်နစ်ဆန် ရော်နယ် ရေဂင်အပြင် လက်ရှိသမ္မတ ထရမ့်တို့ရဲ့ နိုင်ငံရေးအ သိုင်းအဝိုင်းနဲ့ ဆက်နွှယ်ခဲ့သူဖြစ်ပါတယ်။
ရော်ဂျာစတုန်းဟာ လက်ရှိသမ္မတ ထရမ့် ရဲ့ နှစ်ရှည်နိုင်ငံရေးမဟာမိတ်နဲ့ အကြံပေးဟောင်း တစ်ဦးဖြစ်ပြီး ပြင်းထန်တဲ့ နိုင်ငံရေးလှုံ့ဆော်နည်းတွေ ကြောင့် အငြင်းပွားမှုများစွာ ရှိခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ (၂၀၁၉)ခုနှစ်မှာ အမေရိကန်ကွန်ဂရက်ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ဆက်နွှယ်တဲ့အမှုမှာ ပြစ်မှုထင်ရှား ခဲ့ပြီး ထောင်ဒဏ် လ(၄၀)ချမှတ်ခံခဲ့ရကာ (၂၀၂၀) ပြည့်နှစ်မှာတော့ သမ္မတထရမ့်က သူ့ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါတယ်။ DCI Group ဟာ မြန်မာ နိုင်ငံနဲ့ ပထမဆုံးအကြိမ်ဆက်နွှယ်ခဲ့တာ (၂၀၂၅) ခုနှစ်မှမဟုတ်ဘဲ (၂၀ဝ၂)ခုနှစ်ကတည်းက မြန်မာအ စိုးရနဲ့ဆက်နွှယ်ခဲ့ဖူးတယ်လို့သိရပါတယ်။ DCI Group က အမေရိကန်တရားရေးဌာနထံ နိုင်ငံခြား ကိုယ်စားလှယ်မှတ်ပုံတင်ဥပဒေ(FARA)အရ မှတ်ပုံ တင်ခဲ့ပြီး ရော်ဂျာစတုန်းဟာ မြန်မာနိုင်ငံဆိုင်ရာ DCI Group လုပ်ငန်းမှာ Consultant အဖြစ် စတင်တာ ဝန်ယူခဲ့တယ်လို့ DCI ရဲ့ နောက်ဆက်တွဲစာရွက် စာတမ်းမှာဖော်ပြထားပါတယ်။ Roger Stone က မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေ ကြောင်း FARA မှတ်ပုံတင်စာရွက်စာတမ်း တင် သွင်းခဲ့ပါတယ်။ ရော်ဂျာစတုန်းဟာ DCI Group ကတစ်ဆင့် အကြံပေးအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး တစ် လကို ဒေါ်လာ(၅၀ဝဝဝ)ရရှိကြောင်း မှတ်ပုံတင်စာ ရွက်စာတမ်းတွေမှာဖော်ပြထားတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။ ရော်ဂျာစတုန်းဟာ အမေရိကန်သမ္မတထရမ့်နဲ့ နှစ်ရှည်နိုင်ငံရေးဆက်ဆံ ရေးရှိသူဖြစ်တာကြောင့် သူရဲ့ နိုင်ငံရေးကွန်ရက်ဟာ အသုံးဝင်နိုင်တယ်လို့ဆိုနိုင်ပါတယ်။
DCI Group ဟာ အမေရိကန်အစိုးရကို တိုက်ရိုက်အမိန့်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ပေ မယ့် သူတို့လုပ်နိုင်တာက သတင်းအချက်အလက်ပေး တာ၊ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံနိုင်ဖို့ ကြိုးစား တာ၊ မူဝါဒဆိုင်ရာဆွေးနွေးမှုတွေမှာ ဖောက်သည်တွေ ကိုယ်စားအမြင်ကိုတင်ပြတာတို့ဖြစ်ပါတယ်။ DCI Groupဟာ အမေရိကန်နိုင်ငံရေးမှာ ငွေကြေး၊ နိုင်ငံ ရေးကွန်ရက်၊ မီဒီယာနဲ့အာဏာတို့ အပြန်အလှန်ဆက် နွှယ်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး DCI ဟာ စီးပွားရေး အရအောင်မြင်ခဲ့သလို အမေရိကန် နိုင်ငံရေးအသိုင်း အဝိုင်းမှာ ဩဇာရှိလာမှုနဲ့အတူ မြန်မာအစိုးရအတွက် နှစ်ကြိမ်တိုင်တိုင် လော်ဘီလုပ်ပေးခဲ့ရာ လက်ရှိအချိန် မှာလည်း သူတို့ရဲ့ ကြားဝင်ပေးမှုတွေကနေ အမေရိ ကန်နဲ့မြန်မာနိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုတွေပြန် လည်လုပ်ဆောင်လာခဲ့ရာ DCI Group အနေနဲ့ အောင်မြင်မှုတွေ ဘယ်လောက်အထိရယူနိုင်မလဲဆို တာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ဟာ ကမ္ဘာမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတာတွေမှာ ဩဇာအာ ဏာအကြီးမားဆုံးနိုင်ငံဖြစ်ရာ ကမ္ဘာ့နိုင်ငံများက အမေရိကန်အစိုးရနဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ ကြားခံဆက်သွယ်ရေး အုပ်စုတွေအဖွဲ့အစည်းတွေကို ငှားရမ်းလုပ်ကိုင်နေရာ DCI အုပ်စုဟာ ပိုမိုအောင်မြင်လာဖွယ်ရှိနေပါတယ်။